ကားအဲကွန်းက မအေးတော့ဘူး။ လေပူတွေမှုတ်နေတယ်။ အေးတော့ အေးတယ် အရင်လောက် မအေးဘူး။ ကားအုံနာတိုင်း အနည်းနဲ့အများ ကြုံဖူးကြမှာပါ။ ဒါဆို ဒီအောက်က အချက်လေးတွေ သိဖို့လိုပါပြီ
- ဂတ်(စ်)နည်းတာ၊ ကုန်တာ (Refrigerant) အဲကွန်းက လေပူမှုတ်နေပြီဆိုရင် အဖြစ်အများဆုံးက ဂက်(စ်) နည်းတာ၊ ကုန်တာကြောင့် ဖြစ်တာပါ။ အဲကွန်းမှာ အအေးဓာတ်ထုတ်ပေးတဲ့ အဓိကပစ္စည်းက ဂတ်(စ်)ပါ။ ဂတ်(စ်)ယိုစိမ့်မယ်၊ နည်းမယ်၊ ကုန်မယ်ဆို ဘယ်လိုမှ အေးမှာ မဟုတ်တော့ပါဘူး။
- ကွန်ပရက်ဆာ မကောင်းတာ ကွန်ပရက်ဆာကလည်း အရေးပါပါတယ်။ ဂတ်(စ်)တွေကို ဖိသိပ်ပြီး အဲကွန်းစနစ်ထဲကို လည်ပတ်စေဖို့ လုပ်ဆောင်ပေးတာ ကွန်ပရက်ဆာပါ။ ဒီကောင် မကောင်းရင် ဂတ်(စ်)အပြည့်ရှိနေလည်း အဲကွန်းအေးမှာ မဟုတ်ပါဘူး။
- အပူကွိုင် မကောင်းတာ (Condenser- အငွေ့မှ အရည်ပြောင်းပေး) ကွန်ဒန်ဆာက ဂက်(စ်)ထဲမှာပါလာတဲ့အပူကို ဖယ်ရှားပြီး လေထုထဲကို စွန့်ထုတ်ပေးတာပါ။ ကွန်ဒန်ဆာမကောင်းရင် အပူစွန့်ထုတ်မှုအားနည်းပြီး လေပူမှုတ်လာပါမယ်။
- လေလိုင်းတွေ ပိတ်တာ အအေးကွိုင်ကနေ ထွက်လာတဲ့ လေလိုင်းတွေ ပိတ်နေရင်လည်း အအေးပေါ့ပါမယ်။ Filter လဲတာ၊ သန့်ရှင်းရေးလုပ်တာမျိုးတွေ လုပ်ပေးရပါမယ်။
- ဝါယာလိုင်း ပြဿနာ ရီလေး၊ ခလုတ်နဲ့ ဝါယာလိုင်းတွေမှာ ပြဿနာတစ်ခုခုရှိရင်လည်း ဖြစ်တတ်ပါတယ်။
- အပူချိန်ညှိတဲ့ခလုတ်နဲ့ သာမိုစတက် ပျက်တာ ကားဒက်ရှ်ဘုတ်မှာပါတဲ့ အဲကွန်းအပူချိန်ညှိပေးတဲ့
ခလုတ်လေးပျက်ရင်လည်း ဖြစ်တတ်ပါတယ်။ သာမိုစတက် မကောင်းရင်လည်း ဒေတာအမှားတွေ ပို့တဲ့အတွက် အဲကွန်းက မအေးတော့ပါဘူး။ - ဘလိုဝါဖန် မကောင်းတာ ဘလိုဝါဖန်က အဲကွန်းလိုင်းရဲ့ လေလှည့်ပတ် စီးဆင်းမှုကို လုပ်ဆောင်ပေးတာဖြစ်လို့ သူမကောင်းရင်လည်း အေးမှာမဟုတ်ပါဘူး။ မော်တာပျက်တာတို့ တအားညစ်ပတ်နေတာတို့ဆို ဖြစ်တတ်လေ့ရှိပါတယ်။
- အညစ်အကြေးတွေဝင်ပြီး ပိတ်ဆို့နေလို့ အဲကွန်းစနစ်မှာ ဖုန်တွေ၊ အမှုန်တွေဝင်နေမယ်။ အစိုဓာတ်ဝင်တဲ့အခါ ဖုန်ကနေ ဂျက်တည်ပြီး ပိတ်ဆို့မယ်။ ဒါဆိုရင် လေစီးဆင်းမှု ဂတ်စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်ပြီး အဲကွန်း မအေးတော့တာမျိုး ဖြစ်တတ်ပါတယ်။
Credit to original up-loader ပြန်လည်မျှဝေပေးခြင်းပါ။