Home HEALTH အဆီဗိုက်ကြီးပိန်သွားစေလိုလျှင်အလွယ်ဆုံးနည်း

အဆီဗိုက်ကြီးပိန်သွားစေလိုလျှင်အလွယ်ဆုံးနည်း

3

ဗိုက်ကြီးပူလာခြင်းကို မပူပါနဲ့ ငွေမကုန်ပဲ သက်ရင်းကြီးမြစ်နဲ့ဒီလိုရှင်းလို့ရတယ်။
အသက်ကြီးလာလျှင် ယောက်ျား မိန်းမ ဝဖြိုးလာပြီး ဗိုက်ကြီးပူလာခြင်းမှာ သဘာဝဟုဆိုနိုင်ပါသည်။ အဆီများ၍ ပူလာသောဗိုက်ကို သက်ရင်း ကြီးမြစ်နှင့် စမ်းသပ်လိုက်ပါ။

သက်ရင်းကြီးမြစ်ကို လေးလက်မ ငါးလက်မခန့်ဖြတ်၍ ရေစင်စင်ဆေ:ပါ။ ဘက္တီးရီးယား ပို:များကင်းစင်စေရန် ထမင်းအိုးထဲတွငါ ထည့်ပေါင်းပါ။
သုံးနာရီပေါင်းပြီးမှ ခြောက်သွေ့စေရန် နေလှန်းပါ။ဆေ:သွေ:ကျောက်ပျဉ်ပေါ်မှာ သွေ:ပြီး သောက်ပါ။ ၁၀-ရက်လောက် သောက်ပြီးနောက်
ပူနေသောဗိုက်ကြီး တနေ့တခြား ပိန်သွားပါလိမ့်မည်။ အဆီရှိသောနေရာ ပိန်သွားခြင်းဖြစ်ပါသည်။ လူပိန်သွားခြင်း မဟုတ်ပါ။

ဆေ:သောက်နည်းမှာ…

နေ့စဉ် နံနက်စောစော (၆)နာရီမှာဖြစ်စေ၊ (၇)နာရီမှာဖြစ်စေ နံနက္စာ (Break Fast) မစားမီဆေးကိုသွေ:ပြီး သောက်ပါ။ တစ်ကြိမ်ပဲ သောက်ပါ။ (Zebra) စတီးဇွန်းဖြင့် ဆေ:ရည်ကို ဆားအနည်းငယ် ထည့်သောက်ပါ။ ဝမ်းလွယ်ပါက လျှော့သောက်ပြီး ဝမ်းချုပ်တတ်ပါက နည်းနည်းပိုသောက်ပါ။ (Zebra) စတီးဇွန်းသည် စံချိန်တစ်ခု ယူထားခြင်း ဖြစ်ပါသည်။

ဆေ:သောက်ပြီး တစ်နာရီအကြာမှာ ဝမ်းသွားပါမည်။ ပထမတစ်ကြိမ် ဝမ်းသွားပြီးလျှင် နံနက်စောစောအစာကို စားသောက်နိုင်ပါသည်။
အဝအလင်စားသောက်နိုင်ပါတယ်ခင်ဗျာ..
နောက်ထပ် တစ္နာရီ သို့-နာရီဝက်ခန့်ကြာတိုင်း ဝမ်းသွားပါဦးမည်။ ပထမတစ်ကြိမ် ဝမ်းသွားပြီးကတည်းက ဝမ်းထဲမှာရှိသော အစာဟောင်းများ ကုန်သွားပါမည်။

နောက်ထပ်သွားသော ဝမ်း၏အနံ့သည် အမဲသား ဝမ်းတွင်းသား အနံ့ကဲ့သို့ နံလာပါမည်။ မစင်ကိုရေဖြင့်သန့်စင်သည့်အခါ စအိုဝတွင် ဆီများရွှဲနေသည့် အထိအတွေ့မျိုးကို သိရှိရပါလိမ့်မည်။
ဝမ်းသွား၍ အားအင်ကုန်ခန်းခြင်း မရွိပါ။ ဆေ:များများ သောက်မိပါက အော့ချင် အန်ချင်သလို ဖြစ်တတ်ပါသည်။ စိုးရိမ္စရာ မရွိပါ။
**သက်ရင်းကြီးမြစ် သောက်ပြီးနောက် ရရှိလာမည့် အကျိုးများ**
++++++++++++
၁။ ခန္ဓာကိုယ်တွင်းရှိ ပိုနေသော အဆီမ်ား (Cholesterol)ကို ကျစေသည်မှာ သိသာပါသည်။
၂။ ခန္ဓာကိုယ် ပူနွေးပြီး နေထိုင်ကောင်းပြီး ပေါ့ပါးလာပါမည်။

၃။ စိတ်များ ကြည်လင်လာပါမည်။
၄။ ထုံကျဉ် ကိုက်ခဲနေသော ရောဂါများ သက်သာသွားပါမည်။

၅။ လေထို:လေအောင့် ရောဂါများရှိလျှင် သက်သာလာမည်။
၆။ ဝမ်းမှန် ဆီးမှန်ပြီး သွေ:သားကို စင်ကြယ်စေပါသည်။

၇။ ဆီးချိုရောဂါကိုလည်း သက်သာစေပါသည်။
ငွေကုန်ကြေးကျ မများဘဲ ဆေ:မြစ်တစ်ခုတည်းနှင့် အသုံးပြုပုံကို လက်တွေ့စမ်းသပ်ပြီးတင်ပြလိုက်ရပါသည်။

#Credit