ကားကို တာယာ / အောက်ပိုင်း/ အင်ဂျင်/ မီး / ဝိုက်ပါ / ဟွန်း စသည် ဖြင့်စစ်ဆေးကြရတဲ့အပြင် နောက်ထပ်ဂရုစိုက်ဖို့ လိုအပ်တဲ့အချက် တစ်ခု ရှိပါတယ်။ အဲဒါကတော့ မိမိကားပေါ်မှာ တင်ဆောင်သယ်ပိုးရမယ့်လူ / ပစ္စည်းများရဲ့ အလေးချိန် (LOAD) ကို အတတ်နိုင်ဆုံး ညီမျှနေအောင် တင်ဆောင်ဖို့ အရေးကြီးလှပါတယ်။ Weight Distribution လို့ခေါ်ပါတယ်။ လမ်းတွေ ကျဉ်းမြောင်းပြီး မကောင်းစဉ် အချိန်ကာလတုန်းက ဟိုက်ဝေး ကုန်တင်ကား ယာဉ်မောင်းကြီးများဟာ ကားမောင်းကျွမ်းကျင်ရုံနဲ့ မပြီးသေးပဲ ကုန်စည်များကိုလည်း ညီမျှအောင် တင်တတ်ကြရပါတယ်။
Weight ကို ညီမျှအောင်မတင်ရင် မိမိကား အောက်ပိုင်း ဘယ်လိုပဲ ကောင်းအောင်ပြင်ဆင်ထားလည်း အရှိန်မြင့် မောင်းနှင်စဉ် ဒုက္ခရောက် တတ်ပါတယ်။ ကားမောင်းတာဘယ်လောက်ပဲ ကျွမ်းကျင်ပါတယ် ဆိုသော်လည်း ကားတစ်စီးဟာ ရူပဗေဒ သဘောတရား အပေါ်သာ အခြေခံပြီး သစ္စာရှိရှိ ရွေ့လျားနေတာကြောင့် ဝန်ပို တင်ဆောင် မောင်းနှင်မိလို့ ဒုက္ခရောက်ခဲ့ရသူတွေမနည်းခဲ့ပါ။
High Way လမ်းတွေပေါ် တွေ့နေကျ တစ်ချို့ Mini / Light Truck တွေ ကားကလည်း ညာမောင်း နောက်ဘက်မှာ ထိုင်လိုက်နေသူ ၆ ယောက်မှာ ၄ ယောက်က ညာဘက် အခြမ်းမှာ ၂ ယောက်က ဘယ်ဘက် အခြမ်းမှာ အဲဒီတော့ ညာဘက်မှာ ၅ယောက် ဘယ်ဘက်မှာ ၂ ယောက် ကားကလဲ ညာဘက် ကို စောင်းနေတာတောင် အကွေ့တွေကို ကီလို ၁၀၀ လောက်နဲ့ ဝင်ကွေ့တယ်။ အကွေ့ပေါ်လည်း ရောက်ရော မနိုင်တော့ ဘရိတ်ကို ကောက်နင်း လိုက်ချိန်မှာ နောက်မှာ ထိုင်လိုက်လာသူတွေ မြေခကြရတယ်။ လူတွေကိုလဲ ညီညီမျှမျှ နေရာချ ထိုင်ပါစေ။ ပစ္စည်းများကိုလည်း အပေါ်ဝိတ်ကို လျှော့ချ ဘယ်/ညာ ညီမျှအောင်တင်ဆောင် မောင်းနှင်ပါက ကီလို ၁၀၀ နင်းကြည့်ရင်တောင် ကားမှာရပ်နေသလားတောင် ထင်ရပါသည်။