Home HEALTH ဝက်ခြံ၊ ဆားဝက်ခြံ နှင့် ချွေးပေါက်ကျယ်တာတွေအတွက် အစွမ်းထက်တဲ့ ခရမ်းချဉ်သီး နည်းလမ်း

ဝက်ခြံ၊ ဆားဝက်ခြံ နှင့် ချွေးပေါက်ကျယ်တာတွေအတွက် အစွမ်းထက်တဲ့ ခရမ်းချဉ်သီး နည်းလမ်း

2

ခရမ်းချဉ်သီးမှာ မြင့်မားစွာပါဝင်တဲ့ lycopene ဓါတ်ဟာ အရေပြားအတွက် အထူးပင်ကောင်းမွန်မှု ရှိပါတယ်။ ဒါကြောင့် အသားအရေလှချင်ရင် ခရမ်းချဉ်သီး များများစားပါလို့ ပြောကြတာ ဖြစ်ပါတယ်။ ခရမ်းချဉ်သီးဟာ အရေပြား အတွင်းရော အပြင်ကိုပါ ပြုပြင်ပြောင်းလဲပေးနိုင်စွမ်း ရှိပါတယ်။

မျက်နှာမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဝက်ခြံ၊ ဆားဝက်ခြံတွေကို အထူးပျောက်ကင်းစေနိုင်ပြီး ချွေးပေါက်ကျယ်တာတွေကိုလည်း ကျဉ်းစေနိုင်စွမ်း ရှိပါတယ်။ မျက်နှာ အသားအရေကိုလည်း ပိုပြီး ဖြူလာစေပါတယ်။

ခရမ်းချဉ်သီးနဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ ကြည့်ကြရအောင်………..

၁။ မျက်နှာအသားအရေ ကြည်လင်ဖြူဖွေးစေဖို့အတွက်

ခရမ်းချဉ်သီး နှင့် သကြားပထမဦးစွာ သကြားလက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ခွက်တစ်ခုထဲ ထည့်ထားပါ။ ထို့နောက် ခရမ်းချဉ်သီးတစ်လုံးကို နှစ်ခြမ်းခြမ်းပြီး အသုံးပြုမယ့် တစ်ခြမ်းကို သကြားခွက်ထဲ ၂ မိနစ်ခန့် နှစ်ထည့်ထားပါ။

ပြီးသွားလျှင်တော့ မျက်နှာအနှံ့ ပွတ်ပေးပါ။ ဒီလိုလုပ်ပေးခြင်းအားဖြင့် မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး မျက်နှာကို ပိုမိုဖြူဖွေးစေကာ ဆားဝက်ခြံ၊ ဝက်ခြံတွေကို သိသာစွာ ပျောက်ကင်းစေပါတယ်။

၂။ နေလောင်ဒဏ်အတွက် ခရမ်းချဉ်သီးနှင့် ဒိန်ချဉ်

အကြောင်းအမျိုးမျိုးကြောင့် အရေပြားမှာ နေလောင်ရာတွေနဲ့ အသားအရေ ညိုမဲညစ်နေသူများ သုံးသင့်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

ဒိန်ချဉ် ခွက်တစ်ဝက်ခန့်နှင့် ခရမ်းချဉ်သီးတစ်လုံးကို ကြိတ်စက် (သို့) Blender ဖြင့် ခပ်ပျစ်ပျစ်လေးရအောင် ကြိတ်ပေးပါ။

ထို့နောက် နေလောင်မှုတွေဖြစ်နေသော အရေပြားနေရာသို့ သုတ်လိမ်းပေးပြီး အနည်းဆုံး ၁၅ မိနစ်ခန့်ကြာအောင် ထားလိုက်ပါ။

ပြီးသွားလျှင်တော့ ရေအေးလေးဖြင့် ဆေးကြောပေးလိုက်ပါ။ တစ်ပါတ် ၃ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးပါ။

၃။ အဆီပြန်ခြင်းအတွက် ခရမ်းချဉ်သီးနှင့်သခွားသီး

သင်ဟာ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင်တေ့ာ ဒီနည်းလမ်းက လုံးဝ အထောက်အကူပြုမှာပါ။

သခွားသီးနှင့် ခရမ်းချဉ်သီးကို အရည်သီးသန့်ညှစ်ပြီး လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ဆီ ဆတူရောစပ်ပြီး မျက်နှာပေါ်သို့ ညှင်သာစွာ သုတ်လိမ်းပေးပါ။

၁၀ မိနစ်ခန့်ကြာလျှင် ရေအေးဖြင့် ဆေးကြောလိုက်ပါ ။ တစ်ပါတ်လျှင် အနည်းဆုံး ၂ ကြိမ်ခန့် ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် မျက်နှာအဆီပြန်ခြင်းကို သိသိသာသာ လျော့ကျသွားမှာ ဖြစ်ပါတယ်။

၄။ ချွေးပေါက်ကျယ်ခြင်းအတွက် ခရမ်းချဉ်သီးနှင့် သံပုယိုသီး

ချွေးပေါက်ကျယ်တဲ့ ပြဿနာကြောင့် ဖုန်မှုန့်တွေ အရေပြားထဲဝင်ပြီး ဆားဝက်ခြံ နှင့် ဝက်ခြံတွေကို ပိုပြီး ဖြစ်ပွားစေပါတယ်။

ခရမ်းချဉ်သီး နှင့် သံပုယိုသီး နည်းလမ်းကို အသုံးပြုပေးပါ။ ခရမ်းချဉ်သီး နှင့် သံပုယိုသီးကို အရည်ညှစ်ပြီး လက်ဖက်ရည်ဇွန်း ၂ ဇွန်းစီ ရောစပ်လိုက်ပါ။

ထို့နောက် ဂွမ်းဖြင့်တို့ကာ ချွေးပေါက်ကျယ်တဲ့ နေရာတွေကို အဓိကထား လိမ်းပေးပါ။ ၁၅ မိနစ်ကြာအောင်ထားပြီး ခြောက်သွေ့သွားလျှင် ရေအေးဖြင့် ဆေးကြောပေးပါ။

ကျေနပ်တဲ့ ရလဒ်ရတဲ့အထိ တစ်ပါတ် ၃ ကြိမ်ခန့် ပုံမှန် ပြုလုပ်ပေးပါ။

၅။ ဝက်ခြံတွေအတွက် ခရမ်းချဉ်သီး

မျက်နှာပေါ်မှာ ဖြစ်လေ့ရှိတဲ့ ဘယ်လိုဝက်ခြံမဆို ကုသဖို့အတွက် ခရမ်းချဉ်သီးက အကောင်းဆုံးပါပဲ ။

သန့်ရှင်းလတ်ဆတ်တဲ့ ခရမ်းချဉ်သီး တစ်လုံးကို ယူပြီး နှစ်ခြမ်းခြမ်းလိုက်ပါ ။ တစ်ခြမ်းကိုယူပြီး မျက်နှာအနှံ့ ပွတ်လိုက်ပါ ။

ဝက်ခြံရှိတဲ့နေရာကို အဓိကထား ပွတ်လိမ်းပေးပါ။ ၁၀မိနစ်ခန့်ကြာ ခြောက်သွေ့အောင် ထားပြီးလျှင် ရေဖြင့် ဆေးကြောလိုက်ပါ။ တစ်ပါတ် ၃ ကြိမ် ပြုလုပ်ပေးရမှာပါ။

ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ ဗီတာမင်အေ နှင့် စီ ဟာ ဝက်ခြံတွေကို ထိရောက်စွာ ကုသပေးနိုင်ပါတယ်။

ဝက်ခြံမရှိသူများလည်း ဒီနည်းလမ်းလေးကို လုပ်ပေးမယ်ဆိုရင် ဝက်ခြံ၊ ဆားဝက်ခြံ ဖြစ်ခြင်းမှ ကြိုတင်ကာကွယ်ရာရောက်သလို မျက်နှာအသားအရေကိုလည်း ကြည်လင်ဝင်းပစေနိုင်ပါတယ်။

မှတ်ချက် ။ ။ အထက်ဖော်ပြပါနည်းလမ်းတွေကို အသုံးမပြုခင်မှာ မျက်နှာသစ်ထားဖို့တော့ လိုပါမယ်။