အပူပိုင်းဒေသများတွင် ပေါက်ရောက်သည်။ သဘာဝအလျောက် အလေ့ကျပေါက်ရောက် သည်။ ဆေးဖက်ဝင်အဖြစ်လည်း ပန်းအိုးများဖြင့်သော်လည်းကောင်း၊ မြေတွင်ချ၍သော်လည်းကောင်း ပြုစုစိုက်ပျိုးထားနိုင်သည်။ အရည်ရွှမ်းသော နှစ်ရှည်ခံ ပင်ပျော့မျိုး ဖြစ်သည်။ အရည်ရွှမ်းသော အပင်ရင်းမှစုပြုံ၍ဖြာထွက်သည်။ အပေါ်မျက်နှာပြင်သည် အနည်းငယ်ခွက်သည်။ ရွက်ထိပ်ချွန်၍ ရွက်နားတွင် ဆူးကလေးများ ရှိသည်။
♥ အပင်
အရည်ရွှမ်းသောပင်ပျော့ပင်ငယ်မျိုးဖြစ်၍ အမြင့် ၁ ပေ မှ ၁၁/၂ ပေထိမြင့်၏ ။ ပင်စည်လုံးသတ်သတ်မရှိဘဲ အပင်ရင်းမှ အရွက်များ ၅ ခု ၆ ခု ဖြာလျက်ထွက်သည်။
♥ အရွက်
အပေါ်အခွံ အစိမ်းနုရောင်ရှိပြီးအတွင်း၌ ကျောက်ကျောကဲ့သို့ပျစ်ချွဲသော အရည်အသားများ ပြည့်လျက် ရှိသည်။ အလျား နှစ်တောင်မျှ ရှည်၍ အနံ လေးလက်မ ၊ အထူ၁ လက်မ ၂ လက်မ ထိ ထူ၏ ။ ရွက်နား ပတ်လည် ဆူးကလေးများ ခြား ၍ ရှိသည်။
♥ အပွင့်
၃-၄ နှစ်သား အရွယ်ရှိသော အပင်တွင် ရှည်လျားသော ပန်းခိုင် ထွက်လာပြီး နီဝါရောင်ပန်းပွင့်လေးများပန်းခိုင်ထိပ်တွင် စုပြုံပွင့်၏ ။
► အသုံးဝင်ပုံ
အရွက်။
♥ အာနိသင်
မြန်မာဆေးကျမ်းများအလိုအရရှားစောင်းလက်ပက်သည် အေးခါးသော အရသာရှိပြီး လေကိုနိုင်၏။ အားကို ဖြစ်စေသော အစွမ်း သတ္တိရှိသည်။
► အရွက်အသုံးပြုပုံ
၁။ ရှားစောင်းလက်ပက်သည် မီးယပ်ဆေးအဖြစ် အလွန်ထင်ရှား ၏ ။ ရှားစောင်းလက်ပပ်အတွင်းသားကို ပေါက်ပင် ပဉ္စငါးပါး မီးရှို့ ၍ ရသောပြာကိုချက်သည့် ဆားအနည်းငယ်ဖြူးစားသော် မီးယပ်သွေးစင်ကြယ် စွာဆင်း၏။
၂။ရှားစောင်းလက်ပက်သည် အနာစိမ်း ၊ ဖျဉ်းစွဲ ရောဂါ ၊ အသည်းရောဂါ ၊ အရေပြားရောဂါ ၊ အဖျားရောဂါ၊ ပန်းနာ၊ နူနာ ၊ ကိုယ်ရေဝါ ရောဂါ ၊ ဆီး၌ကျောက်တည်သောရောဂါများ ကို အလွန်နိုင်နင်းသောဆေးပင် ဖြစ်သည်။
၃။ ရှားစောင်းလက်ပက်သည် လိမ်းဆေးအဖြစ်နှင့် လည်းကောင်း အလွန်စွမ်းရည် ရှိသော ဆေးပင်ဖြစ်၍ ၎င်း၏ အတွင်းသားကို ဝမ်းဗိုက်ကပ်၍အုံပေးပါက သွေးလုံးလေလုံးများကို ပြင်ပသို့ ထုတ်ဆောင် နိုင်၏ ။
၄။ရှားစောင်း လက်ပက် ၏ အတွင်းသား ဖြင့် မျက်စိ ကို အုံပေး ပါက မျက်စိနာ ခြင်း ၊ ကိုက်ခြင်း ၊ ပူစပ်ခြင်း ပျောက်၏ ။
၅။ရှားစောင်း လက်ပက် အတွင်းသား ကို အရည်ညှစ် ပြီး မီးနွေး နွေး ပြု၍ နားတွင်းသို့ ခတ်ပေး က နားကိုက် နားနာ လျင်မြန်စွာ ပျောက်ကင်း ၏။
၆။ ခြေလက် တို့တွင် ပေါက်သော အကျိတ်နာ သွေးစုနာများ ပေါ်တွင် ရှားစောင်း လက်ပက်ကို စည်းပေး ထားပါက အကျိတ်ကြေ ၍ ပြည်ပေါက် မြန်ပြီး ငန်းမန်း ကျစေသည်။
၇။ ကိုယ်ရေဝါ (Jaundice) ရောဂါ ရှိသူ များ အရွက်သားကို စားပါက ဆီးဝမ်းသက်ပြီးရောဂါလည်း ပျောက်၏။
၈။ အရွက်အတွင်းသားကို အပေါ်မှ နနွင်း မှုန့် ဖြူး၍ မျက်စိ တွင် အုံပေးလျှင် မျက်စိနာခြင်း ၊ ကိုက်ခြင်း ၊ ပူစပ်ခြင်း များ ပျောက်ကင်း၏။
၉။ အတွင်းသားကို လက်ချား မီးဖောက်အမှုန့် အနည်းငယ်ဖြူး၍စားလျှင် ရေဖျဉ်းရောဂါပျောက်ကင်း၏။
၁၀။ ရှားစောင်းလက်ပက် အနှစ်ကိုခြစ်ယူ၍ ဆန်ဆေးရည်တွင် စိမ်ပြီးလျှင် သကြားထည့်သောက်ပါကဆီးပူ၊ ဆီးအောင့် ၊ ဆီးထိုးခြင်း ပျောက်ကင်းသည်။