bအတွက် သောက်ဆေး
(၁) မီးကွင်းဂမုန်း လက်တစ်ဆုပ်စာကို ရေစင်အောင်ဆေးပြီး ထမင်းစားဇွန်း(၁)ဇွန်းစာ သတ္တုရည်ညှစ်ယူပါ။
(၂) ကြက်သွန်နီဥ (၁)ဥကို လေးစိပ်ထိုးပြီး ထမင်းစား (၁)ဇွန်းစာ သတ္တုရည်ညှစ်ပါ။
(၃) ထိုမီးကွင်းဂမုန်းနှင့် ကြက်သွန်နီတို့မှ ညှစ်ယူထားသော သတ္တုရည်(၂)ဇွန်းထဲသို့ သကြားလက်ဖက်စားဇွန်း(၁)ဇွန်းစာ ထည့်ပြီး နေ့စဉ် တစ်ကြိမ်သောက်ပေးလိုက်ပါ။
လွယ်လွယ်နှင့် မပျောက်ကင်းနိုင်ပါဟု ထင်နေသော သွေးပါလိပ်ခေါင်း (၇) ရက်မျှဖြင့် လိပ်ခေါင်းပြန်ဝင် သွေးလည်းမကျတော့ပါ၍ လွယ်ကူသော ဆေးနည်းလေးအား လိပ်ခေါင်းကြောင့် အခက်အခဲတွေ့သူများ လိုက်သုံးနိုင်ပါရန် တင်ပြလိုက်ပါသည်။ လိပ်ခေါင်းဝေဒနာရှင်များ လွယ်ကူသော ဤဆေးနည်းလေးဖြင့် ကံစပ်၍ပျောက်ကင်းကြပါစေ…