#နားကိုက်ချင်းအတွက် ဂျင်းကိုနားထဲအစက်ချရုံနဲ့ပျောက်ကင်းစေသော သဘာဝဆေးနည်း လေးကို မေတ္တာတရား အရှေ့ထား၍ အနာမျိုး၉၆ပါး ရောဂါမှ ကင်းဝေကြပါစေ
အချိန်မတော်နားကိုက်၍ရုတ်တရပ်ဆေး၀ယ်ရန် ခက်ခဲကာ ဘာလုပ်ရမည်မသိ လူအတော်များများနှင့် မိသားစု၀င်များထဲတွင် ဖြစ်ဖူးတတ်ကြပါလိမ့်မည်။
ထိုသို့ဖြစ်ပါလျှင် ဆေးဖက်၀င်အာနိသင်ဖြင့် ပြည့်ဝနေသော အိမ်တိုင်းမီးဖိုဆောင်တွင်ဆောင် ထားတတ်သည့်သဘာ၀ချင်းကို သတိရကြပါ။
မခံမရနိုင်အောင် နားကိုက်ခြင်း အတွက် လတ်ဆတ်သော ချင်းကို ရေဖြင့်သန့်စင်အောင် ဆေးကြောပြီး ထုထောင်း၍ အရည်ထုတ်ယူပါ။
တိုင်းရင်းဆေးပညာအခေါ်အရ သတ္တုရည်ဟု ခေါ်ပါသည်။ ရရှိသောဂျင်းသတ္တုရည်ကို သန့်စင်သောစတီးဇွန်းထဲသို့ထည့်ပြီး ဖယောင်း မီးလေးဖြင့် ပူရုံမျှ အပူပေးပါ။
နွေးနွေးလေးဆိုရပါပြီ။ ကိုက်နေသောနားအတွင်းသို့(၅) စက်မျှချပေးလိုက်ပါ။
နားကိုက်ခြင်းရောဂါ သက်သာပျောက်ကင်းသွားပါမည်။
ထိုနည်းမှာ ချင်း နားအစက်ချဆေးနည်းဖြစ်ပါသည်။
မိမိကိုယ်တိုင်လည်းခံစားဖူးသလို၊မိသားစု၀င်လူကြီး/ကလေးများ နားကိုက်ခြင်းဝေဒနာခံစားရပါက တင်ပြပါ
ချင်းနားအစက်ချဆေးရည်နည်းဖြင့်သာ ကုသပေးခဲ့ပြီး သက်သာပျောက်ကင်းခြင်း မျိုးရှိခဲ့ပါသည်။
သင့်မိသားစုတွင်နားကိုက်ပါက ထူးထူးထွေထွေ မလိုဘဲ အိမ်တိုင်း ၏မီးဖိုဆောင်တွင် အမြဲ
အသင့်ရှိနေတတ်သော ချင်းတစ်မျိုးသာ လိုပါကြောင်း သိမီသမျှတင်ပြလိုက်ပါသည်။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Crd
