ပါဝင်ပစ္စည်းများ
ဂျုံကြမ်း (ဂျုံနယ်ရန်) – ၁၀ ကျပ်သား (ဂျုံနုလည်း အသုံးပြုလို့ရပါတယ်)
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆီ – စားပွဲဇွန်း ၃ ဇွန်း
ရေ – အကြမ်းပန်းကန်လုံး ၂ လုံးခန့်
ဂျုံမှုန့် (ဖြူးရန်အတွက်) – အနည်းငယ်
ပူရီကြော်ရန်အတွက်
ဆီ – ၁၀ ကျပ်သား
ပြုလုပ်နည်း
ဦးစွာ ဂျုံထဲ ဆား၊ သကြားနှင့် ရေထည့်ပြီး ပျော့ပျောင်းလာအောင် နယ်ပါ။ နယ်သားကျလာလျှင် ဆီထည့်ပြီး ထပ်၍နယ်ပါ။ ဂျုံသားနယ်သား ကျပြီး ချောမွတ်လာပြီဆိုလျှင် အဝတ်ရေစိုလေးအုပ်ပြီး ၁ နာရီခန့် နှပ်ထားပါ။ ဂျုံနှပ်ချိန်ပိုလေ မုန့်သား ပိုကောင်းလေပါ။ အချိန်စေ့လျှင် ဂျုံလုံး ၁၀ လုံးခန့် ရအောင်လုံးပါ။ ပြီးလျှင် ဂျုံမှုန့်အနည်းငယ်ဖြူးပြီး ဂျုံလုံးကို လှိမ့်တံနှင့် လှိမ့်ကာ ပါးပါးဝိုင်းဝိုင်းလေးရအောင် လှိမ့်ပါ။ ဆီပူအိုးတည်ပြီး မီးအလယ်အလတ်နဲ့ ပူရီကို ကြော်ပါ။ ကြော်သည့်အခါ ဇွန်းနှင့် ပူရီကို ဖိထားလျှင် ဖောင်းတက်လာပြီး ပူရီဖောင်းဖောင်းအိအိလေးရပါမယ်။
အာလူးဟင်းချက်ရန်အတွက်
အာလူး – ၂၅ ကျပ်သား
ဆီ – ၂ ၁/၂ ကျပ်သား
ကြက်သွန်နီ – ၁ လုံး
မဆလာ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
မုန်ညင်းစေ့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဇီရာ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
နနွင်းမှုန့် – အနည်းငယ်
ဆား – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရသာမှုန့် – ဇွန်းဖျားနှင့် အနည်းငယ်
ပျဉ်းတော်သိမ်ရွက် – အနည်းငယ်
ပြုလုပ်နည်း
အာလူးကို ပြုတ်၍ အခွံနွှာပြီး လက်နှင့် အတုံးလေးများရအောင် ခြေထားပါ။ ဆီပူအိုး တည်ပြီး ဆီပူလာလျှင် ပျဉ်းတော်သိမ်ရွက်၊ မုန်ညင်းစေ့၊ နနွင်းမှုန့်နှင့် ဇီရာတို့ကို ၁၀ စက္ကန့်မျှ ထည့်ပြီး ဆီသတ်ပါ။ ပြီးလျှင် ကြက်သွန်နီထည့်၍ ဆီသတ်ပါ။ကြက်သွန်နီ အနည်းငယ် မပျော့မမာဖြစ်လာလျှင် မဆလာထည့်ပြီး အာလူးထည့်၍ မွှေပါ။ ဆား၊ အရသာ၊ သကြားထည့်ပါ။ ရေနွေးအနည်းငယ်ထည့်ပြီး အဖုံးအုပ်၍ ချက်ပါ။ ဆီကျန်၊ ရေကျန် အနေအထားလေး ဖြစ်ရပါမယ်။
……………
Crd
                





