Home COOKING ကယားဟင်းထုပ်

ကယားဟင်းထုပ်

92

( မုန့်ကြိတ်လို့အဆင်မပြေတဲ့နေရာမို့ ဆန်မှုန့်ဖြင့်ပြုလုပ်ထားသည်)

( မုန့်ကြိတ်လို့အဆင်ပြေတဲ့နေရာမှာဆို ဆန်ကိုရေစိမ်ပြီး မုန့်ကြိတ်လိုက်ရင်ပိုပြီးစားလို့ကောင်းပါသည်)

#ပါဝင်ပစ္စည်း

ကြက်သွန်မြိတ် 500 g ( အစီးကြီး တစ်စီး)

မွှေးဆန်မှုန့် 150 g

ကြက်သား/ ဝက်သား 100 g ( အသားများတာမကြိုက်ရင်လျှော့ထည့်ပါ)

ဆီထမင်းစားဇွန်း 1 ဇွန်း

ဆားအနည်းငယ်

ဟင်းထုပ်_ထုပ်ရန်အတွက် ငှက်ပျောဖက်

#ပြင်ဆင်ခြင်း

ကြက်သားကိုရေဆေးပြီးဆားအနည်းငယ်ထည့်ကာ ရေခမ်းပြုတ်ပါ

ပြီးရင် အတုံးသေးသေးလေးလှီးထားပါ

ကြက်သွန်မြိတ်ကို ရေဆေးပြီး ပုံထဲကအတိုင်း ပါးပါးလှိးထားပါ

ပြီးရင် ဇလုံတစ်ခုထဲကြက်သွန်မြိတ်ထည့် ဆန်မှုန့် ကြက်သား ဆီ ဆားအနည်းငယ်ထည့်ပြီး သမအောင်နယ်ပေးပါ ခြောက်နေရင် ရေအနည်းငယ်ထည့်ပါ ( လိုအပ်မှထည့်ပါ)

ငှက်ပျောဖက်ကိုရေဆေးပြီး ခြောက်အောင်သုပ်ထားပါ

ငှက်ပျောဖက်တွေ မကြွပ်အောင်မီးအနည်းငယ်ပြပြီး ကိုယ်လိုချင်တဲ့ပမာဏကို လှီးဖြတ်ထားပါ

ပြီးရင်နယ်ထားသောပါဝင်ပစ္စည်းတို့ကို ပုံထဲကအတိုင်းငှက်ပျောဖက်ဖြင့်ထုပ်ပြီး ပေါင်းမယ့်ဇကာထဲထည့်ပါ

အကုန်လုံးထုပ်ပြီးရင် ပေါင်းမယ့်အိုးထဲရေထည့် ဇကာက အိုးပေါ်တင် အဖုံဖုံးပြီး မိနစ် ၄၀ လောက်ပေါင်းပေးပါ

မိနစ်၄၀ ပြည့်ရင်ကျက်ပါပြီး ဂျူးမြစ် ငြုတ်သီးကြော် ရှမ်းချဉ်နဲ့တွဲစားလို့ရပါပြီ

#credit