အသက် ၄၀ ကျော် လာတာနဲ့ယောင်္ကျား ဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ် ရိုးတွင်း ချဉ်ဆီ ခမ်းလာ တတ်ပါတယ် ။အိမ်ထောင်သည်တွေ ပိုဆိုး ပါတယ် ။
ရိုးတွင်း ချဉ်ဆီ ခမ်းလာရင်အရွယ်ရင့်မြန်လာခြင်း မလှုပ်ချင် မကိုင်ချင် မကြာခဏ ဖြစ်ခြင်း ယောင်္ကျား ဆိုလျှင် ဒူလာဖြစ်ခြင်း ပြင်ပ ရောဂါ ဝင်လွယ်ခြင်းများ ဖြစ်တတ်ပါတယ် ။
ယခု တင်ပြ မှာက မြန်မာ့တိုင်းရင်းနည်း ဖြင့် ရိုးတွင်း ချဉ်ဆီ အားကောင်း နည်းလေးပါ ။
** ဆေးနည်း **
ဖီးကြမ်း ဌက်ပျောသီးကို မီးဖုတ်ပါ ။ပြီးလျှင် ခွက် တစ်ခုထဲ ထည့်ပါ ။နှမ်းဆီ စစ်စစ် ထည့်ပါ ။ သမအောင် ချေမွှပါ ။
ပြီးလျှင် စားသုံး နိုင်ပါပြီ ။ တစ်လ တစ်ကြိမ်နှစ်ကြိမ်ခန့်စားပေးခြင်း ဖြင့် ကျန်းမာ လန်းဆန်း လာပါလိမ့်မည်။


