Home GENERAL ကားတာယာအကြောင်း

ကားတာယာအကြောင်း

128

အလွိုင်း (Alloy) : အလွိုင်း (Alloy) ဆိုသည်မှာ အလူမီယံသတ္ထုဖြင့် ပြုလုပ်ထားသည်။ ပေါ့ပါးသလို သံချေးမတက်သော ကြောင့် Nut ပေါက်များ၊ Tubless တိုင်ပေါက်များ ကျယ်ခြင်းမရှိသည်ကို တွေ့ရမည်ဖြစ်သည်။
[su_spacer size=”5″]
တာယာဆိုသည်မှာ : တာယာဆိုသည်ကို တစ်ပေပတ်လည်ရပ်တည်သွားသည်ဟုလည်း အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ တာယာ များပေါ်တွင်ရေးသားထားသော ဂဏန်းအက္ခရာများသည် တာယာများ၏အချက်လက်များပင်ဖြစ်သည်။
ဥပမာ 195/65R 15 ဆိုသည်တွင် နောက်ဆုံး 15 သည်တာယာ၏အရွယ်အစားဖြစ်သည်။ 195 ဆိုသည်မှာ section width တာယာ၏ဗျက် 195 mm ရှိသည်ကို ရည်ညွှန်းခြင်းဖြစ်သည်။ 65 မှာ aspect ratio ဖြစ်ပြီး တာယာ၏ဗျက်မှာ 65% ရှိသည်ဟု ဆိုခြင်းဖြစ်သည်။ R သည် Tire Construction ဖြစ်သည်။
91T ဆိုသည်မှာ Load to speed အချိုးကိုရည်ညွှန်းခြင်းဖြစ်သည်။ ယင်း တွင် 91 သည် 635 kg ကိုရည်ညွှန်းခြင်းဖြစ်ပြီး T ဆိုသည်မှာ 190km/h ကိုဆိုလိုသည်။
စက်ရုံထုတ် နေ့စွဲကိုမူ ဂဏန်း ၄လေးဖြင့်ဖော်ပြလေ့ရှိသည်။ ရှေ့နှစ်လုံးသည် ရက်သတ္တပတ် (week) ဖြစ်ပြီး၊ နောက် ၂လုံးသည် နှစ် (year) ကိုဖော်ပြသည်။ ဥပမာ (0616) ဆိုပါက ၂၀၁၆ခုနှစ်ဖေဖေါ်ဝါရီ ဒုတိယ အပတ်ထုတ်တာယာဖြစ်သည်။
Inflation Pressure 51 psi ဆိုသောဂဏန်းမှာ အများဆုံး လေထိုး နိုင်သောပမာဏကို ဖော်ပြပေးခြင်းဖြစ်သည်။ Temperature Resistance ဆိုသည်မှာ တာယာများကို ဒေသအလိုက် သုံးစွဲနိုင်ရန်ဖော်ပြပေးခြင်းဖြစ်ပြီး ယင်းတွင် A,B and C ဟုရှိမည်ဖြစ်သည်။၊
A သည် အပူပိုင်းဒေသ၊ B သည်ပုံမှန် (Normal) နှင့် C ဆိုသည်မှာ အအေးပိုင်း (Cold) ကိုရည်ညွှန်းပါသည်။
Traction ဆိုသည်မှာ ဘရိတ်ဖမ်းရာတွင် ကားရပ်တန့်ရန်လိုအပ်သော အကွာအဝေးညွှန်းကိန်းဖြစ်ပြီး AA,A,B နှင့် C တို့နှင့်ဖော်ပြလေ့ရှိသည်။ AA သည်အတိုဆုံးသော အကွာအဝေးတွင် ဘရိတ်မိခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။
Treadwear ဆိုသည်မှာ တာယာပန်းစားနှုန်းကိုဖော်ပြပေးခြင်းဖြစ်ပြီး ဂဏန်း ၃လုံးဖြစ်သော 250,350 and 450 ဖြင့်ဖော်ပြလေ့ရှိသည်။ 450 သည်တာယာစားနှုန်း အနည်းဆုံးဖြစ်သည်။ Tread Depth (Twi) သည်အစွန်းထိပ်တွင် Twi သတိပေးအမှတ်အသားဖြင့် ဖော်ပြလေ့ရှိသည်။ Twi အမှတ်အသားရောက်လာပါက တာယာလဲသင့်ပြီဟု ဆိုလိုခြင်းဖြစ်သည်။[su_spacer size=”15″]
တာယာမှာလည်း ကုဒ်နံပါတ်တွေရှိပါတယ်

ရောင်းတဲ့ဆိုင်အချို့ ကလည် မသိသလို အသုံးပြု့ သူတွေလည် မသိတဲ့အတွက် တာယာအကြောင်း ရောင်းတဲ့ဆိုင်ကိုအရင်မေးပါ။ ဒါမှမဟုတ် မိမိဘာသာ စစ်ဆေးပြီးဝယ်တာကပိုပြီးစိတ်ချရပါတယ်။ ဥပမာ= 65 HR13 =ကားသမားတွေ ခေါ်တာကတော့ နောက်ဂဏန်းကို ယူပါတယ်။ 13 (၁၃လက္မရှိသည့်ဘီးခွေအတွက်) ရှေ့က HRကျတော့ သိတဲ့လူရှိသလို ကျနော်လို မသိခဲ့တဲ့သူတွေအတွက်ပါ။

H=၁နာရီကိုမိုင် ၁၃၀ မြန်နှုန်း ခံနိူင်ရည်ရှိသည်။
R=တာယာအမျိုးအစား
[su_spacer size=”15″]
တာယာကို စစ်ဆေးပြီးမှ ဝယ်ပါ။

  1. ထုတ်လုပ်သည့် နိူင်ငံ
  2. ထုတ်လုပ်သည့် ခုနှစ်
  3. ဥတုသုံးပါး သုံးလို့ရလား
  4. မြန်နှုန်းခံနိူင်ရည်
  5. EECအသိမှတ်ပြုကုဒ်
  6. အမျိုးအစား

တာယာ၏ မြန်နှုန်းခံနိုင်ရည်က အဓိကမို့ ယာဉ်မတော်တဆမှုတွေမှာ တာယာကြောင့်ဖြစ်တာတွေလဲ ရှိလို့ပါ….

  • L = ၁နာရီ 75မိုင်
  • M = ၁နာရီ 81မိုင်
  • N = ၁နာရီ 87မိုင်
  • P = ၁နာရီ 95မိုင်
  • Q = ၁နာရီ 100မိုင်
  • R = ၁နာရီ 105မိုင်
  • S = ၁နာရီ 113မိုင်
  • T = ၁နာရီ 118မိုင်
  • H = ၁နာရီ 130မိုင်

credit
Crd; original post