Home COOKING ငါးဖတ်ချောင်းနဲ့ ငါးသားလုံးအရသာရှိရှိ ကိုယ်တိုင်လုပ်နည်း

ငါးဖတ်ချောင်းနဲ့ ငါးသားလုံးအရသာရှိရှိ ကိုယ်တိုင်လုပ်နည်း

21

ပါဝင်ပစ္စည်းများ……..
၁. ငါးအသား ၁၁၀၀ ဂရမ်
(ငါးကြင်း၊ ငါးဒေါင်းလီ၊ ငါးခူ၊ သို့မဟုတ် ငါးတန်)
၂. ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၃. အရသာမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၄. ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
၅. ကော်မှုန့် စားပွဲတင်ဇွန်း ၄ ဇွန်း
၆. မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
၇. ပဲငံပြာရည်အဖြူ စားပွဲတင်ဇွန်း ၆ ဇွန်း
၈. ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
၉. ရေအေး စားပွဲတင်ဇွန်း ၂ ဇွန်း
၁၀. ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း……..
၁။ ငါးအသားကို သေးသေးလေးတွေ လှီးပြီး လက်ကိုင် blender နဲ့ ညက်အောင် ကြိတ်ပါ။ သို့မဟုတ် ထောင်းပါ။
၂။ ငရုတ်ကောင်းမှုန့်၊ အရသာမှုန့်၊ ဆား၊ ကော်မှုန့်၊ မုန့်ဖုတ်ဆိုဒါ၊ ပဲငံပြာရည်အဖြူ၊ ရေအေး၊ ဆီတို့ကို ထည့်ပြီး ပါဝင်ပစ္စည်းများအားလုံး သမအောင် ထပ်မံကြိတ်ပါ။
၃။ ကြိတ်ပြီးသော အသားကို ရေခဲသေတ္တာအအေးခန်းထဲမှာ ၄၅ မိနစ် သို့မဟုတ် တစ်ညလုံး ထည့်ထားပါ။
၄။ လုပ်ထားတဲ့အထဲက တစ်ဝက်ကို ငါးလုံးလုပ်ဖို့ ခွဲယူနိုင်ပါတယ်။

ငါးအသားလုံး ပြုလုပ်နည်း………
* ရေကို ဆူအောင်တည်ပြီး မီးအနိမ့်ဆုံးလျှော့ပြီး ရေငြိမ်သည်အထိ စောင့်ပါ။ ရေငြိမ်သွားတဲ့အခါ ကိုယ်ကြိုက်နှစ်သက်ရာ အရွယ်အစားအတိုင်း ငါးလုံးလေးတွေ လုံးထည့်ပါ။
* ပြီးရင် မီးအလယ်အလတ်နဲ့ ငါးလုံးတွေ ရေပေါ် ပေါ်လာတဲ့အထိ ဆက်ပြုတ်ပါ။
* ၁ မိနစ် သို့မဟုတ် ၂ မိနစ်လောက် ထပ်ပြုတ်ပြီးရေခဲရေထဲကို ချက်ချင်းထည့်ပါ။
* ငါးလုံးများ မာလာပါက ဆန်ခါပေါ်တင်ကာ ရေစစ်ထားပါ။

ငါးဖယ်ချောင်း ပြုလုပ်နည်း………
* ကျန်တဲ့တစ်ဝက်ကို ငါးဖတ်ချောင်းလုပ်ဖို့ ကြက်သွန်မြိတ်
စားပွဲတင်ဇွန်း ၃ ဇွန်းထည့်ပြီး သမအောင် နယ်ပါ။
* ၄ ပုံပုံပါ၊ တစ်ပုံကို ၁၂၀ ဂရမ်စီ ပုံပါ။
* ငှက်ပျောဖက် ဒါမှမဟုတ် သတ္တုပါးပြားပေါ်မှာ ဆီသုတ်ပါ။
အသားတစ်ပုံစီကို ငါးဖယ်ချောင်းရှည်ပုံစံ လှိမ့်ပြီး ခပ်
တင်းတင်းလေး ထုပ်ပါ။
* မီးအလယ်အလတ်နဲ့ မိနစ် ၂၀ လောက် ပေါင်းပါ။
* ပြီးရင် အအေးခံပြီး ငှက်ပျောဖက်တွေကို ဖယ်ထုတ်ပါ။
* ပြီးရင် မီးအလယ်အလတ်နဲ့ အနည်းငယ်ရွှေညိုရောင်သန်းလာတဲ့အထိ ကြော်ပါ။ ဒါကို အခြားဟင်းလျာများတွင်လည်း ထည့်သွင်းအသုံးပြုနိုင်ပါသည်။

Crd