Home FOOD ပီလောပီနံ ရွှေကြည်ဆနွင်းမကင်း လုပ်နည်း

ပီလောပီနံ ရွှေကြည်ဆနွင်းမကင်း လုပ်နည်း

0

ပါ၀င်ပစ္စည်းများ
—————–
ပီလောပီနံ ၅၀ဆယ်သား
ရွှေကြည် ၂၅ ကျပ်သား (မုန့်တင်းတင်းလေးလိုချင်ရင်ရွှေကြည်ပိုထည့်ပါ မုန့်အိအိလေး လိုချင်ရင် ပီလောပီနံပိုထည့်ပါ)
သကြား ၂၅ ကျပ်သား အချိုကြိုက်ရင်ပိုထည့်ပါ
အုန်းနို့ ဘူးသေး ၁ ဘူး နဲ့တဝက်
ကြက်ဥ ၂လုံး
ဆီ ၅ ကျပ်သား
တောပတ် ၁၀ ကျပ်သား
တောပတ် မထည့်ချင်ရင် ဆီကို ၁၅ ကျပ်သားထည့်ပါ။
ဘိန်းစေ့
ဆား စားပွဲတင်ဇွန်း တ၀က်
ရေ နိုဆီဘူး ၂ဘူး
ရွှေကြည်+ သကြား+ဆား + အုန်းနို့+ ကြက်ဥ + ရေ တို့ကို ရောမွှေထားပြီး နာရီ၀က် နှပ်ထားပါ။
ပီလောပီနမ်ကို ရေဆေးသန့်စင်ပြီးခြစ်နဲ့ခြစ်ထားမယ်
ပြီးလျှင်အပေါ်ကနှပ်ထားတာတွေကို မီးအေးအေးနဲ့ ရေခမ်းအောင်ကျိုပါ။
ရေခမ်းသွားလျှင် ဆီ ( တောပတ်) ထည့်ပြီး မွှေပေးပါ။
ခြစ်ထားသောပီလောပီနံများထည့်မွှေပါ
ပီလောပီနံနဲ့မုန့်တွေရောနှောသွားပြီဆိုဆနွင်းမကင်း ဗန်းကိုဆီသုပ်ပြီး မုန့်များကိုထည့်ပါ။
မုန့်များကို မျက်ပြင်ညီအောင် ညှိပြီး ဘိန်းစေ့ ဖြူးပါ။(တချို့ကပီလောပီနံခြစ်ထားတာလေးတွေဖြူးပါတယ် )
အောက်မီးနဲနဲ ၊ အထက်မီးများများနဲ့ ၂၀မိနစ်လောက်ဖုတ်ပါ
မျက်နှာပြင်လေးရဲပြီးကျွတ်လာရင်မုန့်ရပါပြီ

နောက်တနည်း
ပီလောပီနံကိတ်
ဒီမုန့်က ဖိလစ်ပိုင်က မုန့်လုပ်နည်းလေးပါ။
လုပ်ရတာလွယ်ပြီး စားလို့လည်းကောင်းပါတယ်။
ကြိုက်လို့ ခဏခဏစားဖြစ်တာလေးပါ။
ပါ၀င်ပစ္စည်းများ
( မုန့်ဖုတ်ဗန်းအကျယ် ၆” ၊ ၄” ၊ အနက် ၃” ခြဲ)
ပီလောပီနံGrated Cassava – ၄၅၀ ဂရမ်( ၂ထုပ်) (အလွှာလိုက်ဖြစ်အောင်ခြစ်ပါ) ၊
နို့ဆီ (၁ဘူး)
ကြက်ဥ(၂လုံး)
အုန်းနို့ (၁ဘူးခြဲ)
ဆား (လက်ဖက်ရည်ဇွန်း တစ်၀က်)
နွားနို့ (ဆန်ချင်ခွက် ၁ခွက်)
ပြုလုပ်နည်း
(၁) ပီလောပီနံ ခြစ်ပြီးသားများနဲ့
နို့ဆီကိုဘူးရဲ့ ၃ ပုံ ၂ ပုံ ထည့်ပါ။
ပြီးလျှင် ကြက်ဥ (၂လုံး) ၊ နွားနို့၊ ဆား ၊
အုန်းနို့ (တစ်ဘူးနဲ့တစ်၀က်)တို့ကိုထည့်ပါ။
(အုန်းနို့နဲ့နို့ဆီချန်ခိုင်းတာနောက်ပြန်သုံးမှာမို့ပါ)
(၂) အထက်ပါအရသာအရောအနှောများကို
သမအောင်ရောမွှေပြီး ထောပတ်သုတ်ထားသော
မုန့်ဖုတ်မယ့်ပန်းကန်ထဲ ထည့်ပြီး
၁၈၀ ဒီဂရီ နဲ့ ၃၅ မိနစ် အပေါ်မီး ၊ အောက်မီးနဲ့ဖုတ်ပါ။
(၃) ပြီးလျှင် Oven ထဲကျပန္ထုတ္ကာ
ခုနကကျန်သော အုန်းနို့နဲ့ နို့ဆီကို ရောကာ
မုန့်သားပေါ်ဖြန့်ခင်းပေးပါ။ Oven ထဲ ပြန်ထည့်ပြီး အပေါ်မီး ၁၅၀ ဒီဂရီနဲ့ ၁၀ မိနစ်ခန့် ထားပေးရင်ရပါပြီ။ အအေးခံပြီးနောက် အနံ့မွှေးပြီး ဆိမ့်နေသော ပီလောပီနံမုန့်လေး လှီးစားလို့ရပါပြီ။
#crd