Home COMPUTER HARDWARE အကောင်းဆုံး wifi router ကို ဘယ်လိုရွေးချယ် ဝယ်ယူမလဲ?

အကောင်းဆုံး wifi router ကို ဘယ်လိုရွေးချယ် ဝယ်ယူမလဲ?

49

အိမ်သုံး သို့ အဆောက်အဦသုံး အတွက် အကောင်းဆုံး wifi router ကို ဘယ်လိုရွေးချယ်ဝယ်ယူမလဲ?

အိမ်သုံးရန် ဒါမှမဟုတ် အဆောက်အဦအတွက် Wifi router ဝယ်ရန် စိတ်ပိုင်းဖြတ်လိုက်ပြီ ဆိုရင် ဘယ် brand ဟာ ကိုယ့်အတွက် အကောင်းဆုံးဖြစ်စေမလည်း ဆိုပြီးရှာတတ်ကြပါတယ်။ အခုခေတ်မှာကလည်း ကုမ္ပဏီအမျိုးကနေ brand ပေါင်းစုံထုတ်လုပ်လာကြတယ်။ ဒါကြောင့် မဝယ်ခင်မှာ သိထားသင့်သည့် အကောင်းဆုံး router brand အမျိုးအစား၊ အကောင်းဆုံး နှင့် စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်စေမည့် router၊ ပြီးတော့ ရေရှည်လည်း အသုံးခံနိုင်မည်၊ ကိုယ်သုံးနိုင်တဲ့ budget နှင့်လည်း ကိုက်ညီမှုရှိမည့် အမျိုးအစားများကို ရွေးချယ်ဝယ်ယူ သင့်ပါတယ်။

အကောင်းဆုံး wifi router ကို ရွေးချယ်တော့မယ်ဆိုရင် router ၏ frequency brand ကိုလည်း သိထားသင့် ပါတယ်။ wifi router တွေက 2.4GHz, 5GHz and 6 GHz ထိ လုပ်ဆောင်ပေးပါတယ်။ ပြီးတဲ့အခါ wifi router တွေက လိုက်နာတဲ့ standard တွေကိုလည်း သိဖို့ လိုအပ်ပါတယ်။ wifi router တွေက IEEE 802.11 standard ကို လိုက်နာတဲ့ အတွက်ကြောင့်ပါ။ အောက်ဖော်ပြပါ ဇယားကို ကြည့်ရှုပါ။

802.11 StandardFrequency Band
11a and 11ac5GHz
11b and 11g2.4GHz
11n2.4GHz and 5GHz
11ax2.4GHz, 5GHz and 6GHz (Wifi 6E)
Wifi Standard နဲ့ Frequency band

Wifi router တွေရဲ့ generation ဟာလည်း အရေးကြီးပါတယ်။ အခုလက်ရှိကတော့ Wifi 6 (Speed ကတော့ 9.6 Gbps) ပြီး သူဟာ wifi 5 (bandwidth 3.5 Gbps) ထက် 250% ပိုမြန်ပါတယ်။

Antenna အရေအတွက်ကလည်း အရေးကြီးဆုံး အခန်းကနေ ပါဝင်ပါတယ်။ antenna များများပါဝင်လေ wifi ရဲ့ လုပ်ဆောင်ချက်ကလည်း ပိုကောင်းလေပါပဲ။ ကြီးမားးတဲ့ antenna ကတော့ ပိုမိုဝေးကွာတဲ့ အကွာအဝေးထိ သွားရောက်နိုင်ပါတယ်။

#crd