အမြင်အားကောင်းစေမည့် အကျင့် ခုနှစ်ရပ်အမြင်အာရုံကို ကောင်းမွန်အောင် ဂရုစိုက်ပေးတာက ဘဝအရည် အသွေးကို တိုးတက် စေပါတယ်။ အောက်ပါ အကျင့်ကောင်းတွေကို ထိန်းသိမ်းနေထိုင်တာကြောင့် အမြင်အာရုံကို ကောင်းမွန်စေပါတယ်။
မျက်စိကို နေကာမျက်မှန်ဖြင့် ကာကွယ်ပါ
နေရောင်ခြည်ရဲ့ အန္တရာယ်ရှိတဲ့ ခ ရမ်းလွန်ရောင်ခြည်တွေဟာ မျက်စိကို ထိ ခိုက်မှု ဖြစ်စေပြီး အတွင်းတိမ်ရောဂါနဲ့ မက်ကူလာယိုယွင်းမှုတို့ ဖြစ်နိုင်ခြေမြင့် တက်စေပါတယ်။ နေရောင်ထဲတွင် ကြာ ကြာနေသူတွေ၊ အတွင်းတိမ်ခွဲစိတ်မှု ခံယူ ထားသူတွေနဲ့ ဆီးဆေး၊ တက်ထရာဆိုက် ကလင်းလို တချို့ဆေးတွေ မှီဝဲနေသူတွေ အနေနဲ့ မျက်စိကို ခရမ်းလွန်ရောင်ခြည် နဲ့ မထိတွေ့သင့်ပါဘူး။ ဒါ့အပြင် နေကာ မျက်မှန်ဟာ ခရမ်းလွန်ရောင် ခြည်ဒဏ် ကြောင့် မျက်စိအမြင်အာရုံမထိခိုက် အောင် ကာကွယ်ပေးပါတယ်။
ဆေးလိပ် မသောက်ပါနှင့်
ဆေးလိပ်သောက်တာကြောင့် အ တွင်းတိမ်ရောဂါဖြစ်စေနိုင်သလို မက်ကူ လာယိုယွင်းပျက်စီး မှု ဖြစ်နိုင်တဲ့ အန္တရာယ် ကိုလည်း မြင့်တက်စေပါတယ်။ ဆေးလိပ် သောက်တဲ့သူတွေက ကျန်းမာရေးနဲ့ မညီ ညွတ်တဲ့ အစား အသောက်နဲ့ အရက် သောက်တဲ့အခါ အမြင်အာရုံဆုံးရှုံးစေနိုင် တဲ့ စက္ခုအာရုံကြောထိခိုက်မှုကို ဖြစ်စေ နိုင်ပါတယ်။ ဆေးလိပ်သောက် တာကြောင့် မျက်စိခြောက်သွေ့မှုဖြစ်တတ်သူတွေမှာ မျက်စိစပ်ဖျဉ်းဖျဉ်းဖြစ်နိုင်ခြေ ပိုများပါ တယ်။
အယ်လ်ကိုဟောကို လျှော့သောက်ပါ
အရက်သောက်တာကြောင့် မျက်စိ အပါအဝင် ခန္ဓာကိုယ်ကို ရေဓာတ်ခန်း ခြောက်မှုဖြစ်စေနိုင် ပါတယ်။ မျက်စိ ခြောက်သွေ့တဲ့ ဝေဒနာတွေက အရက် သောက်တဲ့အခါ ပိုဆိုးနိုင်ပါတယ်။ အရက် ကို ပမာဏ များများသောက်တာ ကြောင့် အာဟာရချို့တဲ့မှုပြဿနာတွေကို ဖြစ်စေ နိုင်ပြီး စက္ခုအာရုံကြောဆိုင်ရာ ရောဂါကို ဖြစ်စေနိုင်ပါတယ်။
သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပါ
အဆီဓာတ်နဲ့ သကြားဓာတ်များနဲ့ အစာတွေကို စားတာကြောင့် သွေးတွင်း သကြားဓာတ် အတက်မအကျ ဖြစ်စေတဲ့ အန္တရာယ်ကို မြင့်တက်စေပြီး ဆီးချိုရော ဂါကို ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါရှိရင် သွေးတွင်း သကြား ဓာတ်ကို တည် ငြိမ်အောင် မထိန်းနိုင်တဲ့အခါ အတွင်း တိမ်ရောဂါနဲ့ ရေတိမ်ရောဂါအပြင် ဆီးချို ကြောင့် မျက်စိအာရုံခံလွှာ ရောင်ရမ်းမှုတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွေးတွင်း သကြားဓာတ် ထိန်းချုပ်နိုင်မယ့် အစာ တွေကို စားသင့်ပါတယ်။
သွေးဖိအားနှင့် ကိုလက်စထရောကို ပုံမှန်ထိန်းပါ
သွေးတိုးတာကြောင့် မျက်စိအာရုံခံ လွှာရောင်ရမ်းမှု ဖြစ်စေနိုင်ပြီး ကုသမှု မ ခံယူရင် မျက်စိ မမြင်နိုင်တဲ့အထိ ဖြစ်စေ နိုင်ပါတယ်။ သွေးတိုးတာကြောင့် မျက်စိ မှာ အာရုံခံလွှာရောင်ရမ်းတာ၊ ရေတိမ် ဖြစ်တာနဲ့ မက်ကူလာ ယိုယွင်းပျက်စီးတာ တို့ကို ဖြစ်စေနိုင်ပါတယ်။ သွေးတွင်းကို လက်စထရောများတဲ့အပြင် သွေးတိုးတာ ကြောင့် လေဖြတ်နိုင်တဲ့ အန္တရာယ်ကို လည်း မြင့်တက်စေပါတယ်။
အင်တီအောက်ဆီးဒင့်များသော အစာကို စားပါ
အင်တီအောက်ဆီးဒင့်ပါတဲ့ အစား အသောက်တွေကို စားတာကြောင့် မက် ကူလာယိုယွင်းမှု ဖြစ်နိုင်ခြေကို ၂၅ ရာခိုင် နှုန်း နှေးကွေးစေပါတယ်။ အင်တီအောက် ဆီးဒင့်ဟာ အတွင်းတိမ်ဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။ ဗီတာမင်အေဟာ မျက်စိအာရုံခံလွှာကျန်းမာရေးအတွက် အရေးပါပြီး အရောင်နဲ့ ညဘက်မမြင် တာတို့ မဖြစ်အောင် ကာကွယ်ပေးပါ တယ်။ လူတင်နဲ့ ဇီဇန်သင်းတို့လို အာဟာရဓာတ် တွေဟာ မက်ကူလာယိုယွင်းမှုမဖြစ်အောင် ကာကွယ်ပေးသလို အိုမီဂါ ၃ ဖက်တီး အက်စစ်ဟာ မျက်စိခြောက်သွေ့မှုနဲ့ မျက် စိစွန်တာ မဖြစ်အောင် ကာကွယ်ပေးပါ တယ်။
မျက်စိကို ပုံမှန်စစ်ဆေးမှု ခံယူပါ
ပုံမှန် မျက်စိစစ်ဆေးမှု ခံယူတာဟာ မျက်စိကျန်းမာရေးကို ကောင်းမွန်စေပါ တယ်။ မျက်စိကို စစ်ဆေးတာကြောင့် မျက်စိရောဂါတွေအပြင် ခန္ဓာကိုယ်ရော ဂါတွေကိုလည်း သိရှိနိုင်လို့ပါ။