လိမ္မော်သီး
လိမ္မော်သီးတွင် phytosterol ဟုခေါ်သည့် အပင်မှရသည့် အဆီ တစ်မျိုးပါဝင်သည်။ phytosterol ကို အစေ့အဆန်များနှင့် ဟင်းသီး ဟင်းရွက်များမှရရှိနိုင်သည်။ phytosterol များသည် ဆိုးကျိုးပေးမည့် ကိုလက်စထရောများကို အူဆဲလ်များမှ မစုပ်ယူနိုင်စေရန်တားဆီးပေးသည်။
ပဲ
ပဲတွင်ပါဝင်သည့် အမျှင်ဓါတ် တစ်မျိုးသည် အူမကြီးတွင်သာ ချေဖျက်၍ရနိုင်သည်။ အူမကြီးရှိ အကျိုး ပြုဘက်တီးရီးယားများသည် ထို အမျှင်ဓါတ်များကို ချေဖျက်ပြီး ဖက်တီးအက်ဆစ်များထုတ်ပေးရာ ၎င်းဖက်တီးအက်ဆစ်များသည် ဆိုးကျိုးပေးသည့် LDL ကိုလက်စထရောများ မထုတ်လုပ်နိုင်ရန် တားဆီးပေးသည်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူသည် နှလုံးသွေးကြောရောဂါများ ကာကွယ်နိုင်သည့် အာနိသင်ရှိပြီး မှိုပိုးနှင့် ဘက်တီးရီးယားပိုးသေစေနိုင်သည်။ ကြက်သွန်ဖြူသည် အသည်းတွင် ကိုလက်စထရော မထုတ်လုပ်နိုင်ရန် တားဆီးပေးသည်။
ပန်းဂေါ်ဖီ
ပန်းဂေါ်ဖီတွင်လည်း လိမ္မော်သီးကဲ့သို့ phytosterol များ၊ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းများ၊ ဗိုက်တာမင်စီ၊ ဗိုက်တာမင်ကေနှင့် အိုမီဂါ-၃ ဖက်တီးအက်ဆစ်များ ပါဝင်သောကြောင့် ကိုလက်စထရော ကျစေသည့် အပြင် ကိုလက်စထရော စုပ်ယူမှုကိုပါ လျှော့ချပေးသည်။
ပန်းသီး
ပန်းသီးတွင် polyphenol ဒြပ်ပေါင်းများပါဝင်ပြီး ဓါတ်တိုးဆန့်ကျင်အာနိသင်ရှိသောကြောင့် သွေးကြောတွင်းအဆီခဲများ မဖြစ်စေရန် ကာကွယ်ပေးသည်။ ပန်းသီးတွင်ပါဝင်သော အာဟာရများ အပြည့်အ၀ ရရှိလိုလျှင် အခွံမနွှာပါနှင့်။ ပန်းသီးခွံ နှင့် အပြင်ဘက်အသားတွင် polyphenol များ ပိုမိုပါဝင်သည်။