ကြက်ရိုးတွေရေဆေး ဆား၊ ဆနွင်း၊ အရသာမှုန့်လေးနယ်ပြီး ဂျင်းထောင်းထည့်ပြီးပြုတ်ထားပါ။ ဗူးညွန့်တစ်စည်း ၊မျှစ်ဝါနု ၁၀သား၊ ရုံပတီသီး ၁၀တောင့်၊ မုန်ညှင်းဖူး တစ်စည်း ၊ငရုတ်အနီတောင့် ၇တောင့် ၊ဆူးပုတ် တစ်စည်း တိုကိုဆားရည်နဲ့စိမ်ရေဆေးပြီး ရေစစ်ထားပါ။ ဆန်လက်တစ်ဆုပ်ကိုလှော်ပြီးထောင်းထားပါ။ ဟင်းရည်အိုးဆူလာရင် မျှင်ငပိလက်ဖက်စားဇွန်းတစ်ဇွန်းထည့် ကြက်သွန်ဖြူနှစ်လုံးထောင်းထည့် ။ကြက်သွန်နီတစ်လုံးလေးစိတ် စိပ်ထည့်ပါ။ ဆန်လှော်မှုန့်ထောင်းထားတာလေးထည့်ပြီး ဆူအောင်ထား ပြီးရင်တော့မျှစ်အရင်ထည့်မယ်။ ကျန်တဲ့အသီးအရွက်တွေအုပ်ပြီး ဆား အရသာမှုန့်လေးခပ် ငရုတ်ကောင်းမှုန့်လေးဖြူး ဆူးပုတ်ရွက်လေးအုပ်လိုက်ပါ။ ဆန်လှော်မှုန့်နံ့မွှေးမွှေးလေးနဲ့အရမ်းစားကောင်းတဲ့ တာလပေါဟင်းလေးတစ်ပွဲရပါပြီနော်။
Credit Mar lay




