| CP(Auto) | သွေးဖြူဥ သွေးနီဥ သွေးမွှားတွေရဲ့ အခြေအနေနဲ့ သွေးအားကောင်း မကောင်း သိရှိအောင် စစ်ဆေးတဲ့ စစ်ဆေးမှုမျိုးပါ |
| Creatinine | ဆီးချို ရောဂါဟာ ကျောက်ကပ် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်နိုင်လို့ ကျောက်ကပ်အတွက် စစ်ဆေးမှုမျိုးပါ ( Urea) လည်း တူပါတယ် |
| Electrolytes | ဆီးချိုရောဂါကြောင့် ဆီးများများသွားတဲ့အခါ ဆုံးရှုံးသွားတဲ့ sodium potassium chloride ဆိုတဲ့ ဓာတ်တွေ အတွက်စစ်ဆေးမှုပါ |
| HBA1c | လွန်ခဲ့တဲ့ ၃လအတွင်း ဆီးချိုရောဂါကို ထိန်းချုပ်နိုင်စွမ်းရှိမရှိ သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ |
| Urine RE | ဆီးချိုရောဂါကို သိရှိနိုင်တဲ့ စစ်ဆေးမှုမျိုးပါ….. |
| FBS (Fasting Blood Sugar ) | ဘာအစားမှ မစားဘဲ ၈နာရီနေပြီး စစ်ဆေးပါက သွေးထဲရှိ သကြားပမာဏ မြင့်တက်မှုကို တိုက်ရိုက် သိစေနိုင်တဲ့ စစ်ဆေးမှုမျိုးပါ |
| HbsAg | အသားရောင်အသားဝါ Bပိုးစစ်တာပါ |
| Alkaline Phosphates | အသည်းစစ်ဆေးတာပါ |
| AFP | အသည်းကင်ဆာစစ်တာမျိုးပါ |
| Lipid profile | သွေးတွင်းအဆီပမာဏကို စစ်တာမျိုးပါ ( ကောင်းကျိုးပေးသော အဆီနဲ့ မကောင်းတဲ့ အဆီတွေကိုကြည့်ပြီး နှလုံး ကျန်းမာရေး အကဲဖြတ်နိုင်ရန်)စစ်ဆေးတာမျိုးပါ |
| VDRL | syphilis အတွက် စစ်ဆေးမှုမျိုးပါ |
| ECG | နှလုံးစစ်ဆေးတာ (နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)မျိုးပါ |
| EST | ပြေးစက်ပေါ် နှလုံးစမ်းသပ်တာမျိုးပါ |
| Urine test | ဆီးစစ်ဆေးတာ ( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )မျိုးပါ |
| Blood Sugar | သွေးတွင်းသကြားပမာဏ စစ်ဆေးတာမျိုးပါ (ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် စစ်ဆေးမှုမျိုးများ ) |
| SGOT, SGPT, Serum Bilirubin.,ALT | အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့ သွေးတွင်း ဘီလီယူဘင်ကိုစစ်တာမျိုးပါ (အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ စစ်ဆေးမှူမျိုးများ) |
| BUN | ကျောက်ကပ်စစ်တာမျိုးပါ |
| Cholesterol | သွေးထဲရှိ ကိုလက်စထရောစစ်တာမျိုးပါ |
| HDL Cholesterol | သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာမျိုးပါ |
| LDL Cholesterol | အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကိုစစ်တာမျိုးပါ |
| Haemogram | (သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)မျိုးပါ |
| HBs Antigen, HCV Antibody | အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာမျိုးပါ |
| Anti HBS | Bပိုး ကိုယ်ခံအားစစ်တာမျိုးပါ |
| Anti HCV | C ပိုးစစ်တာပါ |
| ( X -ray ) | ဓာတ်မှန်ရိုက်တာ (ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)မျိုးပါ |
| (Chest X-ray) | ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာမျိုးပါ |
| USG (Ultrasound) | အယ်ထရာဆောင်း (တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ) အသည်းသည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ အတွက် စစ်ဆေးတာမျိုးပါ |
| Thyroid Function Test | လည်ပင်းကြီးဟော်မုန်းစစ်တာမျိုးပါ |
| T3,T4,TSH | သိုင်းရွိုက် ဟော်မုန်းစစ်တာမျိုးပါ |
| Vitamin D (total) | အရိုးပွရောဂါအတွက်စစ်တာမျိုးပါ |
| Uric acid (Gout) | အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာမျိုးပါ |
| RA | သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာမျိုးပါ |
| ESR | သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် ) အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်းကြီး တီဘီ အဆစ်နာရောဂါ စတဲ့သူတွေကို စစ်တာမျိုးပါ |
| PSA/CA 125/CA 153 | ကင်ဆာဖြစ်နိုင်ခြေရှိမရှိစစ်ဆေးတာမျိုးပါ |
| PSA | ဆီးကျိတ်ကင်ဆာ စစ်တာမျိုးပါ |
| CEA | အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာစစ်တာမျိုးပါ |
| Digital Mammogram | ရင်သားဓာတ်မှန် ရိုက်တာပါ |
| CRP | သွေးကြောရောင်ကိုင်းတာကို စစ်တာပါ |