Home HEALTH အသည်းရောဂါအတွက် ဆေးဖက်ဝင် ဆူးပဒေါင်းပင်

အသည်းရောဂါအတွက် ဆေးဖက်ဝင် ဆူးပဒေါင်းပင်

17

အသည်းရောဂါကြောင့် တကိုယ်လုံး ဖောယောင်ပြီး ဒုက္ခခံစားနေတဲ့ ဝေဒနာရှင်များအတွက် သဘာဝဆေးပင်တမျိုးကို မျှဝေပေးချင်ပါတယ်။

လက်တွေ့သောက်သုံးပြီး အမှန်တကယ်ပျောက်ကင်းခဲ့သည့်အတွက် ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါတယ်။

၄င်းဆေးပင်အမည်မှာ အညာဒေသအခေါ် ဆူးပဒေါင်းပင် (ဆူးပန်းတောင်းပင်)၊ အောက်ပြည်အခေါ် မိကျောင်းအန်ဖတ်ပင် ဖြစ်ပါတယ်။

ဆူးပဒေါင်းပင်ဟာ အလေ့ကျပေါက်တဲ့အပင်မျိုးဖြစ်ပြီး လယ်ကွင်းစပ်၊ တောစပ်အနီးတို့တွင် တွေ့ရတတ်ပါတယ်။

အပင်မှာ ဆူးအနည်းငယ် ပါပါတယ်။ အောက်ပိုင်းမှာဆိုလျှင် ဟင်္သာတမြို့နှင့် ရန်ကုန်လှည်းကူးတို့တွင် အလွန်ပေါပါတယ်။ အပင်၏ ပုံစံကို ပုံနှင့်တကွ တွဲ၍ ဖော်ပြပေးလိုက်ပါတယ်။

ဆေးနည်း

ဆူးပဒေါင်းပင်ကို အမြစ်ပါအောင် နှုတ်ယူပါ။

အမြစ်ပေါ်မှ မြေကြီးများ၊ ရွှံ့များ စင်ကြယ်သွားအောင် ရေထဲကို စိမ်ထားပြီး စင်ကြယ်အောင် ၃-၄ ကြိမ်ခန့် ဆေးပေးပါ။

၄င်းအပင်၏ ပဉ္စငါးပါးကို အပိုင်းပိုင်း ခုတ်ပြီး ရေ ၃ ခွက် ၁ ခွက်ကျန်အောင် ကျိုပါ။

ဆေးရည်အရောင်ဟာ ညိုမည်းမည်းအရောင်ထွက်လာပါလိမ့်မည်။

၄င်းဆေးကျိုရည်ထဲကို ဒိုပါလာသကြားကို အမှုန့်ကြိတ်၍ အနည်းငယ်ထည့်ပြီး သောက်ပါ။ (ဒိုပါလာသကြားကို ဘယဆေးဆိုင်များတွင် ၀ယ်ယူနိုင်ပါတယ်)

ဆေးရည်သောက်ပြီးလျှင် ဆီးခဏခဏ သွားပါလိမ့်မည်။

တနေ့တအိုး ကျိုသောက်၍ ၃ ရက်ခန့် သောက်ပြီး ရောဂါသိသာစွာ သက်သာပျောက်ကင်းပါလိမ့်မည်။

၄င်းဆူးပဒေါင်းပင်ကျို အဖတ်ကို နေရိပ်တွင် အခြောက်လှန်း၍ လက်ဖက်ခြောက်ကဲ့ ရေနွေးခတ်သောက်နိုင်ပါတယ်။

အသည်းရောဂါများသာမကပဲ ကျောက်ကပ်ရောဂါနှင့် ဆီးရောဂါများအတွက်လည်း ပြန်လည်ကောင်းမွန်လာစေပါတယ်။

Credit