သိုင်းရွိုက်ရောဂါအတွက် ဆောင်ရန်ရှောင်ရန် !အစားအစာများ

21

သိုင်းရွိုက်ဂလင်းသည် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်များကို ထိန်းညှိပေးသည့် ဟော်မုန်းများကို ထုတ်ပေးသောကြောင့် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အလွန်အရေးကြီးပါသည်။

ဟော်မုန်းထုတ်လုပ်မှု နည်းလွန်းခြင်း (ဟိုက်ပိုသိုင်းရွိုက်) သို့မဟုတ် များလွန်းခြင်း (ဟိုက်ပါသိုင်းရွိုက်) တို့ကြောင့် သိုင်းရွိုက်ရောဂါများ ဖြစ်ပေါ်လာပါသည်။

သိုင်းရွိုက်ဝေဒနာသည်များသည် အခြေအနေပြောင်းလဲနိုင်သောကြောင့် ၆ လတစ်ကြိမ် ပုံမှန်ဆေးစစ်ရန် အရေးကြီးပါသည်။

အမျိုးသမီးများသည် ဤဝေဒနာကို ပိုမိုခံစားရတတ်ပြီး ရောဂါလက္ခဏာများအနေဖြင့် မျက်စိအနည်းငယ်ပြူးခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ရင်တုန်ခြင်း၊ ချွေးထွက်များခြင်း၊ ကိုယ်လက်လေးလံထိုင်းမှိုင်းခြင်း စသည်တို့ကို ခံစားရတတ်ပါသည်။

အလုပ်ပင်ပန်းလွန်းပါက ရောဂါပို၍ထတတ်ပါသည်။

သင့်တင့်လျောက်ပတ်သော အစားအစာများသည် ရောဂါပျောက်ကင်းရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ပါသည်။

ဆောင်ရန်ရှောင်ရန် အစားအစာများ

ဆောင်ရန်များ (စားသုံးသင့်သည်များ)

အိုင်အိုဒင်းပါသော ဆား တစ်မျိုးတည်းကိုသာ သင့်တင့်သော ပမာဏဖြင့် စားသုံးပါ။ (အိုင်အိုဒင်းသည် သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ရန် မရှိမဖြစ်လိုအပ်သော်လည်း၊ အလွန်အကျွံစားသုံးခြင်းကို ရှောင်ပါ။)

ဒူးရင်းသီး သည် သိုင်းရွိုက်နှင့် လည်ပင်းအကျိတ်ကျန်းမာရေးကို သက်သာကောင်းမွန်စေနိုင်သည်ဟု ဆိုပါသည်။

ဂေါ်ရခါးသီး ထဲတွင် ကော့ပါးဓာတ် (Copper) အများအပြားပါရှိပြီး၊ ၎င်းသည် ဟော်မုန်းထုတ်လုပ်ခြင်းနှင့် စုပ်ယူခြင်းစသည့် သိုင်းရွိုက်၏လုပ်ငန်းဆောင်တာများကို အထောက်အကူပြုကာ သိုင်းရွိုက်ကို ကျန်းမာစေပါသည်။

ပိန္နဲသီး ထဲရှိ ကော့ပါးသတ္တုဓာတ်များသည် သိုင်းရွိုက်၏ ဇီဝကမ္မလုပ်ဆောင်ချက်များကို ကောင်းကျိုးပြုကာ သိုင်းရွိုက်ကို ကျန်းမာစေပါသည်။

ကန်စွန်းရွက် သည် အိုင်အိုဒင်းဓာတ်ကြွယ်ဝပြီး စားပေးခြင်းဖြင့် သိုင်းရွိုက်ဟော်မုန်းများကို မျှခြေဖြစ်စေကာ ဟိုက်ပိုသိုင်းရွိုက်အကျိတ်ဂလင်းကို များစွာအထောက်အကူ ပြုပေးပါသည်။ (သို့သော် ဟိုက်ပါသိုင်းရွိုက်ဖြစ်ပါက သတိထား၍ စားသုံးသင့်ပါသည်။)

ရှောင်ရန်များ

(လျှော့ချ သို့မဟုတ် ရှောင်သင့်သည်များ)

မုန်ညင်းစိမ်း (နှင့် ပန်းဂေါ်ဖီ၊ ကိုက်လန် စသော Cruciferous အမျိုးအစား ဟင်းသီးဟင်းရွက်များ) တွင်ပါရှိသော Goitrogens ဓာတ် တစ်မျိုးသည် သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်ခြင်းကို ကြီးစွာသော အဟန့်အတားဖြစ်စေနိုင်သောကြောင့် အလွန်အကျွံစားသုံးခြင်းကို ရှောင်ရှားသင့်ပါသည်။

(သို့သော် ချက်ပြုတ်ခြင်းဖြင့် ဤဓာတ်ကို လျှော့ချနိုင်သည်ဟု ဆိုပါသည်။)

တို့ဟူး (နှင့် ပဲပိစပ်ထွက်ပစ္စည်းများ) သည် Selenium ဓာတ် ပါရှိ၍ သိုင်းရွိုက်အကျိတ်ကို ပုံမှန်ဖြစ်စေသော်လည်း၊ တို့ဟူးထဲရှိ Isoflavones ဓာတ် က အလွန်အကျူးစားသုံးပါက သိုင်းရွိုက်ကို ဘေးဥပဒ်ဖြစ်စေနိုင်သည်ဟု သုတေသနအချို့တွင် ဖော်ပြထားသောကြောင့် သတိပြုသင့်ပါသည်။

ဟင်းနုနယ် ထဲတွင် Oxalates ဓာတ် ပါရှိနေသောကြောင့် သိုင်းရွိုက်ဝေဒနာသည်များသာမက ကျောက်ကပ်နှင့် ဂေါက်ရောဂါဝေဒနာသည်များလည်း အလွန်အကျွံ မစားသင့်ပါ။

အလွန်အကျွံ အိုင်အိုဒင်းဓာတ် (ဥပမာ- ရေညှိ၊ ပင်လယ်ရေမှော်များ) ပါသည့် အစားအစာများကိုလည်း ဟော်မုန်းမျှခြေမပြောင်းစေရန် သတိထား၍ စားသုံးသင့်ပါသည်။

(အိုင်အိုဒင်းသည် လိုအပ်သော်လည်း လွန်ကဲပါကလည်း ရောဂါကို ပိုဆိုးစေနိုင်သည်)။

သိုင်းရွိုက်ကျန်းမာရေးအတွက် ဖျော်ရည်တစ်ခွက်
သိုင်းရွိုက်ကျန်းမာရေးအတွက် ဗီတာမင်အေ နှင့် ဗီတာမင်ဘီ တို့သည် မရှိမဖြစ်လိုအပ်ပါသည်။

ဤဖျော်ရည်သည် သိုင်းရွိုက်ဟော်မုန်းထွက်ရှိမှုကို မျှတစေရန် အထောက်အကူပြုပြီး အထူးသဖြင့် အမျိုးသမီးများ၏ ရာသီလာခြင်းနှင့် သွေးဆုံးကိုင်ခြင်းဝေဒနာများကို သက်သာစေနိုင်ပါသည်။

ပါဝင်ပစ္စည်းများ (သဘာဝအော်ဂဲနစ်သီးနှံများကို ရွေးချယ်ပါ):

မုန်လာဥနီ (၁) လုံး (ဗီတာမင်အေ ကြွယ်ဝ၍ သိုင်းရွိုက်ကို ဟော်မုန်းထုတ်ရန် လှုံ့ဆော်ပေးသည်)

သခွားသီး (၁) လုံး (ဗီတာမင်ဘီ ကြွယ်ဝ၍ သိုင်းရွိုက်ဂလင်းများကို အာဟာရဖြစ်စေသည်)

တရုတ်နံနံပင် (၅) ပင် (ဟော်မုန်းထွက်ရှိမှုပမာဏကို မျှတစေသည်)

အုန်းရည် (၁) ခွက် (ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေသည်)

သံပုရာသီး (၁) လုံး

ပြုလုပ်နည်း:

၁။ မုန်လာဥနီ၊ သခွားသီးနှင့် တရုတ်နံနံပင်တို့ကို ရေစင်စင်ဆေးပြီး ကြိတ်စက်ဖြင့် ကြိတ်ချေပါ။

၂။ ထိုအရောအနှောထဲသို့ သံပုရာရည် ညှစ်ထည့်ပါ။

၃။ ပြီးလျှင် အုန်းရေရောထည့်၍ သောက်သုံးနိုင်ပါသည်။

ဤသစ်သီးဖျော်ရည်လေးကို တစ်နေ့တစ်ခွက် မှန်မှန်သောက်သုံးခြင်းဖြင့် သိုင်းရွိုက်ရောဂါသက်သာရာရနိုင်ကြောင်း ကျန်းမာရေးဂျာနယ်တစ်ခုတွင် ဖော်ပြထားသည်ဟု ဆိုပါသည်။

မှတ်ချက်

အစားအသောက်ဆိုင်ရာ အကြံပြုချက်များသည် ရောဂါကုသမှုကို အထောက်အကူပြုနိုင်သော်လည်း၊ သိုင်းရွိုက်ရောဂါရှိပါက ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း ဆေးဝါးများကို မှန်မှန်သောက်သုံးရန်နှင့် အစားအသောက်များကို ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်နှင့် တိုင်ပင်ဆွေးနွေးပြီးမှသာ စားသုံးရန် အထူးအရေးကြီးကြောင်း သတိပြုသင့်
ပါသည်။

#ကျန်းမာရေးဗဟုသုတရကြပါစေ
#credit