Home HEALTH လိပ်ပြာပုံစံ အိပ်စက်ခြင်း

လိပ်ပြာပုံစံ အိပ်စက်ခြင်း

29

“လိပ်ပြာပုံစံ အိပ်စက်ခြင်း” (Reclining Bound Angle Pose)
ဒီနည်းလမ်းက ခန္ဓာကိုယ်ကို အတင်းအကျပ် ဖြေလျှော့ခိုင်းတာမျိုးမဟုတ်ဘဲ သဘာဝအတိုင်း အနားယူစေတဲ့ နည်းလမ်းဖြစ်ပါတယ်။
ပြုလုပ်ပုံ –
၁။ ပက်လက်လှဲအိပ်ပါ။
၂။ ခြေဖဝါးနှစ်ခုကို အချင်းချင်း ထိကပ်ထားပါ။
၃။ ဒူးနှစ်ဖက်ကို ဘေးသို့ အသာအယာ ချထားပါ။ (လိပ်ပြာပုံစံ)
၄။ အိပ်ရာမဝင်ခင် ဒီအတိုင်း ၅ မိနစ်ကနေ ၁၀ မိနစ်လောက် ငြိမ်သက်စွာ နေပေးပါ။
ဒီလိုလုပ်ပေးခြင်းဖြင့် အသက်ရှူရတာ ပိုဝပြောလာပြီး စိတ်တည်ငြိမ်လာပါလိမ့်မယ်။
#credit
#ဆေးနည်း #ကျန်းမာရေး #အိပ်မပျော်ခြင်း #ကျန်းမာရေးဗဟုသုတ #အိပ်စက်ခြင်း #HealthTips