Home မုန့်လုပ်နည်း ကီးမားပလာတာ (Keema Paratha)

ကီးမားပလာတာ (Keema Paratha)

48

အိန္ဒိယအစားအစာတမျိုးဖြစ်တဲ့ကီးမားပလာတာကိုမြန်မာနိုင်ငံမှာလည်းနေရာအတော်များများမှာရရှိနိုင်ပြီးမြန်မာများနှင့်လည်းမစိမ်းလှတဲ့အစားအစာလည်းဖြစ်ပါတယ်။ဒါကြောင့်အလွယ်တကူဝယ်စားဖို့မလွယ်သူများမိမိအိမ်သားများအတွက်ကိုယ်တိုင်ဖန်တီးလို့တည်ခင်းလိုသူများဝါသနာရှင်များအတွက်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ဂျုံနယ်ရန်ပါဝင်ပစ္စည်း (၆ခုစာ)
***************
ဂျုံမှုန့် (All Purpose Flour ) – ၂၅၀ဂရမ်
ဆား – ဇွန်းတဝက် စားပွဲဇွန်း
သကြား – တစ်ဇွန်း
ထောပတ် /ဆီ -၃ဇွန်း
နွားနို့/ရေ – ၁၅၀ ml
ဆီ -ကြော်ရန်နှင့်လက်ကိုင်ရန်
ကီးမားအစာသွပ်ရန်
**************
ဆိတ်သား/အမဲသား/ကြက်သား – ၁၅၀ဂရမ်
ကြက်သွန်နီ – ၃လုံး
ဂျင်းကြက်သွန်ဖြူ- တစ်ဇွန်း စားပွဲဇွန်း
ငရုတ်သီးစိမ်း – ၅တောင့်
ဆား – တစ်ဇွန်း
ဟင်းခပ်မှုန့် – တစ်ဇွန်း
အရောင်တင် – တစ်ဇွန်း
အသားမဆလာ/ ဇီယာ -ဇွန်းတဝက်
ဆီ – ၃ဇွန်း
ကြက်ဥ – ၃လုံး
တွဲဖက်စားရန်
**********
ကြက်သွန်နီ
ဂေါ်ဖီ
သံပုရာသီး
ပူစီနံ
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ဇလုံတခုတွင်ဂျုံဆားသကြားထောပတ်သို့မဟုတ်ဆီထည့်ပြီးသမအောင်မွေပေးပါ။နွားနို့သို့မဟုတ်ရေကိုဖြည်းဖြည်းဆီထည့် ပြီးမွေပါ။လုံးလာပါကလက်ဖြင့်ချောမွေ့လာသည်ထိနယ်ပေးပြီးဆီလူးကာဖုံးအုပ်ထားပြီးနှစ်နာရီခန့်နှပ်ထားပေးပါ။
(၂)ဂျုံနှပ်ထားစဉ်အစာသွပ်ရန်အတွက်ပြင်ဆင်ပါ။ကြက်သွန်သေးသေးစိတ်ထားပါ။အသားနုတ်နုတ်စင်းထားပြီးဂျင်းကြက်သွန်ဖြူဆားဟင်းခပ်မှုန့်ဖြင့်နယ်ထားပါ။
(၃)အားလုံးအသင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးကြက်သွန်ဆီသပ်ပါအရောင်တင်မဆလာထည့်ပါ။ကြက်သွန်အရောင်ပြောင်းပါကနှပ်ထားသည့်အသားကိုထည့်ကြော်ပါ။ငရုတ်သီးစိမ်းသေးသေးစိတ်ပြီးအသားအနည်းငယ်ခြောက်လာပါကအရသာအပေါ့အငံမြည်းပြီးပန်းကန်တွင်ခြောက်ပုံခွဲပြီးအအေးခံထားပါ။
(၄)ဂျုံသားနှပ်ပါက၆လုံးအညီအမျှလုံးထားပြီးကြက်ဥကိုလည်းအသင့်ခေါက်ထားပါ။
(၅)ဂျုံလုံးကိုယူပြီးဆီလူးကာလက်ဖြင့်ပြန်အောင်ဖြန့်ပေးပြီးပါးအောင်ရိုက်တတ်လျှင်ရိုက်ပါ။မရိုက်တတ်လျှင်လက်ဖြင့်ဖိဆွဲပေးပါ။
(၆)လိုအပ်သောအပြန့်အနေရပါကအသားကြော်ထားသည်ကိုကြက်ဥခေါက်ထားသည်နှင့်ရောပြီးအလယ်တွင်ထည့်ပါ။လိုအပ်သောအပြန့်အနေထားထိဖြန့်ပေးပါ။လးဘက်အနားများဆွဲယူပြီးလေးထောင့်ကျကျခေါက်ပါ။
(၇)ဒယ်ပြားကိုအပူပေးပြီးဆီအနည်းငယ်ထည့်ကာအစာထည့်ထားသောကီးမားကိုအသာမယူပြီးခေါက်ထားသည့်ထူသည့့်ဘက်ကိုအောက်ဖက်ထားပြီးအရင်ကြော်ပေးပါ။
(၈)အရောင်ရပါကတဖက်သို့လှန်ပေးပြီးအတွင်းမှအစာများမာခဲခဲဖြစ်ပြီးမျက်နှာပြင်များရွှေရောင်သမ်းပါကဆယ်ယူဆီစစ်ကာကြက်သွန်ချဉ်ဂေါ်ဖီချဉ်သံပုရာသီးပူစီနံတို့ဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။
**လိုအပ်သလိုဆွဲဖြန့်နိုင်ရန်ဂျုံသားနှပ်အိနေရန်အရေးကြီးပါတယ်။
**အစာထည့်ခေါက်ပြီးကြော်ရန်မယူစဉ်မပေါက်အောင်အထူးဂရုပြုပါ။
………..
Crd