Home COOKING ဝက်သားအချိုနှပ်

ဝက်သားအချိုနှပ်

58

ဝက်သားသုံးထပ်သား(၃၀သားခန့်)ကို ဆား၊ အရသာမှုန့်၊ တရုတ်မဆလာ တီးဇွန်း ၁ဇွန်း၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ပဲငံပြာရည်အပျစ် တဇွန်း ၊ ဂျင်းကိုအရည်ညှစ်ပြီး အရသာ နာရီဝက်လောက်ကြိုနယ်ထားလိုက်ပါတယ်

-ကြက်သွန်ဖြူ၊ ဂျင်း ထောင်းထားတာထည့်ပြီး ဆီသပ်ပေးပါတယ်…..

-သစ်ကြမ်းပိုးခေါက်တချောင်း၊ နာနတ်ပွင့် ၂ပွင့် ပါထည့်ပြီး ဆီသပ်ပေးပါတယ်…

-ကြက်သွန်ဖြူလေးတွေကျွတ်ပြီး နီလာရင် ဝက်သားကို ထည့်ပြီး အပေါ်ကြောလေးတွေတင်းပြီး… အရောင်လေးရဲ….လာတဲ့ထိ ထည့်ကြော်ပေးပါတယ်…

-ဝက်သားအပေါ်ယံလေးတွေ အရောင်ရဲပြီး အသားတင်းလာရင် ဒန်အိုးထဲပြောင်းထည့်ပြီး ချက်ပါမယ်…
ကြက်သွန်နီကြော်… ဟင်ခပ်ဇွန်း တဇွန်းထည့်ပါမယ်…
ကြက်သွန်နီကြော်မရှိရင်လည်း ….
ကြက်သွန်နီအစိမ်း ပါးပါးလှီးထည့်ချက်လည်း ရပါတယ်နော်…..(အကြော်နဲ့ချက်တာတော့ ပိုကောင်းတယ်ရှင့်…ဟင်းရဲ့ အနံ့၊ အရသာ ပိုမွှေးပါတယ်ရှင့်)

-ရေထည့်ပြီး မီးအေးအေးနဲ့ ဖြေးဖြေးချင်းချက်ပါ့မယ်
ပဲငံပြာရည်အပျစ်၊ ဆား၊ အရသာမှုန့် လိုတဲ့အရသာလေးတွေ ထပ်ထည့်ပေးပါ့မယ်….
ဘဲဥပြုတ်ထားတာလေး ၂လုံးရှိလို့ တခါတည်းထည့်ချက်ထားတာပါ….
ဝက်သားနူးလာပြီဆိုမှ ကြက်သွန်နီဥသေးလေးတွေထည့်ပြီး…. ရေခန်းပြီးဆီပြန်လာအောင် ချက်ပါ့မယ်…

-ညဘက်ထမင်းကြော်နဲ့စားတဲ့ ပုံစံမျိုးကြိုက်ရင် ရေလေးနဲနဲချန်ပြီး အိုးချပါနော်….
ဒါကတော့ ဆီပြန်အောင်နှပ်ထားတဲ့ ဝက်ချိုနှပ်လေးပါ
#credit