လက်ဖဝါး ခြေဖဝါး ထုံကျင်တာတွေ လုံးဝပျောက်ကင်းသွားသလိုပဲ
အစာခြေစနစ်ကိုလည်း ကူညီပေးတယ်၊ အက်ဆစ်ပြန်ဆန်တာ (GERD)၊ ဗိုက်ပြည့်တာ၊ ဗိုက်ပူတာ၊ ဒါမှမဟုတ် ပျို့အန်ချင်တဲ့အခါမှာလည်း အများကြီး သက်သာစေတယ်
အသုံးပြုရမည့် ပါဝင်ပစ္စည်းများ
• ပင်စိမ်းရွက် (အရိုးနဲ့ အပွင့်များအပါအဝင်) လက်တစ်ဆုပ်စာခန့်
• ဂျင်းအရင့် အချပ်လေးများ လှီးထားပါ – ၁၅ ချပ်ခန့်
• ရေသန့် ၁.၅ လီတာ
ပြုလုပ်နည်း
ရေကို ဆူအောင် တည်ပါ။ ပင်စိမ်းနဲ့ ဂျင်းတို့ကို ထည့်ပြီး ၁၀ မိနစ်ခန့် ဆက်တည်ပါ။ ပြီးရင် ရေကို စစ်ယူပါ။
နွေးနွေးလေး တစ်ခွက် (ကော်ဖီခွက်တစ်ခွက်စာ) ကို မနက်စာနဲ့ ညစာစားပြီးတိုင်း နေ့စဉ် ပုံမှန် သောက်ပေးပါ။
ဆက်လက်သောက်သုံးမယ်ဆိုရင် သွေးလေ လှည့်ပတ်မှု ကောင်းလာမယ်၊ အသားအရေလည်း ကြည်လင် လာမယ်လို့ ကျွန်မတို့ ထင်တယ်။
ချွေးထွက်စေတယ်၊ အချွဲသလိပ်တွေ ကင်းစင်စေတယ်၊ ကိုယ်ခန္ဓာလည်း အရမ်းပေါ့ပါး လန်းဆန်းစေတယ်နော်။
#credit




