Home COOKING ရွှေကြည်ဆနွင်းမကင်း

ရွှေကြည်ဆနွင်းမကင်း

24

အုန်းသီး            ၄လုံး

ရွှေကြည်           ၂၀ သား

သကြား             ၆၀ သား

ဘိန်းစေ့             ၂ ကျပ်ခွဲသား

ထောပတ်          ၁၅ ကျပ်သား

ဆား                 လက်ဖက်ရည်ဇွန်း တစ်တဝက်

ရွှေကြည်ကို အမှိုက်များ ကင်းစင်အောင် ပြုတ်၍ နီအောင် လှော်ပါ။

အုန်းနို့ရည် နှင့် လှော်ထားသော ရွှေကြည်ကို နို့ဆီဗူး ဖြင့် ထည့်၍ ချိန်ပေးပါ။

ရွှေကြည် ၂ဘူးထည့်လျှင် အုန်းနို့ ၆ ဘူးထည့်ရန် လိုပါသည်။ ရွှေကြည်နှင့် အုန်းနို့ရည် အချိုးမှာ ရွှေကြည်တစ်ဆ အုန်းနို့ ၃ဆ ဖြစ်ပါသည်။

မုန့်မွှေမည့်အိုးတွင် ထောပတ်ထည့်၍ ချက်ပြီး လှော်ထားသော ရွှေကြည်နှင့် သကြားကို ထည့်မွှေပါ။ နီလာလျှင် အုန်းနို့ရည်များ ထည့်ပီး အဆက်မပြတ်မွှေပါ။ ရေခန်း၍ ဆီပြန်ပြီး မုန့်သားလည်ကာ မုန့်အိုးတွင် မုန့်မကပ်သည့် အခြေအနေတွင် ချ၍ မုန့်ဖုတ်မည့်အိုးထဲ လောင်းထည့်ပါ။

မုန့်မျက်နှာပြင်ညီအောင်ညှိပြီး ဖယ်ထားသော ဦးရေဖျန်း၊ ဘိန်းစေ့ဖြူးပြီး အပေါ်မှ မီးကင်ပါ။ မုန့်မျက်နှာပြင် နီသန်းလာသည်အထိ အပေါ်မီးကင်ပါ။