စတီယာရင်အဆက်များသည် ကားဆပ်စပန့်ရှင်းစနစ်နှင့် ဆက်စပ်နေ၍ ဆပ်စပန်.ရှင်းစနစ်နှင့် ဆက်စပ်နေ၍ ဆပ်စပန့်ရှင်း အဆက်များ တင်းကျပ်နေမှာ စတီယာရင်အဆက်များ တင်းကျပ်နေမည်။ ဘောလ်ဂျွိုင်းများထိပ်တွင် အမဲဆီထိုးရန် ခေါင်းကလေးများ ပါရှိသည်။ စတီယာရင် ဂီယာအုံတွင် ဂီယာဝိုင်ချောဆီများ ထည့်ထားပြီး ဆီယိုစိမ့်မှုမရှိစေရန် အဖျား နှစ်ဘက်စလုံး၌ Oil seal များတပ်ဆပ်ထားသည်။ ဂီယာဝိုင်ထပ်မံဖြည့်တင်းပေးရန် ဆီပေါက်ပါ ရှိသည်။

ကားကြီးများတွင်စတီယာရင် အားစိုက်လှည့်စရာ မလိုအောင် ပါဝါပန့် တပ်ဆင်ထားသည်။ ပါဝါပန့်မှ ဆီတွန်းအားဖြင့် Steering Gear အလုပ် လုပ်သည်။ စတီယာရင်ဂွေ၏ လှည့်အားသည် Rotary Valve ကိုလှည့်ပေးရုံသာဖြစ်သည်။

[su_spacer size=”15″]
Rack & Pinion Steering

ဤအမျိုးအစားသည် အများအားဖြင့် ပါဝါစတီယာရင် အမျိုးအစားဖြစ်သည်။ လူစီးကားငယ်များနှင့် အချို့ Light truck ကားများတွင် Rack & Pinion Steering အမျိုးအစားကို သုံးပါသည်။ စတီယာရင် Shaft တွင် (Pinion) ပီနီယံနှင့် ဆက်သွယ်ထားပြီး ပီနီယံလည်ပါက Rack ဘားတံသည် ဘယ်/ညာကစားသည်။

ပါဝါ Rack & Pinion တွင် ပါဝါပန့်မှာ ပါဝါဆီ ပို့ပေးပြီး ပါဝါဆီ၏ တွန်းအားဖြင့် Rack Piston ကို ကစားစေသည်။ ပါဝါဆီလိုင်းကို Rotary Valve ဖြင့်ထိန်းချုပ်သည်။ ပါဝါစတီယာရင် Column ထိပ်တွင် Rotary valve တပ်ဆင်ထားပြီး စတီယာရင် Wheel ကစားတိုင်း Rotary Valve ကစားသည်။

Rotary valve မှဆီပိုက်လိုင်း (၂) လိုင်းသည် Rock Tube ဖြင့် ဆက်သွယ်ထားသည်။ ယာဉ်မောင်းသူသည် စတီယာရင်ဂွေကို လှည့်လိုက်လျှင် Rotary Valve မှ ပါဝါဆီ တွန်းအားသည် Rack Piston ပေါ် သက်ရောက်ပြီး ခွန်အားစိုက်ထုတ်စရာမလိုဘဲ ကားဘီးကို ဘယ်/ညာချိုး၍ ကစားနိုင်သည်။

[su_spacer size=”15″]
ပြုပြင်ထိန်းသိမ်းခြင်း (Maintenance)

စတီယာရင်စနစ်နှင့် ဆပ်စပန့်ရှင်းစနစ်တို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေ၍ အောက်ပိုင်းစနစ် မကောင်းလျှင်လည်း စတီယာရင် ထိန်းချုပ်မှုကို ထိခိုက်စေသည်။ အောက်ပိုင်းအဆက်များ စား၍ ချောင်နေသော ကားတစ်စီးသည် အလိုင်းမန့်ပါ မှားယွင်းတိမ်းစောင်းနေ၍ စတီယာရင် ထိန်းချူပ်ရ ခက်ခဲပါမည်။ ထို့်ပြင် ရှေ့ဘီးတာယာ ပန်းသားများ ပွန်းစားမှုမြန်ဆန်မည်။ လမ်းရှင်း၍ အမြန်နှုန်း တင်မောင်းပါက စတီယာရင်လူးမည်။ စတီယာရင်ဂွေ တုန်ခါမည်။

ကားတစ်စီး၏ ဆပ်စပန်.ရှင်းစနစ် ပြုပြင်စစ်ဆေးတိုင်း စတီယာရင်စနစ်ကိုပါ စစ်ဆေးပြုပြင်သင့်သည်။ အောက်ပိုင်းတိုက်ရော.၊ ဘောလ်ဂွိူင်းများ၊ ကင်းပင်များ၊ ရာဘာဘွတ်များ တင်းကျပ်ပြီး အလိုင်းမန့်မှန်ကန်နေသော ကားတစ်စီးကို စတီယာရင်ထိန်းချုပ်ရသည်မှာ လည်း စိတ်တိုင်းကျဖြစ်မည်။

[su_spacer size=”15″]
စတီယာရင်စနစ်မှ အဖြစ်များသော ချို.ယွင်းချက်များ
(၁)စတီယာရင်ချိုးကွေ့ရခက်ခဲခြင်း

  • စတီယာရင်ဂွေချိုးကွေ့ရသည်မှာ တစ်ခုခု တားဆီးခံထားသကဲ့သို့လေးပင်နေသည်။
  • တာယာလေပေါင်လျော.နေခြင်း
  • အလိုင်းမန့်အောက်နေခြင်း
  • ပါဝါပန့်မကောင်းခြင်း
  • ပါဝါဆီနည်းနေခြင်း
  • ပါဝါပန့်ကိုဆွဲလှည့်သော Belt ကြိုးမကောင်းခြင်း
  • စတီယာရင်ဂီယာချောဆီ ငတ်ခြင်း၊ ပြုပြင်ရန်လိုခြင်း

[su_spacer size=”15″]
(၂) စတီယာရင်လွတ်၍ ချောင်နေခြင်း (Loose)

စတီယာရင်ဂွေလှည့်ကစားရသည်မှာ ချောင်လွန်းနေခြင်း၊ လွတ်နေခြင်း ဖြစ်သည်ဟု ခံစားရမည်။
– စတီယာရင် လင့်အဆက်များစားပြီး ချောင်နေခြင်း
– စတီယာရင် အဆက်လင့် (Linkage) များကိုစစ်ဆေးပြီး လိုအပ်ပါက ပြန်လည် တင်းကျပ်ရမည်။ ပွန်းစားနေသော အစိတ်အပိုင်းများကို အစားထိုး အသစ်လဲလှယ်ရမည်။

[su_spacer size=”15″]
(၃) ပါဝါစတီယာရင် အလုပ်ကောင်းကောင်း လုပ်ပုံမပေါ်ခြင်း

စတီယာရင်ဂွေလှည်.ရသည်မှ အားပိုစိုက်ရသည်။ အမြန်နှုန်းတင်မောင်းနေသော အခြေအနေတွင် မသိသာသော်လည်း Low speed တွင် စတီယာရင်လှည့်ရသည်မှာ လေးနေသည်။

  • ပါဝါဆီဘူးတွင် ဆီလျော့နည်းခြင်း
  • ပါဝါဆီ မဲညစ်ဟောင်းလွန်းခြင်း
  • ပါဝါပန့်မကောင်းခြင်း
  • Belt ကြိုးလျော့လွန်းခြင်း၊ မကောင်းခြင်း
  • ပါဝါဂန်း၊ ဆီလိုင်းများ၊ Oil Seal များတွင် ဆီယိုနေခြင်း
  • တာယာ လေပေါင်နည်းနေခြင်း

[su_spacer size=”5″]
(၄) ရှေ.ဘီးတာယာများတစ်ဘက်သို့ဆွဲနေခြင်း

  • တာယာများလေပေါင်မညီညာခြင်း
  • အလိုင်းမန့်အောက်နေခြင်း
  • ဘရိတ်ငြိနေနိုင်ခြင်း
  • စတီယာရင် အဆက်လင့်များ ချောင်နေခြင်း
  • တာယာပန်းသားမညီခြင်း၊ တာယာမကောင်းခြင်း

[su_spacer size=”5″]
(၅) စတီယာရင်ဂွေ ဆက်ခနဲတုံ့ခနဲဖြစ်ခြင်း အကြောင်းရင်းများ

  • ပါဝါပန့် Belt ကြိုးချောင်နေခြင်း၊ ချော်နေခြင်း
  • ပါဝါဆီနည်းလွန်းခြင်း
  • အင်ဂျင် Slow လည်နှုန်းနည်းလွန်းခြင်း
  • ပါဝါပန့်တွင် ပြဿနာတစ်ခုရှိနေခြင်း
  • စတီယာရင်လင့်အဆက်များ တစ်ခုခုနှင့်ပွတ်တိုက်နေခြင်း

[su_spacer size=”5″]
(၆) စတီယာရင် Wheel တုန်ခါခြင်း

  • ကားဘီးနတ် (Nuts) များချောင်နေခြင်း
  • တာယာနှင့်ဂွေများ Balance out နေခြင်း
  • တာယာလိမ်နေခြင်း
  • တာယာဘီးများ ဆိုးဆိုးဝါးဝါးပျက်စီးနေခြင်း
  • အောက်ပိုင်းတိုက်ရော့၊ ဘောလ်ဂျွိုင်းများစားပြီး ချောင်လွန်းခြင်း

[su_spacer size=”5″]
(၇) လမ်းထောင့်ချိုးအကွေ.များတွင် စတီယာရင်ချိုးလိုက်ပါက အသံမြည်ခြင်း

  • စတီယာရင် ဂီယာဆီငတ်နေခြင်း
  • စတီယာရင် အဆက်များချောင်လွန်းခြင်း
  • တာယာနှင့် အခြေားအရာတစ်ခုခု ပွတ်တိုက်နေခြင်း
  • ကားအောက်ပိုင်း ဆပ်စပန်.ရှင်း စနစ်များစားလွန်း၊ ချောင်လွန်းနေခြင်း

စတီယာရင်စနစ်မှ အားနည်းနေသော နေရာ၊ အစိတ်အပိုင်းများကို စစ်ဆေးလဲလှယ်ပေးပါ။ ပါဝါပန့်၊ ပါဝါဂန်းများ၊ ဆီပိုက်လိုင်း၊ ဝိုင်းဆီးများ မကောင်းပါ အသစ်လဲလှယ်ပေးပါ။ ပါဝါဂန်းအထိုင် ရာဘာဘွတ်များ ကြာလာလျှင် ချောင်လာ တတ်သည်။ ကားအောက်ပိုင်း ပြုပြင်စစ်ဆေးတိုင်း စတီယာရင်စနစ်ကို စစ်ဆေးပါ။ ရှေ.ပြေးလက္ခဏာများသည် စတီယာရင်စနစ် ပျက်စီးမှု၏အစ ဖြစ်သည်။