Home COOKING ဆိုက်ကော်လုပ်နည်း

ဆိုက်ကော်လုပ်နည်း

49

ပါဝင်ပစ္စည်းများ
နှစ်သက်ရာအသား – 500 g (နုတ်နုတ်စင်းထားပြီး ) ( ဝက်သားဆိုရင် အဆီအခေါက်စုံအောင် ထည့်ပါ )
ရှောက်ဘီလူးရွက် (သို့မဟုတ်) ရှောက်ရွက် – ထမင်းစားဇွန်း ၁ ဇွန်း ( နုတ်နုတ်စင်းထားပြီး )
နံနံပင် – ထမင်းစားဇွန်း ၁ ဇွန်း ( နုတ်နုတ်စင်းထားပြီး)
ကြက်သွန်မြိတ် – ထမင်းစားဇွန်း ၁ ဇွန်း ( နုတ်နုတ်စင်းထားပြီး )
သကြား – ထမင်းစားဇွန်းဝက်
ဆား – ထမင်းစားဇွန်းဝက်
ကြက်ဥ – ၁ လုံး
ငရုတ်သီးခြောက် – ၁၀ တောင့်
ပဲငံပြာရည်အနောက် – ထမင်းစားဇွန်းဝက်
နနွင်းတက် – ထမင်းစားဇွန်းဝက် ( အနည်းငယ် နုတ်နုတ်စင်းထားပြီး )
စပါးလင် – ထမင်းစားဇွန်း ၁ ဇွန်း ( အနေတော် လှီးဖြတ်ထားပြီး )
ကြက်သွန်ဖြူ – ထမင်းစားဇွန်းဝက် ( နုတ်နုတ်စင်းထားပြီး )
ပုဇွန်ငါးပိ – လက်ဖက်ရည်ဇွန်းဝက်
ကြက်သွန်နီဥအသေး – ထမင်းစားဇွန်း ၁ ဇွန်း ( ပါးပါးလှီးထားပြီး )

ပြုလုပ်နည်း
အထက်ပါ ပါဝင်ပစ္စည်းအားလုံးကို ရောနှယ်ပြီး မိနစ် ၃၀ ခန့် နှပ်ထားပါ။
ပလတ်စတစ်အကြည်သားကို ဖြန့်ခင်းပြီး ခုနက နှပ်ထားတဲ့ အဆာကို ထည့်ပီး ဝက်အူချောင်းပုံ လိပ်ပေးပါ ( အကြီးအသေး နှစ်သက်သလို လိပ်ပါ )။ အဆာကို ကျစ်ကျစ်လစ်လစ်လိပ်ပြီးနောက် ပလတ်စတစ်အကြည်သားကို ဖယ်ထုတ်လိုက်ရင် ဝက်အူချောင်းပုံရပါပြီ ။
အဆိုပါ အဆာကျစ်ကျစ်လစ်လစ် ဝက်အူချောင်းပုံကို (တုတ်ထိုးလိုက ထိုး)
ကင်ပီးရင်တော့ …
(ဝက်အူချောင်းပုံ မလိပ်ချင်ရင်လည်း အလုံးလေးတွေ လုံးပေးပြီး ကင်ပေးရင်လည်း ရပါတယ်)
*ဝက်အူနဲ့ လုပ်ချင်ရင်တော့ သွပ်မယ့် ဝက်အူထိပ်ကို ကတော့တပ်ပီး အဆာတွေကို ထည့်ပီး နှီးနဲ့ ထုံးပါ။ ( တချို့က အစာသွပ်လိုက် အောက်ဆွဲချလိုက်ပီး အလုံးပုံလည်း လုပ်ပါတယ် )
အရမ်းကို မိုက်တဲ့ နာမည်ကြီး ဆိုက်ကော် ရပီပေါ့။

***နှစ်သက်မိတဲ့ Asian Food တခုကို မြန်မာ့ခံတွင်းနဲ့ ကိုက်အောင် ပြုလုပ်ထားပါတယ်။

#Credit