သွေးပျစ်ခြင်း ဟာ မကောင်းဘူး
သွေးကျဲ နေမှပဲနေလို့ ထိုင်လို့ ကောင်းတယ်။ သွေးပျစ် နေရင် သွေးတိုး၊ သွေးကြော ပိတ်၊သွေးခဲ၊ ဆီးချို၊ ကိုယ်လက်ကိုက်ခဲ လေးလံ
ထိုင်းမှိုင်း စသည်ဖြင့်ရောဂါ အမျိုးမျိုး
ဖြစ်ဖို့ သိပ်လွယ်တယ်။
ဒါကြောင့် သွေးကို ခပ်ကျဲကျဲပဲထားရမှာ ဖြစ်တယ်။
သွေးကျဲ နေဖို့ လိုအပ်တဲ့အတွက်သွေးပျစ်သူ တွေဟာသွေးကျဲဆေးသောက်နေ ကြရလေ့ရှိတယ်။
အဂ်လိပ်ဆေး ကိုနေ့တိုင်း မသောက်ချင်ကြတဲ့ သူတွေကတော့သဘာဝဆေးကိုတောင်း ကြပါတယ်။
သဘာဝ အစားအစာထဲက သွေးကျဲအောင်
လုပ်ပေး နိုင်တာကတော့ နေကြာစေ့ပဲ ဖြစ်ပါတယ်။
နေကြာစေ့က ဘာကြောင့် သွေးကျဲ အောင်လုပ်ပေး နိုင်တာလဲ။ နေကြာစေ့ အဆံထဲမှာဆီတွေ ရှိနေပါတယ်။
အဲဒီ ဆီထဲမှာ ဗီတာမင် E အပြည့် ပါပါတယ်။
ဗီတာမင်E က သွေးကျဲအောင်အဓိကလုပ်ပေးတာဖြစ်တယ်။
အနောက် နိုင်ငံကလူတွေ နှလုံးသွေးကြောမပိတ်အောင်ဗီတာမင် Eကိုအဓိက သောက်ကြတယ်။
သွေးကျဲ ဖို့နဲ့သွေးကြော ထဲမှာBlock မဖြစ်ဖို့၊ သွေး လည်ပတ်မှု ကောင်းဖို့တွေ အတွက်ဖြစ်တယ်။
#နေကြာစေ့ကို ရှမ်း လူမျိုးတွေ အမြဲစား ကြလေ့ရှိတယ်။ ရာသီဥတု အရမ်း အေးတဲ့ အချိန် မျိုးမှာတောင် နေကြာစေ့ က သွေး မပျစ်အောင် သွေး မခဲအောင် လုပ် ပေးနိုင်တယ်။
အရင်ခေတ်က နှလုံးရောဂါ သည်တွေ သွေးကြော မပိတ်အောင် သွေးကျဲအောင် နေကြာစေ့စားကြ လေ့ရှိပါတယ်။
နေကြာစေ့ စားတာဆိုပေမဲ့အပူပြင်းပြင်းနဲ့
လှော်ထားတဲ့နေကြာစေ့ မျိုးတော့မစားနဲ့။
ဘာလို့လဲ ဆိုရင်ဗီတာမင်E ကအပူပေးတာ များရင်ပျက်စီးသွားတတ်လို့ ဖြစ်ပါတယ်။ မီးနဲနဲ နဲ့ လှော်ရင်တော့ မပျက်စီးဘူး။
ကောင်းတာကတော့ နေကြာစေ့ အစိမ်း ဝယ်ပြီးကိုယ့်ဟာ ကိုယ်လှော်စား သင့်တယ်။
အိမ်ကျမှမီးပါးပါးနဲ့ ဒယ်အိုးထဲထည့်လှော် စားတယ်။
ချက်ချင်းလှော်ချက်ချင်းစားတာ သိပ်စားလိူ့ ကောင်းပါတယ်။
သွေးကျဲဖို့ အတွက်နေကြာစေ့ ဓါတ်စာအပြင်
ရေများများသောက်ဖို့လည်း လိုတယ်။ရေသောက် နဲရင် သွေး ပျစ်တယ် သွေး ချိုတယ် သွေး ငန်တယ်။သွေး ညစ်တယ်။
ဒါကြောင့် 50Lbကို ရေတစ်လီတာနှုန်း သောက်ရမယ်။
ဥပမာအားဖြင့် ပေါင်၂၀၀ရှိတဲ့ သူဟာ နေ့စဉ် ရေ၄ ပုလင်း အနဲဆုံး သောက်ရမယ်။
ရာသီဥတု ပူရင်ဒီထက် ပိုသောက် ဖို့လိုပါတယ်။
သွေးကျဲဖို့ အတွက် အချဉ်အရသာ၊ ကြက်သွန်ဖြူနီ၊ နနွင်း၊ ကြွက်နားရွက်မှို တွေ ကိုလည်းစားပေး ဖို့လိုတယ်။
ဒီလိုNetwork နဲ့လုပ်သွားရင် သွေးကျဲပြီး အမြဲ
ကျန်းမာနေပါလိမ့်မယ်။
#Crd


