– ကျရှုံးချိန်မှာ ခေါင်းမော့ပါ
– ကြိုးစားချိန်မှာ နှုတ်လုံပါ
– အောင်မြင်ချိန်မှာ မာန်ချပါ
– ပြည့်ဝချိန်မှာ မျှဝေပါ
– ကြိုးစားနေတဲ့အချိန်မှာ သည်းခံပါ
– ကျရှုံးနေတဲ့အချိန်မှာ ရဲရင့်ပါ
– အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်ပါ
– ပြုံးနေပေမယ့် နာကျင်ရတဲ့ရက်တွေရှိတယ်
– အပေါ်ယံလေးနဲ့ အရာရာကိုမဝေဖန်ချင်ပါနဲ့
– လူတိုင်းမှာ သောကကိုယ်စီနဲ့ ပျော်သလိုနေနေကြတာပါ
– ဘဝမှာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ
– ဘာလို့လဲလို့ မေးခွန်းထုတ်မနေပဲ
– ဘယ်လိုကြိုးစားရမလဲဆိုတာ စဉ်းစားလိုက်ပါ။
– ရည်မှန်းချက်တွေပျက်ရင် ဘဝတစ်ခုလုံး ပျက်စီးသွားနိုင်တယ်
– ဒါကြောင့် အခက်ခဲတွေနဲ့ ဘယ်လိုပဲကြုံတွေ့နေပါစေ
– ရည်မှန်းချက်တွေမပျက်ပါစေနဲ့
– အားတင်းထား ဘဝနဲ့ရင်းပြီး ရလိုက်တဲ့
သင်ခန်းစာတွေက ခံရတဲ့အချိန်မှာ ခါးသီးပေမယ့်
တချိန်ချိန်မှာ ချိုမြိန်လာမှာပါ
– မှန်မှန်မှားမှား ဆင်းရဲရင်တော့ ခံရမယ်
– ချိုချိုခါးခါး မကျန်းမာရင်တော့ သောက်ရမယ်
– လိုလိုမလိုလို ပတ်ဝန်းကျင်ဆိုတော့ ပေါင်းရတယ်
– ကောင်းကောင်းမကောင်းကောင်း အလုပ်သဘောရတော့ ပြုံးရတယ်
– မင်းဒုက္ခရောက်နေချိန်မှာ ဘယ်သူ့ကိုမှ အသနားမခံပါနဲ့
– ရုန်းထွက်နိုင်အောင်ကြိုးစားပါ
– စိတ်ဓာတ်ကျတိုင်း ဤစာကိုဖတ်ပါ
– သင့်ဘဝတွက် ခွန်းအားဖြစ်စေလိမ့်မယ်.
– ကိုယ့်တန်ဖိုးကို နားမလည်တဲ့လူတွေကို
အချိန်ကုန်ခံမနေပါနဲ့
– ကိုယ့်ပေါ်မှာတန်ဖိုးထားတဲ့ လူတွေကိုအချိန်ပေးရအုံးမယ်
– လူကိုမကြည့်နဲ့. မူကိုကြည့်
– ရုပ်ကိုမကြည့်နဲ့. အလုပ်ကိုကြည့်
– အပြောမကြည့်နဲ့. မနောကိုကြည့်
– အတူမြင်ပေမယ့် အမြင်မတူတဲ့အခါ
အဓိပ္ပါယ် ဟာ လွဲမှားနေအုံးမှာပါ
Credit to original uploader
Via တင် အောင်စိုး
#credit