Home COMPUTER HARDWARE BIOS အကြောင်း သိကောင်းစရာ

BIOS အကြောင်း သိကောင်းစရာ

25
BIOS ဆိုတာဘာလဲ

BIOS ဆိုတာ ကွန်ပျူတာများ၊ laptop များအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အခြေခံကျတဲ့ input/ output စနစ်တစ်ခုဖြစ်ပါတယ်။ သူ့ပုံစံဟာ IC အထိုင် ၈ ခုနဲ့ပြုလုပ်ထားပြီး ဘယ်ဘက်ခြမ်းမှာ ၄ ခုနဲ့ ညာဘက်ခြမ်းမှာ ၄ ခုစီရှိပါတယ်။ BIOS IC ရဲ့အတွင်းမှာတော့ laptop computer တစ်ခုအတွက် အခြေခံကျတဲ့ software file တစ်ခုကို ထည့်သွင်းပေးထားပါတယ်။

BIOS ထဲကို ဘယ်လိုဝင်မလဲ

သင်ဟာ Window operation system တစ်ခုကို install လုပ်ချင်ရင် ဒါမှမဟုတ် CD (သို့မဟုန်) USB တို့နဲ့ Boot လုပ်ဖို့အတွက်ဆိုရင် ပထမဆုံးအနေနဲ့ BIOS ထဲမှာ ချိန်ညှိမှုပြုလုပ်ပေးရမှာဖြစ်ပါတယ်။ BIOS ထဲကို ဝင်ဖို့အတွက် keyboard ကိုအသုံးပြုရမယ့်ပုံစံကတော့ laptop computer အမျိုးအစားအလိုက် အနည်းငယ် ကွဲပြားတာကလွဲလို့ အတူတူပဲဖြစ်ပါတယ်။ laptop computer အမျိုးအစားအလိုက် အောက်မှာ ဖော်ပြ ပေးထားပါတယ်-

  • Lenovo = Press the F2 button or Fn + F2 button
  • Toshiba = F2, ESC or F1 key
  • Acer = F1, F2 or CTRL + ALT + ESC keys
  • Dell = F2, Delete, F12, F1, F3 or Fn + F1
  • Compaq = F10 or Delete
  • Asus = F2 key
  • Hp = F10 key

BIOS ထဲကိုဝင်တဲ့ common key တွေကတော့ F1, F2, F10, Delete, Esc key တွေဖြစ်ပြီး တွဲဖက်နှိပ်ပေးရမယ့် key တွေကတော့ Ctrl + Alt + Esc or Ctrl + Alt + Delete key တွေပဲဖြစ်ပါတယ်။ keyboard ပေါ်က key ကို တစ်လုံးတည်းနှိပ်ရမယ် ဒါမှမဟုတ် တွဲဖက်နှိပ်ပေးရမယ်ဆိုတာကတော့ သင့် laptop ရဲ့ ထုတ်လုပ်တဲ့ model ပေါ်မူတည်ပြီး ကွဲပြားသွားမှာဖြစ်ပါတယ်။

Acer BIOS ထဲဝင်ရန်နည်းလမ်း

Acer BIOS ထဲဝင်ဖို့ အများဆုံးအသုံးပြုရတဲ့ key ကတော့ F2 နဲ့ Delete key တွေပဲဖြစ်ပါတယ်။ model အဟောင်းတွေမှာတော့ F1 (သို့မဟုတ်) Ctrl + Alt + Esc key တို့ကို တွဲနှိပ်ပေးရမှာဖြစ်ပါတယ်။ အကယ်၍ သင့် computer ဟာ Acer BIOS ကိုတပ်ဆင်ထားတာဆိုရင် Boot setting ကိုပြောင်းရန် F10 key ကိုနှိပ်ပေးထားရမှာဖြစ်ပြီး အသံတိုလေး ၂ ချက်ကြားရရင်တော့ သင့် setting ကို သိမ်းဆည်း ပေးထား လိုက်ပြီပဲဖြစ်ပါတယ်။

Asus BIOS ထဲဝင်ရန်နည်းလမ်း

Asus BIOS ထဲဝင်ဖို့ နှိပ်ရမယ့် key ကလည်း Acer လိုပဲ အများအားဖြင့် F2 key ပဲဖြစ်ပါတယ်။ သင့် laptop ရဲ့ model ပေါ်မူတည်ပြီး Delete ဒါမှမဟုတ် Insert key ကိုနှိပ်ရမှာဖြစ်ပြီး တခါတရံမှာ F10 key ကိုနှိပ်ရမှာဖြစ်ပါတယ်။

Dell BIOS ထဲဝင်ရန်နည်းလမ်း

Model အသစ် Dell computer တွေမှာတော့ Dell logo လေးကို မြင်တွေ့ရချိန်မှာ F2 key ကို နှိပ်ပေးရမှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ F1, Delete နဲ့ F12 key တွေနှိပ်ရမှာဖြစ်ပြီး တခါတလေ F3 key ကို နှိပ်ရမှာဖြစ်ပါတယ်။ model အဟောင်းတွေမှာတော့ Ctrl + Alt + Enter or Delete or Fn + Esc or Fn + F1 တို့ကို နှိပ်ပေးရမှာဖြစ်ပါတယ်။

Hp BIOS ထဲဝင်ရန်နည်းလမ်း

Hp စက်ရဲ့ setting ထဲဝင်ရမယ့်နည်းလမ်းကတော့ F10 နဲ့ ESC key တို့ပဲဖြစ်ပါတယ်။ အချို့သော Hp စက်တွေမှာတော့ F1, F2, F6 (သို့မဟုတ်) F11 key တွေနှိပ်ရမှာဖြစ်ပါတယ်။ Hp tablet PC တွေမှာတော့ F10 (သို့မဟုတ်) F12 key တွေကို နှိပ်ပြီး ဝင်ရမှာဖြစ်ပါတယ်။

Lenovo BIOS ထဲဝင်ရန်နည်းလမ်း

BIOS ထဲဝင်ဖို့ F1 သို့မဟုတ် F2 key တွေကိုနှိပ်ရမှာဖြစ်ပါတယ်။ အချို့စက်အဟောင်းတွေမှာတော့ Ctrl + Alt + F3 (သို့မဟုတ်) Ctrl + Alt + Enter key (သို့မဟုတ်) Fn + F1 ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။

MSI BIOS ထဲဝင်ရန်နည်းလမ်း

MSI motherboard ကိုအသုံးပြုခဲ့ရင်တော့ BIOS ထဲဝင်ဖို့နည်းလမ်းကတော့ အများအားဖြင့် Delete key ပဲဖြစ်ပါတယ်။ အချို့သော MSI motherboard တွေမှာတော့ F2 key ကိုနှိပ်ရမှာဖြစ်ပါတယ်။

Sony BIOS ထဲဝင်ရန်နည်းလမ်း

Sony VAIO အသုံးပြုသူများအနေနဲ့ BIOS ထဲဝင်ရန် F2 (သို့မဟုတ်) F3 ကိုနှိပ်ရမှာ ဖြစ်ပါတယ်။ ဒါမှမရရင် F1 key ကိုနှိပ်ရမှာဖြစ်ပါတယ်။ သင်ဟာ VAIO မှာ ASSIST key ပါမယ်ဆိုရင် သင့် laptop ဖွင့်ထားချိန်မှာ တွဲနှိပ်ပေးရမှာဖြစ်ပါတယ်။

Toshiba BIOS ထဲဝင်ရန်နည်းလမ်း

F2 key ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။ အချို့မှာတော့ F1 နဲ့ Esc ဖြစ်ပါတယ်။ Toshiba Equium မှာတော့ BIOS ထဲကိုဝင်ဖို့ F12 ကိုနှိပ်ရမှာဖြစ်ပါတယ်။

BIOS system ပျက်စီးသွားခဲ့မယ်ဆိုရင် သင့် laptop ဖွင့်ရင် display မှာပေါ်မှာမဟုတ်သလို ပိတ်ရင်လည်း အပြည့်အဝပိတ်မှာမဟုတ်ပါဘူး။

BIOS IC ကို install ပြုလုပ်မယ်ဆိုရင် IC BIOS ကိုဖတ်ဖို့ ကြားခံတစ်ခုအဖြစ် USB adapter ကဲ့သို့သော အထူးကိရိယာလိုအပ်မှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့်တော့ ကျွမ်းကျင်သူတွေဟာ BIOS IC ကို install လုပ်မယ်ဆိုရင် laptop motherboard ကနေ ဖြုတ်လိုက်ကြပါတယ်။ BIOS IC ဟာ motherboard ထဲမှာ မြုပ်ထားတာဖြစ်ပြီး ဖြုတ်မယ်ဆိုရင် ပထမဆုံးအနေနဲ့ ခဲတို့ထားတာလေးတွေကို ဖြုတ်ရမှာဖြစ်ပါတယ်။ ဒါပြီးရင်တော့ အထူးပြုလုပ်ထားတဲ့ adapter ကို USB ကနေတဆင့် တခြား laptop နဲ့ချိတ်ဆက်ပြီး BIOS system file တွေကို install လုပ်ရမှာဖြစ်ပါတယ်။

IC BIOS ကို install လုပ်မယ့်သူဟာ ကျွမ်းကျင်သူဖြစ်ဖို့လိုပါတယ်။ ဒါမှမဟုတ်ရင်တော့ laptop လုံးဝပျက်စီးသွားသည်အထိ ဖြစ်နိုင်ပါတယ်။ BIOS ရဲ့ပုံစံဟာ ယေဘုယျအားဖြင့် လေးထောင့် သေတ္တာပုံစံလေးဖြစ်ပြီး ညာဘက်မှာ ခြေထောက်ပုံစံ ၄ ခု ဘယ်ဘက်မှာ ခြေထောက်ပုံစံ ၄ ခု ရှိပါတယ်။ အမှတ်တံဆိပ်နဲ့ series ပေါ်မူတည်ပြီး BIOS ပုံစံ တမျိုးနဲ့တမျိုး တူညီမှာမဟုတ်ပါဘူး။ BIOS capacity ကတော့ 512kb, 1Mb, 2Mb, 4Mb, 8Mb, 16Mb စသဖြင့်ရှိပါတယ်။ လက်ရှိ laptop အသစ်တွေမှာတော့ BIOS capacity ဟာ 8Mb ကနေ 16Mb ထိရှိပါတယ်။

BIOS ကို သူ့ရဲ့ setting ထဲကနေသွားပြီး update လုပ်နိုင်ပါတယ်။ BIOS function များတွင် date and time setting ပြုလုပ်ခြင်း၊ boot system setting ပြုလုပ်ခြင်း၊ processor, RAM, hard disk တို့၏ specifications ကိုစစ်ဆေးခြင်းစသဖြင့် ပါဝင်ပါတယ်။

CMOS battery ဟာ BIOS setting ကို မှတ်ထားပေးဖို့ လိုအပ်တာဖြစ်ပါတယ်။ CMOS battery အားကုန်ခြင်းကြောင့် date and time မကြာခဏပြောင်းလဲခြင်းဖြစ်ပါတယ်။