ပါ၀င်ပစ္စည်းများ ..
ဆန်စိမ်းမှုန့် … ၁ ထုပ်
မုန်လာဥနီ … ၂ ဥ
ဆား … အနည်းငယ်
ပြင်ဆင်ပြုလုပ်နည်း …
– ဦးစွာ မုန်လာဥနီကို အခွံခွာရေဆေးပြီး အမျှင်သေးသေးလေးများရအောင်ခြစ်ထားပါ။
– ဆန်စိမ်းမှုန့်ကို ရေအသင့်အတင့်ထည့်ပြီး မုန့်နှစ်ရေစေရန်နယ်ပါ။ ဆားအနည်းငယ်ထည့်ပေးပါ။ မုန့်နှစ်ကို ခပ်ပျစ်ပျစ်ပြုလုပ်ပေးပါ။
– ပြီးလျှင် ကြွေပန်းကန်လုံး (သို့) စတီးပန်းကန်လုံး အသန့်ထဲသို့ ခြစ်ထားသည့်မုန်လာဥနီများကို ဖြူးခင်းပြီး မုန့်နှစ်များကို ထည့်ပါ။
– မုန့်နှစ်အပေါ်တွင် မုန်လာဥနီများထပ်ဖြူးပြီး အပေါ်မှ မုန့်နှစ်ထပ်အုပ်ပါ။
– ပြီးလျှင် ပေါင်းအိုးဖြင့် မိနစ် ၂၀ ၊ နာရီဝက်ခန့်ပေါင်းပေးပါ။
– ပြီးလျှင် မီးဖိုပေါ်မှချပြီး အအေးခံကာ ဘေဘီလေးတွေကို ကျွေးနိုင်ပါပြီ။
#crd




