Home USABLE TIPS Content Creator တစ်ယောက်အနေနဲ့ မဖြစ်မနေလေ့လာသင့်တဲ့ Tool (5) ခု

Content Creator တစ်ယောက်အနေနဲ့ မဖြစ်မနေလေ့လာသင့်တဲ့ Tool (5) ခု

5

Content Creator တစ်ယောက်ဖြစ်ချင်တယ်ဆိုရင်တော့ ဒီ Tool လေးတွေကို မဖြစ်မနေလေ့လာထားသင့်ပါတယ်နော်

1. Canva (Design & Editing Tool)

Post Design ,Content Thumbnail, Reel Cover အတွက် အလွယ်တကူ အသုံးပြုနိုင်ပြီး Free နဲ့ Pro Version ဆိုပြီးရှိပါတယ်။
Pro Version ကလည်း EDU pro ဝယ်မယ်ဆိုရင် တစ်နှစ် ၁၀၀၀၀ တောင်မကျပါဘူး။

2. CapCut (Video Editing Tool)

TikTok, Facebook Reels/Story, Short Video အတွက် လိုအပ်တဲ့ Trendy edit တွေ အလွယ်တကူ လုပ်နိုင်ပြီးတော့ သူလည်း Free/Pro Version 2 မျိုးရှိပါတယ်။
Pro Version ကိုမှ စျေးသက်သက်သာသာသုံးချင်ရင် Share Account ဝယ်ပြီးသုံးလို့ရပါတယ်။

3. Notion(Content Planning Tool)

Content Calendar လုပ်ဖို့ဆိုရင် Notion ကတော်တော် အသုံးဝင်ပါတယ်။
Notion မှာ တခြား Function တွေကောပါသေးတာမလို့ သုံးတတ်ရင်တော့ ကိုယ့်အတွက်အများကြီး အထောက်ကူဖြစ်ပါတယ်။

4. Meta Business Suite (Analytics Tool)

Audience insights တွေ နဲ့ ဘယ်ချိန်မှာ post တင်လို့ ကောင်းမလဲ စစ်ဆေးနိုင်ပြီး Engagement rate ကိုပါ track လုပ်နိုင်တာမလို့ သုံးတတ်အောင် လေ့လာထားသင့်ပါတယ်။

5. ChatGPT / AI Tools

Caption idea တွေ script outline တွေနဲ့ တခြားကိုယ်သိချင်တာတွေပေးလို့ရပြီး စဉ်းစားခိုင်းနိုင်တာမလို့ ChatGPT ကလည်း အသုံးဝင်ပါတယ်။
#credit