Home HEALTH အိပ်မောကျချိန်မှာ ဟောက်တာဟာ ကျန်းမာရေးအတွက် မကောင်းပါ

အိပ်မောကျချိန်မှာ ဟောက်တာဟာ ကျန်းမာရေးအတွက် မကောင်းပါ

51

လူတွေတော်တော်များများက ညဘက် အိပ်မောကျနေတဲ့အချိန်မှာ ဟောက်တတ်တဲ့ အကျင့်ကို ပေါ့သေးသေးကိစ္စလို့သဘောထားကြပါတယ်။ အမှန်တော့ အိပ်နေတဲ့ အချိန်မှာ ဟောက်တာက သင့်ကျန်းမာရေးအတွက် ဘေးအန္တရာယ်ရှိစေပါတယ်။ ညဘက်အိပ်စက်နေချိန်မှာ မေးရိုး၊လည်ချောင်းနဲ့လျှာကြွက်သားတွေက ကောင်းကောင်း အလုပ်မလုပ်နိုင်ချိန်မှာ နှာခေါင်းနဲ့အသက်မရှူနိုင်တာတွေဖြစ်လို့ ဟောက်ပြီး ပါးစပ်နဲ့အသက်ရှူခြင်းတွေဖြစ်လာရတာပါ။ ဒီလိုဟောက်တတ်တဲ့သူတွေက တစ်ညမှာ အကြိမ်ရာချီပြီး ဟောက်တတ်ကြပါတယ်။ လူအများစုကတော့ အိပ်စက်ရင်း ဟောက်ရလွန်းလို့တစ်ရေးနိုးပြီး မောဟိုက်သလိုခံစားနေရ တတ်ပါတယ်။ မောဟိုက်ခြင်းအပြင်

  • အက်ဆစ်ပြန်စီးကျခြင်း၊
  • ညဘက်တွင် မကြာခဏဆီးထသွားခြင်း၊
  • မှတ်ဉာဏ်ဆုံးရှုံးခြင်း၊
  • စိတ်ဓာတ်ကျခြင်း
  • ဆီးချိုရောဂါဖြစ်ခြင်း
  • နှလုံးရောဂါဖြစ်ခြင်း

အစရှိတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါသေးတယ်။ အသက်၃၅နှစ်နဲ အထက်လူကြီးပိုင်းတွေမှာ အဖြစ်များပါတယ်။

ဟောက်ခြင်းကို ပျောက်အောင်ကုသနိုင်တဲ့ ဆေးပညာတွေ၊ အထောက်အကူပြုပစ္စည်းတွေလဲ ပေါ်ပေါက်နေပြီဖြစ်လို့သိနားလည်းတဲ့ ဆရာဝန်တွေနဲ့ဆွေးနွေးကုသပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ကြပါစေ