Home HEALTH သွေးပျစ်ခြင်း အန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ

သွေးပျစ်ခြင်း အန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ

12

အသက် ၄၀ ကျော်လာတဲ့အခါ နှလုံးနဲ့ သွေးကြောကျန်းမာရေးကို ဂရုစိုက်ချင်သူတွေအတွက် “သွေးပျစ်ခြင်း” က သတိထားရမယ့် အချက်တစ်ခုပါ။ သွေးပျစ်ရင် သွေးလည်ပတ်မှု နှေးကွေးပြီး နှလုံးကို ဝန်ပိစေပါတယ်။ ဒါကြောင့် သွေးကို ကျဲစေပြီး စီးဆင်းမှုကောင်းစေမယ့် အစားအစာ (၆) မျိုးကို မျှဝေပေးလိုက်ပါတယ်။

သွေးပျစ်ခြင်းကို လျှော့ချပေးပြီး သွေးလည်ပတ်မှု ကောင်းမွန်စေမယ့် အစားအစာများ

၁။ အိုမီဂါ-၃ ကြွယ်ဝသော ငါးများ
ဆယ်လ်မွန်၊ ဆာဒင်း နဲ့ ငါးသေတ္တာငါးတွေမှာ အိုမီဂါ-၃ ပါဝင်လို့ သွေးဆဲလ်တွေ စုခဲခြင်းကို တားဆီးပေးပြီး သွေးကြောရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။
၂။ ကြက်သွန်ဖြူ၊ ချင်း (ဂျင်း) နှင့် နနွင်း
ဒီသဘာဝဆေးဖက်ဝင် အပင်တွေက သွေးခဲခြင်းကို သဘာဝအတိုင်း တားဆီးပေးပြီး သွေးကြောတွေကို ပွင့်စေပါတယ်။
၃။ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်များ
ကတ်စတာ၊ ဟင်းနုနွယ် နဲ့ ပန်းဂေါ်ဖီစိမ်းတို့က သွေးကြောနံရံတွေကို ခိုင်မာစေပြီး သွေးကြည်လင်စေပါတယ်။
(မှတ်ချက် – သွေးကျဲဆေးသောက်နေရသူများ အတိုင်းအတာတစ်ခုအထိသာ စားသုံးရန်)
၄။ ဘယ်ရီသီးများနှင့် သလဲသီး
စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ နဲ့ သလဲသီးတွေမှာ ပါဝင်တဲ့ Polyphenol က သွေးပျစ်ခြင်းကို လျှော့ချပေးပါတယ်။
၅။ အစေ့အဆန်များ
အာမွန်စေ့၊ ဝသ်စေ့ (Walnut) နဲ့ Chia seeds တို့မှာပါတဲ့ အဆီကောင်းတွေက သွေးတွင်းအဆီဓာတ်ကို မျှတစေပါတယ်။
၆။ ရေစန့်စန့်သောက်ပါ (အရေးကြီးဆုံး!)
ရေဓာတ်ပြည့်ဝနေခြင်းက သွေးပျစ်ခြင်းကို တိုက်ရိုက်လျှော့ချပေးပါတယ်။

အကြံပြုချက် – မနက်အိပ်ရာနိုးနိုးချင်း ရေတစ်ဖန်ခွက်သောက်တဲ့ အလေ့အကျင့်က မနက်ပိုင်း သွေးပျစ်ခြင်းကို ကာကွယ်ပေးပါတယ်။

ရှောင်ကြဉ်ရမည့်အရာများ
• အချိုဓာတ်လွန်ကဲသော အစားအစာနှင့် အချိုရည်များ။
• ဆီကြော်မုန့်များနှင့် Trans Fat ပါသော အစားအစာများ။
• အရက်သေစာ အလွန်အကျွံသောက်ခြင်း။
• ရေငတ်ခံခြင်း။
“သွေးမပျစ်မှ နှလုံးမပန်းမှာပါ”

ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီကောင်းတွေကို စားသုံးပြီး ရေများများသောက်ပေးရင် တစ်ကိုယ်လုံး သွေးလည်ပတ်မှု ကောင်းမွန်နေမှာ ဖြစ်ပါတယ်။
#credit