မိမိတို့နေစဉ် စားသောက်နေကြတဲ့ အစားအစားတွေထဲမှာ အာဟာရကို ဖြစ်စေနိုင်တဲ့ဓါတ်များ ပါဝင်နေသလို ဘေးထွက်ဆိုးကျိုးများ ဖြစ်စေနိုင်တဲ့အရာများလည်း ပါဝင်နေကြပါတယ်။
ဥပမာအားဖြင့် မိမိတို့မြန်မာလူမျိုးတွေ နှစ်ခြိုက်စွာ စားသုံးနေကြတဲ့ အီကြာကွေးထဲကို ကြွတ်ရွနေ အောင် ကျောက်ကျဉ်တို့လို၊ ဆိုဒါတို့လိုဟာတွေ ထည့်ထားသည့်အတွက် Aluminum ဓါတ်ကို ဖြစ်ပေါ်စေ ပါတယ်။ ၎င်းအလူမီနမ်ဓါတ်ဟာ ဦးနှောက်ဆဲလ်များကို သေစေနိုင်ပြီး မှတ်ဉာဏ်ချို့တဲ့စေသလို လူ့ခန္ဓာကိုယ် အတွက်လည်း ဆိုးကျိုးများကိုဖြစ်ပေါ်စေပါတယ်။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေပါတယ်။ ၎င်းအလူမီနမ် ဓါတ်ကိုခြေဖျက်ပေးနိုင်တာက ပဲနို့ရည်ဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံခြားမှာ ပဲနို့နဲ့အီကြာကွေးကို အမြဲတွဲ ရောင်းပေးလေ့ရှိကြတယ်။
မိမိတို့မြန်လူမျိုးများ နှစ်ခြိုက်စွာ စားသုံးနေကြသည့် ငပိရည်နှင့်တို့စရာတွေထဲမှ အချဉ်ဖောက်ထားသည့် ကတက်ချဉ်၊ မုန်လာချဉ်၊ မုန်ညင်းချဉ်၊ သရက်ချဉ်စတဲ့ ချဉ်ဖတ်အမျိုးမျိုးဟာ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာစတဲ့ရောဂါများကိုဖြစ်ပေါ်စေနိုင်တဲ့ဓါတ်တွေ ပါဝင်နေပါတယ်။ အဲဒီအချဉ်ဖောက်ထားတဲ့ဓါတ်ကို ပယ်ဖျက်ပေးနိုင်တာက ကီဝီသီးတို့လို ဗီတာမင်စီပြည့်ဝတဲ့ အစားအစာဖြစ်ပါတယ်။
အောက်ပါ အစားအစာများကို တွဲဖက်၍ စားသုံးပေးခြင်းဖြင့် ၎င်းအစားအစာတို့တွင် ပါဝင်သော အဆိပ်အတောက်များကို ပြေပျောက်စေပါမည်။
(၁) အသားကင်များစားလျှင် အစာအိမ်ကင်ဆာမဖြစ်အောင် သံပုရာသီးညှစ်ထည့်ပြီး စားပါ။ Cellulose ဓါတ်ပြည့်ဝတဲ့ ကန်စွန်းဥဖုတ် (သို့) စိမ်းစားဥကို စားပေးပါ။
(၂) အဆီအဆိမ့်များလွန်းသော ဒံပေါက်၊ ထောပတ်ထမင်း၊ ကြက်ဆီထမင်းတို့ကိုမစားမီ အနားမှာ ချပေးထားတဲ့ ပူစီနံ ၃ရွက်ခန့်ကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းစေပါမည်။
(၃) လက်ဖက်စားပြီး အစာမကြေ၊ ရင်ပြည့်ရင်ကယ်မဖြစ်အောင် နွယ်ချို၊စမုံစပါး၊ လေးညှင်း၊ ပျားရည်၊ ကြက်သွန်စသည်တို့ပါဝင်ထားတဲ့ လျှက်ဆားဆေး၊ မဟာဖြေဆေးတို့လို ဗမာဆေးများကို အနည်းငယ်မျှ စားပြီး ရေနွေးသောက်လိုက်ပါ။
(၄) မျှစ်ချဉ်သုပ်၊ မျှစ်ချင်ဟင်း၊ မျှစ်ချင်တို့စရာတို့ကို စားတော့မယ်ဆိုလျှင် သံပုရာသီး အနည်းငယ်မျှ ညှစ်ထည့်ပါ။ သို့မဟုတ် စားပြီးလျှင် သံပုရာရည်သောက်ပေးပါ။ အဆိပ်အတောက်များကို ပယ်ပျောက်စေမည်။
(၅) ဆေးဘဲဥအမျိုးမျိုးကိုစားပြီးလျှင် ခဲဓါတ်များပျက်ပယ်သွားအောင် ပဲပြား (သို့) တို့ဟူးကို စားပေးပါ။
(၆) အီကြာကွေးစားပြီးလျှင် မှတ်ဉာဏ်ချို့ယွင်းစေတဲ့ဓါတ်များပယ်သွားအောင် Lecithin ဓါတ်ပြည့်ဝတဲ့ ပဲနို့ ရည်ပူပူလေး သောက်ပေးပါ။
(၇) ဝက်အူချောင်း၊ ကြက်အူချောင်း၊ ဝက်ဆားနယ်ခြောက်၊ ငါးခြောက်တို့ကို စားပြီးလျှင် ကင်ဆာဖြစ်စေ နိုင်တဲ့ဓါတ်များ ပယ်သွားအောင် လက်ဖက်ရည်ကြမ်းကို သောက်ပေးပါ။
(၈) ချဉ်ဖတ်အမျိုးမျိုးစားပြီးလျှင် ကျောက်ကပ်နှင့်ဆီးလမ်းကြောင်း မပျက်စီးအောင် ဗီတာမင်စီပြည့်ဝတဲ့ ကီဝီသီးကို စားပေးပါ။
(၉) ဟော့ပေါ့ (Hot pot) စားပြီးလျှင် အစာအိမ်ပြွန်လမ်းကြောင်းနှင့် ခံတွင်းကင်ဆာမဖြစ်အောင် အပူဓါတ်များကို စုပ်ယူခြေပျက်ပေးနိုင်တဲ့ ကျွဲကောသီးကို စားပေးပါ။