ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူ၊ အနာစိမ်း၊ ထိခိုက်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာ စသည့် အရေပြားပေါ်မှ အနာရောဂါအမျိုးမျိုးအတွက် ကြိတ်မှန်ရွက်ဖြင့်
ပျောက်ကင်းအောင် ကုသနည်းကို မျှဝေပေးလိုက်ပါတယ်။
ကြိတ်မှန်ရွက်ကို အင်္ဂလိပ်လို Eclipta Alba လို့ ခေါ်ပါတယ်။ နေရာဒေသ အနှံ့မှာ ပေါက်ကြပါတယ်။
(၁) ယားနာ၊ ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူ စသည့် ယားနာနှင့်အနာစိမ်းများပေါက်လျှင် ကြိတ်မှန်ရွက် လက်တစ်ဆုပ်ခန့်ကို ရေစင်အောင်ဆေးကာ ကြိတ်၍ အရည်ညှစ်ယူပါ။
(၂) ၄င်းသတ္တုရည်ဖြင့် အနာပေါ်ကို တစ်နေ့ ၃ ကြိမ် လိမ်းပေးပါ။
(၃) ကြိတ်မှန်ရွက်ကို ပြုတ်၍ ၄င်းပြုတ်ရည်ဖြင့် အနာကို ဆေးကြော သန့်စင်ပေးပါ။
(၄) ရေယုန်ပေါက်လျှင် ကြိတ်မှန်ရွက်နှင့် နနွင်းကို ဆတူကြိတ်၍ ရေယုန်ပေါ်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးထားပါ။
(၅) မီးလောင်ဒဏ်ရာ၊ ရေနွေးအပူလောင်ဒဏ်ရာ၊ အရေပြားပေါ်မှ အဖြူကွက်ဒဏ်ရာများဖြစ်လျှင် ကြိတ်မှန်ရွက်နှင့် ပင်စိမ်းရွက်တို့ကို ဆတူရောကြိတ်၍ ၄င်းသတ္တုရည်ကို တစ်နေ့ ၂ ကြိမ် လိမ်းပေးပါ။
လွယ်ကူသက်သာ၍ ထိရောက်စွာ ပျောက်ကင်းစေနိုင်မည့် သဘာဝဆေးနည်းဖြင့် အနာရောဂါများကို ကုသနိုင်ကြပါစေနော်။ လူသားတိုင်း အနာရောဂါကင်းရှင်းနိုင်ကြပါစေ။
Credit