Home USABLE TIPS ဆန်ပိုးမတက်စေရန် ကာကွယ်နည်း

ဆန်ပိုးမတက်စေရန် ကာကွယ်နည်း

2

နည်းလမ်း 1 – ရှာလကာရည်ကို ခွက်တစ်ခုထဲထည့်ပါ။၎င်းခွက်ကို ဆန်အိုးထဲတွင်ထားပါ။ ယင်းအနံ့ကို မခံနိုင် သော အင်းဆက်များ ဖြစ်သည့်အတွက် အလွယ်ကူဆုံးနှင့် ထိရောက်ဆုံးဖယ်ရှားရှင်းလင်းနိုင်မည်ဖြစ်ပါသည်။

* ချွင်းချက် / မှောက်မကျအောင်သတိပြုပါ။

နည်းလမ်း 2 – ဆန်အိုးထဲကို သံပုရာရွက်/သံပုရာသီး ထည့်ပါ။ ၎င်းအနံ့ကို မခံနိုင်သောကြောင့် ဤနည်းလမ်း သည်လည်း ထိရောက်သော နည်းလမ်းဖြစ်ပါသည်။

နည်းလမ်း 3 – ဆန်အိုးထဲကို ငရုပ်သီးခြောက်များစိုက်ထည့်ပါ ၎င်းတွင် ညှော်နံ့ရစေသော capsaicin ပါဝင်ပါ သည်။ ပိုစပ်လေလေ၊ ၎င်းကိုကိုက်မိသောပိုးများနှင့် ညှော်နံ့ကြောင့် ဤနည်းဖြင့်လည်း ဖယ်ရှားနိူင်ပါသည်။

နည်းလမ်း 4: ပိုးမွှားများသည် နေရောင်ခြည်နှင့် အပူကို မကြိုက်ပါ။ပိုးမွှားရှိနေသော ဆန်များကို နေလှန်းပါ။ နေအပူဓာတ်ကြောင့်လည်း ဆန်ပိုးများကို ဖယ်ရှားရှင်းလင်းနိုင်မည်ဖြစ်ပါသည်။

နည်းလမ်း 5 – စတီးလ်ဇွန်းများကို ဆန်အိုးထဲတွင် စိုက်ပါ။သံမဏိဇွန်းများတွင် ခရိုမီယမ်၊ ကာဗွန်နှင့် နီကယ် များစွာ ပါဝင်သောကြောင့် ဤနည်းလမ်းသည် အထူးဆန်းဆုံးဖြစ်ပြီး သံမဏိဇွန်းများသည် ဆန်ထဲတွင် အနုတ် ဓာတ်ပါသောကြောင့် ပိုးမွှားများ ကိုဖယ်ရှားရှင်းလင်းနိုင်မည် ဖြစ်ပါသည်။

#credit