Home COOKING ကြံမဆိုင် လုပ်နည်း

ကြံမဆိုင် လုပ်နည်း

27

ကြံမဆိုင်
(မုန်ညှင်းစိမ်းက အကောင်းဆုံးပါ)

မုန်ညှင်းစိမ်းကို သေချာရေဆေးပြီး ရေစစ် ထားပါတယ်။ ဒယ်အိုးထဲ ရေထည့်ဆူအောင်တည်ပါတယ်။ ဆန်စိမ်းမှုန့် ထမင်းစားဇွန်း ၄ ဇွန်းကို ရေပျော်အောင်ဖျောပြီး ရေဆူ အိုး ထဲ ထည့် တည်ပါတယ်။ဆား ထမင်းစားဇွန်းတဇွန်းထည့်ပါတယ်။
အဲ အရည် ထဲ မုန်ညင်းကို တပင်စီ ထည့်ပြုတ်ပါတယ်။
(အကြာကြီးမပြုတ်ပါ နည်းနည်းနွမ်းရုံသာ ပြုတ်ပါ။) ပြီးရင် ဆယ်ထား ရေ အများကြီး မဟုတ်လို့ တပင်စီပဲ ထည့်ပြုတ်လို့ရပါတယ်။ အဲလို တရေဖျောပြီးရင် ဆယ်ပြီး အအေးခံထားပါ။ ဂျင်းနည်းနည်း ပါးပါးလှီးပြီး ငရုတ်သီးစိမ်းနည်းနည်း အတောင့်လိုက်ထည့်စိမ်ပါ။ အားလုံးအေးရင် လေလုံဘူးထဲ ထည့်ပါ။
အရွက်တွေရော ပြုတ်ရည်ရော ဂျင်း ငရုတ်သီးရောထည့် လိုက်ပါ။ 5 ရက် လောက်ဆို စားလို့ရပါပြီ။ အနံ့ ရော အရသာရောရှယ်ပါ။ ဆနွင်းလည်းမလို ဆိုးဆေးလည်းမလိုပါ။ သူ့ဟာသူ ဝါကျင့်ကျင့်လေး မွှေးနေရောပါပဲ

#CREDIT to original unloader