လုပ်နည်းကလွယ်လွယ်လေးရယ်
ပုဇွန်လေးတွေကို အမွှေးညှပ်ပါ။ အီးထုတ်ပီး ရေစင်အောင်ဆေးပါမယ်။ ခေါင်းမဖြုတ်ဘူးအခွံတွေမခွါဘူးနော်။ ဒီတိုင်းရေစင်အောင်ဆေးပီး
ရေနွေးငွေ့ဖြင့်အချိန် 15min လောက်ပေါင်းပါမယ် ပေါင်းပီးရင် အရောင်လေးကပုံပါအတိုင်း
စားချင်စရာလေးပေါ့နော်။ ညှီနံ့သက်သာချင်ရင် ပေါင်းတဲ့အခါ ဆပါလင် ထည့်ပေါင်းလည်းရတယ်။
အချဉ်ရည် ပါဝင်ပစ္စည်းများ
—————————-
-ကြက်သွန်ဖြူ/ငရုတ်သီးစိမ်းနုတ်နုတ်စင်း
-Master ပဲငံပြာရည်အပျစ်/ဆား/ဟင်းချိုမှုန့်
-သံပုရာသီး ၊ ရေသန့်အနည်းငယ်။
အချဉ်ရည် ပြုလုပ်နည်း
——————–
ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကိုနုတ်နုတ်စင်းပြီး
ပဲငံပြာရည်များများနဲ့ဆား/ဟင်းချိုမှုန့်ထည့်ကာ
နှံ့စပ်သွားအောင်မွှေပေးပါ။ ပဲငံပြာရည်မှာအချို/ငံအရသာရှိပြီးထားမို့ ဆားနဲ့ဟင်းချိုမှုန့်ကိုလျှော့ထည့်ပါ။
ရေသန့်အနည်းငယ်/သံပုရာသီးညှစ်ထည့်ကာ
ခပ်ပျစ်ပျစ်ပဲဖျော်ပါ။ကျဲရင်စားမကောင်းပါ။
သံပုရာသီးကိုချဉ်တယ်ဆိုရုံ အနံ့လောက်ပဲထည့်ပါ။
အရမ်းချဉ်သွားရင်စားမကောင်းပါ။
#Credit