မိမိမွေးသည့်နှစ် မြန်မာသက္ကရာဇ်ကို(၇)ဖြင့်စားပါ။
(၁) ကြွင်းသူများ
တနင်္ဂနွေ သားသမီး (ဘင်္ဂ) ဖွား၊ တနင်္လာ (ပုတိ) အင်္ဂါ (သိုက်)၊ ဗုဒ္ဓဟူး (မရဏ ) ၊ ကြာသပတေး (အဓိပတိ) ၊ သောကြာ (ရာဇ ) ၊စနေ (အထွန်း) ဖွား များဖြစ်ကြသည်။
မဟာဘုတ်(၁)ကြွင်း သူများသည် အထွန်းဖွားဖြစ်သော စနေ၊ သိုက်ဖွားဖြစ်သော အင်္ဂါ၊ ရာဇ ဖွားဖြစ်သော သောကြာ သားသမီးတို့ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်သည်။
(၂) ကြွင်းသူများသည်
တနင်္ဂနွေ သားသမီး (အထွန်း) ဖွား၊ တနင်္လာ (ဘင်္ဂ) အင်္ဂါ (ပုတိ)၊ ဗုဒ္ဓဟူး (သိုက် ) ၊ ကြာသပတေး (မရဏ) ၊ သောကြာ (အဓိပတိ ) ၊စနေ (ရာဇ) ဖွား များ ဖြစ်ကြသည်။
မဟာဘုတ်(၂)ကြွင်း သူများသည် အထွန်းဖွားဖြစ်သော တနင်္ဂနွေ၊ သိုက် ဖွားဖြစ်သော ဗုဒ္ဓဟူး၊ ရာဇ ဖွားဖြစ်သော စနေ သားသမီးတို့ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်သည်။
(၃) ကြွင်းသူများသည်
တနင်္ဂနွေ သားသမီး (ရာဇ) ဖွား၊ တနင်္လာ (အထွန်း) အင်္ဂါ (ဘင်္ဂ)၊ ဗုဒ္ဓဟူး (ပုတိ ) ၊ ကြာသပတေး (သိုက်) ၊ သောကြာ (မရဏ ) ၊စနေ (အဓိပတိ) ဖွား များဖြစ်ကြသည်။
မဟာဘုတ်(၃)ကြွင်းသူများသည် အထွန်းဖွားဖြစ်သော တနင်္လာ၊ သိုက်ဖွားဖြစ်သော ကြာသပတေး၊
ရာဇ ဖွားဖြစ်သော တနင်္ဂနွေ သားသမီးတို့ကို
အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်သည် ။
(၄) ကြွင်းသူများသည်
တနင်္ဂနွေ သားသမီး (အဓိပတိ) ဖွား၊ တနင်္လာ (ရာဇ) အင်္ဂါ (အထွန်း)၊ ဗုဒ္ဓဟူး (ဘင်္ဂ) ၊ ကြာသပတေး (ပုတိ) ၊ သောကြာ (သိုက် ) ၊စနေ (မရဏ) ဖွား များဖြစ်ကြသည်။
မဟာဘုတ်(၄) ကြွင်းသူများသည် အထွန်းဖွားဖြစ်သော အင်္ဂါ၊ သိုက်ဖွားဖြစ်သော သောကြာ၊ ရာဇဖွားဖြစ်သော တနင်္လာ သားသမီးတို့ကို
အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်သည် ။
(၅) ကြွင်းသူများသည်
တနင်္ဂနွေ သားသမီး (မရဏ) ဖွား၊ တနင်္လာ (အဓိပတိ) အင်္ဂါ (ရာဇ)၊ ဗုဒ္ဓဟူး (အထွန်း ) ၊ ကြာသပတေး (ဘင်္ဂ) ၊ သောကြာ (ပုတိ ) ၊စနေ (သိုက်) ဖွား များဖြစ်ကြသည်။
မဟာဘုတ်(၅) ကြွင်းသူများသည် အထွန်းဖွားဖြစ်သော ဗုဒ္ဓဟူး၊ သိုက်ဖွားဖြစ်သော စနေ၊ ရာဇဖွားဖြစ်သော အင်္ဂါ သားသမီးတို့ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်သည်။
(၆) ကြွင်းသူများ
တနင်္ဂနွေ သားသမီး (သိုက်) ဖွား၊ တနင်္လာ (မရဏ) အင်္ဂါ (အဓိပတိ)၊ ဗုဒ္ဓဟူး (ရာဇ ) ၊ ကြာသပတေး (အထွန်း) ၊ သောကြာ (ဘင်္ဂ ) ၊ စနေ (ပုတိ) ဖွား များဖြစ်ကြသည်။
မဟာဘုတ်(၆) ကြွင်းသူများသည် အထွန်းဖွားဖြစ်သော ကြာသပတေး၊ သိုက်ဖွားဖြစ်သော တနင်္ဂနွေ၊ ရာဇ ဖွားဖြစ်သော ဗုဒ္ဓဟူး သားသမီးတို့ကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်သည်။
(၀) ကြွင်း သူများသည်
တနင်္ဂနွေ သားသမီး (ပုတိ) ဖွား၊ တနင်္လာ (သိုက်) အင်္ဂါ (မရဏ)၊ ဗုဒ္ဓဟူး (အဓိပတိ) ၊ ကြာသပတေး (ရာဇ) ၊ သောကြာ (အထွန်း) ၊စနေ (သိုက်) ဖွား များဖြစ်ကြသည်။
မဟာဘုတ်(၀) ကြွင်းသူများသည် အထွန်းဖွားဖြစ်သော သောကြာ၊ သိုက် ဖွားဖြစ်သော တနင်္လာ၊ ရာဇ ဖွားဖြစ်သော ကြာသပတေး သားသမီးတို့ကို
အိမ်ထောင်ဖက်အဖြစ် ရွေးချယ်သင့်သည်။
#အထွန်းဖွား ချမ်းသာခြင်း၊ ဦးစီးဦးဆောင်ပြုခြင်း၊ရေရှည်ခိုင်မြဲခြင်း၊ ချစ်ခင်မြတ်နိုးခြင်း၊ ပညာပြည့်ဝခြင်း၊ ထင်ရှားထက်မြက်ခြင်း။
#သိုက်ဖွား စီးပွားဥစ္စာတိုးတက်ခြင်း ချစ်ခင်မြတ်နိုးခြင်း၊ လုံခြုံနွေးထွေးအေးချမ်းခြင်း၊ ကြင်နာသနားခြင်း၊ ဂရုစိုက်ခြင်း၊ စိတ်ထားမြင့်မြတ်ခြင်း၊ တည်တံ့ခိုင်မြဲခြင်း။
#ရာဇဖွား ငွေကြေးအဆင်ပြေခြင်း၊ ယုံကြည်အားကိုးမှုရခြင်း၊ ချစ်ခင်မြတ်နိုးခြင်း၊ ကျော်ဇောထင်ရှားခြင်း၊ ဦးဆောင်မှုပေးခြင်း။
#အဓိပတိဖွား ပေါင်းလိုက် ကွဲလိုက်ဖြစ်တတ်ခြင်း၊ မိမိထက်ကြီးသူနှင့် အိမ်ထောင်ပြုရတတ်ခြင်း၊ငယ်ရွယ်သူနှင့် အိမ်ထောင်ပြုပါက မမြဲတတ်ခြင်း၊ကောင်းတခါ ဆိုးတလှည့် ဖြစ်တတ်သည်။
#ပုတိဖွား ဘေးတိုက်ကပ်ဖဲ့လုပ်တတ်ခြင်း၊မျက်နှာများတတ်ခြင်း၊ သဝန်တိုတတ်ခြင်း၊ အထင်လွဲခြင်းများရှိတတ်သည်။
#ဘင်္ဂဖွား စကားများရခြင်း၊ ရန်ဖြစ်ခြင်း၊ သည်းမခံတတ်ခြင်း၊ အထင်လွဲခြင်း များရှိတတ်သည်။
#မရဏဖွား ကျန်းမာရေးညံ့တတ်ခြင်း၊ ကျန်းမာရေးအတွက် ပူပင်ရခြင်း၊ မုဆိုးဖို၊ မုဆိုးမ ဖြစ်တတ်သည်၊ အထင်လွဲခြင်းများ ရှိတတ်သည်။
ဗေဒင်သဘောမျှသာ ဖြစ်ပါသည်။
တဦးနှင့် တဦးတူညီမည် မဟုတ်ပါ။
မိမိတို့၏ ကိုယ်ကျင့်သီလနှင့် လည်းသက်ဆိုင်ပါသည်။ မိမိတို့ ကိုယ်ကျင့်သီလအပေါ် မူတည်၍ ပြောင်းလဲမှု ရှိနိုင်ပါသည်။
ဇနီး၊ ခင်ပွန်းအပေါ်မှာ သစ္စာရှိပါ၊ ချစ်ခင်မြတ်နိုးပါ၊ ကြင်နာ သနားပါ၊ ညှာတာ သည်းခံပါ၊ ရိုသေ လေးစားမှုရှိပါ၊ ငွေကြေး ရှာဖွေပေးပါ အလေအလွင့် မရှိအောင် သုံးစွဲတတ်ပါစေ၊ မှားနေလျှင်ထောက်ပြပြီး အပြန်အလှန် နားလည်ခွင့်လွတ်မှု တည်ဆောက်ကာ သာယာအေးချမ်း ပျော်ရွှင်ဖွယ် ကောင်းသော အိမ်ထောင်ရေးဖြစ်အောင်တည်ဆောက် နိုင်ကြပါစေ
#credit