Home USABLE TIPS Air Conditioning System

Air Conditioning System

1

အဲကွန်းလုပ်ငန်းခွင်၀င်စလူငယ်ညီလေးများအတွက် မသိမဖြစ် သော Refrigeration Cycle
#Air-conditioning_Systemဆိုတာ
အခန်းတစ်ခန်းနေရာတစ်နေရာကအပူတွေကိုစုပ်ယူပြီး ဘယ်သူမှမကန့်ကွက်တဲ့လေထုထဲကိုစွန့်ပစ်တဲ့စနစ်လို့ဆိုပါတယ်။ဘယ်သူမှမကန့်ကွက်တဲ့လေထုထဲလို့ဆိုတာက ကိုယ်ထုတ်ပစ်လိုက်တဲ့အပူကသူများကို အနှောက်အယှက်ပေးမိသလိုဖြစ်သွားနိုင်တဲ့နေရာဖြစ်နေလို့မရဘူးလို့ဆိုတာပါ။ အဲဒါကြောင့်Airconဆိုတာ လေအေးပေးစက်မဟုတ်ပါ အပူစုပ်ထုတ်စက် Heat absorbing and rejecting machine လို့ခေါ်ဆိုနိုင်ပါတယ်။
အဲဒီလိုအပူစုပ်ပြီးစွန့်ထုတ်ရင်းနဲ့ #အခန်းရဲ့အပူချိန်ကိုမျှတအောင်ထိန်းသိမ်းခြင်း (Temperature control)
#အခန်းရဲ့စိုထိုင်းဆနဲ့ရေငွေ့ပါ၀င်မှုကိုထိန်းသိမ်းခြင်း (Humidity & moisture content control)
#အခန်းတွင်းရှိလေရဲ့စီးဆင်းမှု့ကို သက်သောင့်သက်သာဖြစ်အောင် လိုသလိုထိန်းချုပ်ပေးခြင်း(control of Air flow and Air ventilation)
#လေရဲ့သန့်ရှင်းမှု့ (Cleanliness of air)
ကို ထိန်းညှိခြင်းတွေ ကိုပါတပြိုင်တည်း လုပ်ဆောင်ပေးတဲ့စနစ်ကို Air-conditioning System လို့ပြောပါတယ်။
ရှေးလူကြီးများကတော့ ဉတုသမ စက်လို့ခေါ်ကြပါတယ်။အခန်းရဲ့ရာသီဉတုကိုသမမျှတအောင် လုပ်ပေးတဲ့စက်ပေါ့။
Air-conditioning System တွေရဲ့ လုပ်ဆောင်နိုင်မှုပမာဏ (capacity)ကို တိုင်းတာရာမှာ နိုင်ငံတကာမှာတော့ Ton of refrigeration (RT) နဲ့တိုင်းတာလေ့ရှိပါတယ်။
Aircon တစ်တန်စက် (မြန်မာအခေါ် တစ်ကောင်ခွဲ) ဆိုတာ သုညဒီဂရီ စင်တီဂရိတ်(0’C)အပူချိန်ရှိနေတဲ့ရေခဲ တစ်တန်ကို24နာရီအတွင်း ရေအဖြစ်လုံးဝပြောင်းသွားဖို့ကိုပေးရတဲ့ အပူပမာဏနဲ့ညီတဲ့ အပူကို အခန်းထဲကနေ ၂၄နာရီအတွင်းစုပ်ထုတ်နိုင်စွမ်းရှိတာကိုဆိုတာပါ။
ရေခဲတစ်ပေါင်အတွက်ဆိုရင် အပူချိန်ပမာဏ
144 Btu (British thermal unit)ဗြိတိသျှသုံးအပူချိန်တိုင်းယူနစ် လိုပါတယ်။ ရေခဲတစ်တန် ပေါင် 2000 အတွက် အပူပမာဏ 144×2000=288000 Btu /24 hour ဖြစ်ပါတယ်။
တစ်နာရီအတွက်ဆိုရင်တော့ 288000/24 ဖြစ်တဲ့အတွက် 12000 Btu/hour ရပါလိမ့်မယ်။ အဲဒါကို တစ်တန်စက်လို့ခေါ်ပါတယ်။1 Ton of refrigeration လို့ခေါ်ပါတယ်။ 1RT လို့လည်းအတိုကောက်ခေါ်ပါတယ်။ ဆိုလိုတာက အခန်းထဲမှာရှိနေတဲ့ အပူတွေထဲကနေ Airconတစ်နာရီမောင်းရင် အပူပမာဏ 12000Btu လျော့သွားမယ်လို့ဆိုလိုတာပါ။ တမိနစ်စီတိုင်းကို အခန်းထဲကနေ 200Btu စုပ်ယူနိုင်တဲ့၊အခန်းထဲကနေဆွဲထုတ်ပေးနိုင်တဲ့စက်ကိုဆိုလိုတာပါ။ အဲဒါကြောင့်အဲကွန်းပညာကိုအခြေခံသိသူတွေက အဲကွန်းနဲ့အအေးခန်းစက်တွေကို တန်နဲ့ပဲပြောလေ့ရှိပါတယ်။ လျှပ်စစ်အခေါ်အဝေါ်
မြင်းကောင်ရေစွမ်းအား Horse Power(HP) နဲ့မပြောကြပါဘူး။
အဲကွန်းတစ်တန်စက်ကို ဖော်ပြရာမှာ နိုင်ငံနဲ့ထုတ်လုပ်သူတွေအလိုက် စျေးကွက်မှာ အခြားယူနစ်တွေနဲ့လည်း အောက်မှာလို သတ်မှတ်ခေါ်ဝေါ်ကြပါသေးတယ်။ အဲဒီလောက်သိရင် လုပ်ငန်းခွင်ဝင်စလူငယ်တွေအတွက်အဆင်ပြေနိုင်ပါပြီ။ စက်ရဲ့စွမ်းအားတန်ကိုသိချင်တော့ သူရဲ့ Name plate မှာ အောက်ဖော်ပြပါ ယူနစ်တခုခုနဲ့ရေးထားတာကိုကြည့်ပြီး တစ်တန်နှုန်းနဲ့ပြန်စားလိုက်ရင် စက်ရဲ့တန်ပမာဏကိုသိနိုင်ပါတယ်။
1 Ton of refrigeration =1.5 H.P in Electric Power
1 Ton of refrigeration = 12000 Btu /hr
1 Ton of refrigeration =3.517 kW (Heat)
1 Ton of refrigeration =3024 KCal(Kilo-calories)
လေထုတ်နှုန်းအနေဖြင့် အောက်ပါအတိုင်း မှန်းကြည့်ပြီးအကြမ်းဖျင်းတန်ချိန်ကို သိနိုင်ပါတယ်။
1 Ton of refrigeration =400 CFM (cubic feet per minute) ( airflow)
(အိမ်သုံးအဲကွန်းတွေမှာတော့ 200CFM to 400CFM ကြား ဒီဇိုင်းလိုက်လို့ ကွဲပြားကြပါတယ်)
အဲကွန်းလုပ်ငန်းခွင်ဝင်စလူငယ်များအတွက် အဲကွန်းနဲ့အအေးခန်းစနစ်တွေရဲ့ အဓိကပစ္စည်းတွေအကြောင်းနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အဲကွန်းနဲ့အအေးခန်းစနစ်တွေမှာ
(၁)အဓိကအစိတ်အပိုင်းများ (Main components)
(၂) စနစ်အကူပစ္စည်းများ(Auxiliary devices)
(၃)ကာကွယ်ရေးပစ္စည်းများ(Protective Devices)
များဆိုပြီး (၃)မျိုးပါဝင်ပါတယ်။
အဓိကအစိတ်အပိုင်းအနေဖြင့် (၄)ခုပါဝင်ပါတယ်

  • ကွန်ပရက်ဆာ (Compressor)
  • အပူထုတ်အပိုင်း (Condensing Unit/Condenser သို့မဟုတ် Outdoor Unit)
  • ဖိအားလျှော့အပိုင်း (Expansion Unit)
  • အပူစုပ်အပိုင်း( Evaporation Unit/Evaporator သိူ့မဟုတ် Indoor Unit )

တို့ဖြစ်ပါတယ်။ 2C 2E လို့အလွယ်မှတ်သားနိုင်ပါတယ်။ 2C2E ကို Indoor နဲ့ out door unit ခွဲထားတဲ့အဲကွန်းကို Split type အဲကွန်းလို့ခေါ်ပါတယ်။ စက်တခု ပုံးတခုထဲမှာပဲ အဓိကအစိတ်အပိုင်း ၄ခုလုံး ပေါင်းထားရင် Package Type အဲကွန်းလို့ခေါ်ပါတယ်။ Package type ကို အိမ်ပြူတင်းပေါက်တွေမှာတပ်တဲ့အရွယ်ဆိုရင် Window type လို့ခေါ်ပါတယ်။ အောက်မှာတော့ R-22 gas သုံးထားတဲ့ ပုံထဲမှာပါတဲ့အဲကွန်းတလုံး အဓိကအစိတ်အပိုင်းတွေရဲ့ စုပေါင်းအလုပ်လုပ်ပုံ Refrigeration Cycle ကိုအ‌ေခြခံပြီးရှင်းပြထားပါတယ်။
(1)#Evaporator ရဲ့ အဓိကလုပ်ဆောင်ချက်(Main function)ကတော့ အခန်းထဲကအပူကိုစုပ်ယူဖိူ့ပါ။ အအေးကွိုင် သို့မဟုတ် Evaporator ထဲမှရောက်နေတဲ့ Refrigerant လိူ့ခေါ်တဲ့ အဲကွန်းဂက်စ်ဟာ ဘယ်ဂက်စ်အမျိုးအစားကိုသုံးသည်ဖြစ်စေ ဆူမှတ်အပူချိန်အားဖြင့် 4.4’C အခြေအနေပါ။
ဖိအားက 69 PSIG ဖြစ်တာတွေ့ရပါမယ်။ အအေးကွိုင် သို့မဟုတ် Evaporator သိုမဟုတ် Indoor Unit မှာတပ်ထားတဲ့ ပန်ကာ(Indoor Fan)ကအခန်းထဲက အပူချိန် 28’C ၀န်းကျင်ရှိတဲ့လေကိုစုပ်ယူပြီး သူ့​အ​ေပါ်ကိုဖြတ်သွားတဲ့အခါ လေထဲမှာပါတဲ့ အပူကို အပူဖလှယ်နိယာမ(Law of heat exchange)အရ ကြေးပိုက်နဲ့ဆူးတောင်တွေကတဆင့် ပိုက်ထဲဖြတ်သွားတဲ့ဂက်စ်ကစုပ်ယူလိုက်ပါတယ်။ အဲဒီအခါ အဲကအဲကွန်းဂက်စ်ဟာ သူ့အပေါ်ဖြတ်သွားတဲ့လေထဲကအပူကိုစုပ်ယူပြီး အရည်ကနေအငွေ့ဖြစ်သွားပါတယ်။
ဒါပေမယ့် ဆူမှတ်အပူချိန်(Saturation temperature) နဲ့ ဖိအားကတော့ 4.4’C ဝန်းကျင်နဲ့ဖိအားက Evaporator အ၀င်မှာအတိုင်း 69 PSIG မပြောင်းလဲပေမယ့် ဂက်စ်ရဲ့တကယ့်အပူချိန်ကတော့ 10’C ထိမြင့်သွားတာတွေ့နိုင်ပါတယ်။ မူလဆူမှတ်အပူချိန် 4.4’C ထက် 5.5’C ကျော်ပိုမြင့်သွားတဲ့သဘောပါ။ဒီလို ဆူမှတ်ထက် ပိုပူသွားတဲ့အပူချိန်ကို Superheat Temperature လို့ခေါ်ပါတယ်။ အဲဒီဂက်စ်အငွေ့ဟာ အခန်းထဲက အပူကို စုပ်ယူပြီးကွန်ပရက်ဆာ (Compressor)ဆီကိုသွားပါတယ်။အဲဒီအချိန်မှာ ကွန်ပရက်ဆာအ၀င် Suction ပိုက်လိုင်းတလျောက်ကအပူကိုစုပ်ယူပြီး ကွန်ပရက်ဆာ၀င်ခါနီးမှာ 15’C ကျော်ထိ မြင့်သွားတာတွေ့နိုင်ပါတယ်။
Evaporator ဟာအခန်းထဲကရေငွေ့တွေကို Finဆူးတောင်တွေကတဆင့်အပူစုပ်ယူပြီးရေငွေ့ဘဝကနေရေအဖြစ်ပြောင်းလ စေပြီး အခန်းရဲ့စိုထိုင်းဆကိုလည်း ထိန်းပေးပါတယ်။အဲဒါကြောင့်အဲကွန်းတွေမှာ indoor ကနေ ရေကျတာပါ။
(2) #ကွန်ပရက်ဆာ (Compressor) သူရဲ့အဓိက တာဝန်ကတော့ Evaporator သိူ့ Indoor Unit ကနေအပူသယ်လာတဲ့ 4.4’C ဆူမှတ် ၊ တကယ့်အပူချိန် 15.6’C ဝန်းကျင်သာသာအပူချိန်ရှိတဲ့ ဂက်စ်ကို ဖိအားထပ်မြှင့်ပြီး အပူချိန်တိုးစေဖို့ပါ။ ဘာဖြစ်လို့ အပူချိန်တိုးစေရသလဲဆိုတော့ ပတ်ဝန်းကျင် အခန်းပြင်ပ အပူချိန်က 35’C အထက်ရှိနေချိန်မှာ 4.4’C ဆူမှတ် အပူချိန်သာရှိနေတဲ့ ဂက်စ်ကနေ ပတ်ဝန်းကျင်ကို အပူစွန့်ထုတ်ဖို့ မဖြစ်နိုင်လို့ပါ။ အပူဆိုတာ စွမ်းအင်သဘောအရ မြင့်ရာကနေ နိမ့်ရာကိုပဲပြောင်းလဲ စီးဆင်းလို့ရလို့ပါ။ ကွန်ပရက်ဆာ သူ့ထဲ၀င်ရောက်လာတဲ့အဲဒီဂက်စ်ငွေ့ကို ဖိအားမြှင့်ပြီးအပူချိန်မြင့်အောင်ထပ်လုပ်ပေးတာပဲဖြစ်ပါတယ်။ ကွန်ပရက်ဆာကထွက်သွားရင် ဂက်စ်ရဲ့တကယ့်အပူချိန်ဟာ 93.3’C ရှိ​ပြီး ဆူမှတ်အပူချိန်ဟာ 51.7’C နဲ့ ဂက်စ်ရဲ့ ဖိအားအခြေအနေက 278PSIG ရှိနေလို့ ပတ်ဝန်းကျင်အပူချိန် 35’Cထက် မြင့်သွားပါပြီးအဲဒီဂက်စ်အငွေ့ဟာ Condenser သို့မဟုတ် Outdoor Coilထဲရောက်သွားပါပြီ။
(3)Condenser သိုမဟုတ် Outdoor Unit သိူ့မဟုတ် အပူကွိုင် ရဲ့အလုပ်က Evaporator သိူ့မဟုတ် Indoor သို့ အအေးကွိုင်ကနေ စုပ်လာတဲ့အပူနဲ့ ကွန်ပရက်ဆာထပ်ထည့်ပေးလိုက်တဲ့ အပူ နှစ်ခုစလုံးကို လေထုထဲကိုစွန့်ထုတ်ပေးဖို့ပါ။ ကွန်ပရက်ဆာကရောက်လာတဲ့ ဂက်စ်အငွေ့ဟာ ဆူမှတ် အပူချိန် 51.7’C ရှိပါတယ်။ဖိအားကလည်း 278 PSIG ရှိနေတာပဲတွေ့ရပါမယ်။ အဲဒီဂက်စ်က Outdoor သို့မဟုတ် အပူကွိုင်ထဲရောက်လာချိန်မှာ Outdoor Fan ကတဆင့် အပြင်ကနေလေကို စုပ် ကွိုင်ကိုဖြတ်စေပြီးအပူကိုစုပ်ယူစေပါတယ်။အဲဒီအခါ ကွိုင်ထဲကဂက်စ်ရဲ့အပူဟာ ကြေးပိုက် ဆူးတောင်ကနေတဆင့် အပြင်လေထဲကိုပါသွားပါတယ်။ အဲဒါကြောင့် Outdoor Unitကထွက်တဲ့လေဟာပူနေတာတွေ့ရပါလိမ့်မယ်။ အဲဒါဟာ ခန်းထဲကပါလာတဲ့အပူကိုစွ့န့်ထုတ်နေတာပါ။ အဲဒီအခါ Condenser ထဲဖြတ်သွားတဲ့ဂက်စ်အငွေ့ဟာ ပတ်ဝန်းကျင်လေထုရဲ့ အပူစုပ်ယူသွားမှုကြောင့် အရည်အဖြစ်ပြောင်းလဲသွားပါတယ်။ အပူအငွေ့ကိုအအေးခံရင် အရည်ဖြစ်ပါတယ်။ အဲဒီအရည် အခြေအနေပြောင်းသွားတဲ့ဂက်စ်ဟာ အပူကွိုင် Condenser အထွက်နားရောက်တဲ့အခါ ဆူမှတ်အပူချိန်ဟာ 51.7’C ထိရှိနေပြီးဖိအားလျော့ အပိုင်း Expansion Valveဆီကို ဦးတည်သွားပါတယ်။Expansion Valve ဆီမရောက်ခင်မှာ သူ့ရဲ့အပူချိန်ဟာ ဆူမှတ်အပူချိန် 51.7’C အောက် လျော့ကျသွားပြီး တကယ့်အပူချိန်ဟာ 40.5’C ထိ လျော့သွားတာတွေ့ရမှာပါ။ ဒါပေမယ့် ဖိအားကလည်း 278 PSIG ပဲညအ၀င်အတိုင်း မပြောင်းလဲပဲရှိနေတာပဲတွေ့ရပါမယ်။ အပူချိန်ကတော့ Condenser ဆူမှတ်အောက် 11.2’C ထိလျော့သွားတာတွေ့ရပါမယ်။ဒီလို ဆူမှတ်အောက်လျော့သွားတဲ့အပူချိန်ကို #Sub-cooled temperature လို့ခေါ်ပါတယ်။
(4)Expansion Valve သို့ Split Type အဲကွန်းတွေမှာCapiliary tube လို့ခေါ်တဲ့ ဖိအားနှိမ့်အပိုင်းရဲ့ အဓိက ဆောင်ရွက်ချက်ကတော့ Condenser ကလာတဲ့ ဖိအားမြင့် ဂက်စ်အရည် ကို ဖိအားနိမ့်အောင်လုပ်ပြီး အပူချိန်နိမ့်သွားအောင်ပြောင်းပေးလုပ်ပေးတာပါ။ စနစ်ထဲမှာရှိတဲ့ဂက်စ်ဟာ ဖိအားနှိမ့်ခံရရင် သို့မဟုတ် ဖိအားအလျှောခံရရင် အပူချိန်လျော့သွားတာပါပဲ။ Outdoor Unit သို့မဟုတ် အပူကွိုင်ကလာတဲ့ ဖိအားမြင့်အရည်ကို ပိုက်ကျဉ်းလေးထဲကိုအရှည်ကြီးဖြတ်ခံလိုက်ရရင် သို့မဟုတ် ကြားထံမှာ အပ်ထိပ်လောက်ရှိတဲ့ ဂက်စ်စီးဆင်းမှုကို ကျဉ်းပေလိုက်ရင် ဟိုဖက်လဲရောက်ရောဖိအားနိမ့်ပြီး ဖိအားက 278PSIG ကနေ 69PSIG ကိုလျော့ကျသွားပြီး အပူချိန်ကလည်း 40.5’C ဝန်းကျင်ကနေ 4.4’C န်းကျင်ရောက်သွားပြီး အရည်အဖြစ်နဲ့ပဲEvaporator သို့မဟုတ် Indoor ကွိုင်ဆီကို ပြန်ရောက်သွားပြီး အပူစုပ်ဖို့အဆင်သင့်ဖြစ်စေရင်းအစကနေ ပြန်စခြင်းအားဖြင့်အလုပ်ပြန်လုပ်ပါတယ်။ အဲဒီလိုနဲ့
#Evaporator ကအခန်းထဲကအပူကိုစုပ်
#Compressor ကအပူချိန်တိုးအောင်ဖိအားမြှင့်ရင်း
၊Refrigerant ​လို့​ေခါ်တဲ့အပူစုပ်ဓာတ်ငွေ့ကို စနစ်ထဲမှာလည်ပတ်နိုင်အောင်တွန်းပေး Condensor ကအပူထုတ် Expansion valve သို့ capillary tube က Condenser ကဖိအားမြင့်ဂက်စ်ကို ဖိအားလျှော့ပေးပြီး အပူချိန်ကျဆင်းအောင်လုပ် Evaporator ခေါ် အအေးကွိုင်ကို ပြန်ပို့နဲ့ အဆက်မပြတ် လည်ပတ်ရင်း အခန်းထဲကအပူကိုစုပ်ထုတ်တဲ့အလုပ်ကိုလုပ်ပေးပါတယ်။ ဒီလို အဆုံးအစမရှိလည်ပတ်ပြီး အခန်းထဲကအပူစုပ်လိုက် ပြင်လေထုကိုအပူသွားစွန့်လိုက် လုပ်နေတဲ့ အဲကွန်းဂက်စ် Refrigerant ရဲ့ အစအဆုံးမရှိတဲ့လည်ပတ်မှုကိုပဲ Refrigeration Cycle လို့ခေါ်တာပါပဲ။အဲကွန်းဂက်စ်သံသရာပေါ့။