>> #ဘိုထိုင်အိမ်သာ ထိုင်ခုံမှ <<
>> #ကူးစက်ခံရနိုင်သော ရောဂါ[ ၅ ]မျိုး <<
[ဘိုထိုင်အိမ်သာထိုင်ခုံပေါ်မှာ
ရောဂါပိုးမျိုးစုံရှိနေတတ်ပါတယ်။ ]
[အဓိကအားဖြင့် ဗက်တီးရီးယား၊ တုပ်ကွေး၊ လည်ချောင်းနာပိုး ( စတရက်ကိုကော့ကပ်စ်) ၊ အီးကိုလိုင် (ဝမ်းပျက်ဝမ်းလျှောပိုး) အသည်းရောင်ပိုး၊ စတက်ဖလိုကော့ကပ်စ်၊ တိုက်ဖွိုက်ပိုး (ဆယ်မိုနယ်လား)၊ ရှိဂဲလားနဲ့ နိုဗိုဗိုင်းရပ်စ်တို့ရှိနေတတ်ကြပါတယ်။ ]
[ဘိုထိုင်အိမ်သာထိုင်ခုံရဲ့ တစ်လက်မပတ်လည်တိုင်းမှာ ဗက်တီးရီးယား ၅၀ ကျော် ရှိနိုင်တယ်လို့ သိရပြီး သူ့ကြောင့်ရရှိနိုင်တဲ့ရောဂါတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။]
>> ၁ ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း <<
မသန့်ရှင်းတဲ့ ဘိုထိုင်အိမ်သာထိုင်ခုံမှတစ်ဆင့် ဆီးလမ်းကြောင်းထဲရောဂါပိုး ဝင်ရောက်နိုင်ပါတယ်။
ဆီးအိမ်၊ ဆီးထွက်ပြွန်နဲ့ ကျောက်ကပ်အထိတောင် ရောဂါပိုးကူးစက်နိုင်ပါတယ်။
>>၂ ။ မိန်းမကိုယ်အတွင်း ဗက်တီးရီးယားပိုး
ကူးစက်ခြင်း<<
မိန်းမကိုယ်နေရာမှာ ဗက်တီးရီးယားတွေ အလွန်အမင်းပေါက်ဖွားနေတဲ့အတွက် အဖြူဆင်းပြီး အနံ့နံစော်နိုင်ပါတယ်။
မိန်းမကိုယ်နေရာမှာ အလွန်အမင်း ယားယံ နေတတ်ပြီး ပူစပ်ပူလောင် ခံစားရတတ်ပါတယ်။
>> ၃ ။ ဆီးကျိတ်ရောင်ရမ်းခြင်း <<
အမျိုးသားတွေရဲ့ဆီးကျိတ်က ဗက်တီးရီးယားပိုးကူးစက်ခံရတာကြောင့် ရောင်ရမ်းနေတတ်ကာ ပေါင်ခြံနေရာမှာ နာကျင်ပြီး တုပ်ကွေးကူးစက်ခံရသလို ကိုက်ခဲနေတတ်ပါတယ်။
>> ၄ ။ လိင်မှတစ်ဆင့်ကူးစက်ရောဂါ STDs <<
မသန့်ရှင်းတဲ့ အိမ်သာထိုင်ခုံမှတစ်ဆင့် လိင်မှတစ်ဆင့်ကူးစက်နိုင်တဲ့ရောဂါတွေကို ရရှိနိုင်ပါတယ်။
အများသုံးအိမ်သာသာမက ကိုယ်ပိုင်သုံးအိမ်သာတွေကလည်း မသန့်ရှင်းရင် STDs ရရှိနိုင်ပါတယ်။
STDs ကများသောအားဖြင့် အရေပြားချင်း ထိတွေ့ရာမှ (skin to skin contact) ကူးစက်တတ်လေ့ရှိပါတယ်။
>> ၅ ။ မှက်ခရု ပေါက်ခြင်း <<
မသန့်ရှင်းတဲ့ အိမ်သာထိုင်ခုံကြောင့် အမျိုးသမီးတွေရဲ့ မိန်းမကိုယ်အတွင်းမှိုပိုးတွေ အလွန်အမင်း ပေါက်ဖွားတတ်ပါတယ်။
အိမ်သာစက္ကူကို အသုံးပြုရင် အနောက်မှအရှေ့သို့ ဆွဲသုတ်တာကို ရှောင်ကြဉ်ရပါမယ်။
စအိုနေရာမှာ yeast တွေက အများဆုံးရှိနေတတ်တဲ့အတွက် အိမ်သာသုံးစက္ကူနဲ့ အနောက်မှအရှေ့ကို ဆွဲသုတ်လာရင် ရောဂါပိုးကို ဖြန့်ပေးလိုက်သလို ဖြစ်သွားပါတယ်။
