Home COOKING ပဲပုတ် ဘာလချောင်ကြော်

ပဲပုတ် ဘာလချောင်ကြော်

3

ပဲပုတ် ကို ကပ်ကြေး ညှပ် ထားပေးပါ တစ်လက်မ အရွယ် အချောင်းလေးတွေ ရအောင် ။ ပြီးလျှင် ဆီ များများ နှင့်ဆီပေါ်ကြော် ၍ ဆယ်ထားပါ ။ မြေပဲဆံ ကိုလည်းအနေတော်ရအောင်ကြော်၍ ဆယ်ထားပါ ။ ကြက်သွန်နီ ပါးပါးလေး လှီးပြီး တနေ လှန်း၍ ကြော် ပြီးဆယ်ထားပါ ။ လက်ဝင်ရင် ကြော်ပြီးသား ကိုဝယ်သုံးပါ ။ကျန်နေသော ဆီ ထဲ သို့ ကြက် သွန်ဖြူ ကိုလည်းကြွပ်နေသောအနေထားရသည်အထိ ဆနွင့်မုန့်လေးထည့်၍ ကြော်ပါ ကြက်သွန်ဖြူ ကြွပ် ခါနီးတွင် ငရုတ်သီး မှုန့် ထည့်ကြော်ပါ ငရုတ်သီးမှုန့် ကျက်လျှင် စောစောက ကြော်ပြီးဆယ်ထားသော ပဲပုတ် ၊ ကြက်သွန်နီကြော် ၊ မြေပဲဆံတို့ကို ပြန်ထည့်ပြီး ဆား ဟင်းချိုမုန့်ထည့် ပြီး မီးလေးလျော့၍ မွေးပေးပါ အားလုံးသမ ပြီဟုထင်လျှင် မီး ဖိုပေါ်မှ ချ၍ ဆက်မွေပေးပါ နော် ။ ကျမကြော်ထား တာကတော့ ပဲပုတ်၁ပိသာ ၃၅၀၀ ပါ ။ အများကြီး ရပါတယ်ရှင့် ။ အေးသွားရင် လေ လုံတဲ့ ဗူးထဲ ထည့်သိမ်းထား ပြီး မုန်ညင်းစော တို့ ၊ အချဉ်ရည်ဟင်းတို့ ၊ ပဲကုလားဟင်းတို့နဲ့ လိုက်ဖက်တဲ့ ဟင်းတွေ ချက်တိုင်း ဟင်းကပ် အနေနဲ့ မပူရတော့ဘူးပေါ့ရှင် ။

Credit