၁ ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက် မွေးသူများကို ၁ ဂဏန်းသမားများဟု ခေါ်သည်။ ၁ ဂဏန်းပိုင်ရှင်များက အချစ် မေတ္တာဟူသည် နှလုံးသားနှင့်ဦးနှောက် ပေါင်းစပ်ဆုံး ဖြတ်ရသော အချင်းအရာ ဖြစ်သည်ဟု ယူဆကြသည်။ ဘ၀အဖေါ်ကို ရွေးချယ် သောအခါ ဦးနှောက်၏ ဆုံးဖြတ်ချက်ကို ထည့်သွင်း စဉ်းစားလေ့ရှိသည်။ မိမိအပေါ် နားလည်ခွင့်လွှတ်၍ ပံ့ပိုးကူညီ ခြင်းရှိသူကို ရွေးချယ်တတ်သည်။ ကံခေသည်မှာ အချစ်ဆုံးနှင့် ကွေကွင်းရတတ်ပြီး ချစ်သူက တစ်ယောက်၊ လက်ထပ်ရသူက တစ်ဦး ဖြစ်တတ်သည်။ အသက် ၁၆ မှ ၂၂ နှစ်ကြား မေတ္တာ ကံခေ၍ ၂၂ ကျော်မှ ရင့်ကျက်သော နှလုံးသားဖြင့် ခိုင်မြဲသောချစ်ခြင်းမေတ္တာ ပိုင်ဆိုင်ခွင့်ရှိမည်။

၂ ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၂၊ ၁၁၊ ၂၀၊ ၂၉ ရက်မွေးသူများကို ၂ ဂဏန်းသမားများ ဟုခေါ်သည်။ အချစ်နှင့်အမှန်းကြား နယ်နိမိတ်သည် မျဉ်းကြောင်းငယ်လေးမျှသာဖြစ်မည်။ ချစ်မိ၊ တွယ်တာ မိပြီဆိုက အရာရာပေးဆပ်တတ်ပြီး မုန်းပြီဆိုက လှည့် မကြည့်။ အလွန် ချစ်တတ်သလို အငြိုး အတေး ကြီးတတ်သည်။ မေတ္တာတရားနှင့် ချစ်ခြင်းအပေါ် အလေးအနက်ထား၍ ဘ၀အဖေါ် ရွေးချယ်လင့်ကစား ဂုဏ်၊ ငွေကြေးတို့ကို အဓိကထားသည်ဟု အများမှ အထင်လွဲ ခြင်းခံရ တတ်သည်။ အသက် ၂၅ နှစ်မတိုင်မီ သူတစ်ပါး ကတိစကားများ အပေါ် ယုံစားမိ၍ စိတ်သောက ခံစားရတတ်သည်။ အချစ်ဦးနှင့် ဆုံဆည်းကိန်း မရှိသော်လည်း အချစ်ဆုံးသူနှင့် လက်တွဲရမည်။

၃ ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၃၊ ၁၂၊ ၂၁၊ ၃၀ ရက် မွေးသူများကို ၃ ဂဏန်းသမား များဟုခေါ်သည်။ မျက်နှာပွင့်၍ လူချစ်လူခင် ပေါများမည်။ ချစ်သူရည်းစား တစ်ဦးမကရှိမည်။ သူတစ်ပါး အပေါ် အနိုင်ယူ ဗိုလ်ကျရမှ ကျေနပ်သူများ ဖြစ်ပေရာ အချစ်စိတ်နှင့် ခံယူမူမှာ ဆိုးနွဲ့ သမျှကို နားလည် ခွင့်လွှတ်သောသူ၊ အနိုင်ယူ ရမည့်သူကို ရွေးချယ်တတ်သည်။ နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်ပြီးမှ မှားယွင်းသလို ပြန်ခံစားတတ်သည်။ နောက်ဆုံးတွင်ကား အရင်ဆုံး ချစ်သူအပေါ် စိတ်ပြန်လည်သွားမည်။ တစ်ဦးကို အသည်းနှလုံး ပုံပေး၍ ချစ်တတ်သလို တစ်ပြိုင်တည်း အခြားသူ တစ်ဦးအပေါ် ချစ်နိုင်စွမ်း ရှိသည်။ နှလုံးသားအပေါ် ဦးစားပေး လွန်းသူဖြစ်သည်။

၄ ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၄၊ ၁၃၊ ၂၂၊ ၃၁ ရက်နေ့ မွေးသူများကို ၄ ကဏန်းသမားများ ဟုခေါ်သည်။ အစွဲအလမ်းကြီးခြင်း၊ တစ်ဖက်စွန်း ကျလွန်းခြင်းကြောင့် နှလုံးသားရေးရာ စိတ်သောက ကြုံရတတ်သည်။ ဂုဏ်အနိမ့်အမြင့် မတူသူများ အနက် နိမ့်ကျသူကို ဦးစားပေး ရွေးချယ်၍ အလိုလိုက် အကြိုက်ဆောင်ကာ ဘဝြမှင့်တင်ပေးကာမှ မိမိ၏အသည်းကို ခွဲသွားခြင်း ခံရတတ်သည်။ စိတ်လှုပ်ရှားမူနှင့် ဆန်းသစ်သော အတွေ့အကြုံများကို လိုလားသော နှလုံးသားကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့် နှလုံးသားအကြား အမြဲတွေဝေ ဒွိဟဖြစ်ကာ မေတ္တာရေးရာ တွင်စိတ်ဓါတ် တက်လွယ်၊ ကျလွယ်သည်။ ဖြောင့်မှန်ရိုးသာ၍ မိမိကြောင့် တစ်ပါးသူ စိတ်ချမ်းမြေ့ အေးချမ်းရခြင်းကို လိုလားသူဖြစ်သည်။ ပေးဆပ် အနစ်နာ ခံသည်။

၅ ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၅၊ ၁၄၊ ၂၃ ရက်မွေးသူများကို ၅ ဂဏန်းသမားများ ဟုခေါ်သည်။ တွေဝေ ဒွိဟဖြစ်တတ်သော သဘော သဘာ၀ရှိသော်လည်း စိတ်ဓါတ် အလွန်ခိုင်မြဲသည်။ အလွယ်တကူ ဆုံးဖြတ်ရွေးချယ်လေ့မရှိ။ မိမိအပေါ် တလေးတစားနှင့် တန်ဖိုးထားသူ၊ တစ်စုံတစ်ရာ အထောက် အကူပြုပံ့ပိုးနိုင်သူကို ရွေးချယ်တတ်သည်။ အရွေးရခက်အောင် အခွင့်အရေး နှစ်မျိုး ကြုံလာပါက နှလုံးသား၏ တောင်းဆိုမူအပေါ် ရဲဝံ့ပြတ်သားစွာ အလေးပေးမည့် သူဖြစ်သည်။ မိမိနှင့် အသက် အရွယ်၊ ၀န်းကျင်ဇာတိ သဘာ၀မတူ ကွာခြားသူများနှင့် မေတ္တာမျှတတ်သည်။ ချစ်သူနှင့် ခွဲခွာရလေ သံယောဇဉ် ပြင်းထန်လေဖြစ်သည်။ အလွန်စိတ်ကူးယဉ် ဆန်သော နှလုံးသားဖြစ်သည်။

၆ ဂဏန်း သမားများ

မည်သည့်လတွင်မဆို ၆၊ ၁၅၊ ၂၄ ရက်မွေးသူများကို ၆ ဂဏန်းသမားများဟု ခေါ်သည်။ သံယောဇဉ်ကြီး၍ ခိုင်မာသော မေတ္တာတရားနှင့် မိမိက ချစ်ရသူအပေါ် အမြဲစိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည်ဟူသော အယူအဆရှိသည်။ ချစ်ခဲ၍ အချစ်မြဲသည်။ မိသားစု အသိုင်းအဝိုင်း မတူညီသူကို ရွေးချယ်၍ အားလုံးနှင့် ဆန့်ကျင်ရန် ၀န်မလေး။ အပျော်သဘော စိတ်ကစားခြင်း မရှိဘဲ သစ္စာ တရားရှိမှ အချစ်မေတ္တာသည် ပြီးပြည့်စုံသည်ဟု ယူဆထား သူဖြစ်သည်။ သို့သော် သူတစ်ပါးအပေါ် မိမိပေးဆပ်သလောက် ထပ်တူ ပြန်ကောင်း သူရရန် ခဲယဉ်းပေသည်။ အချစ် မေတ္တာထက် တစ်စတစ်စ ရစ်နွယ်လာသော သံယောဇဉ်ကို နှစ်သက်သူဖြစ်သည်။

၇ ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၇၊ ၁၆၊ ၂၅ ရက်မွေးသူများကို ၇ ဂဏန်းသမားများဟု ခေါ်သည်။ အခိုင်အမာ ဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သည့် အလွန်အေးချမ်းမြင့်မြတ်သော မေတ္တာပိုင်ရှင် ဖြစ်သည်။ တစ်ပါးသူအပေါ် လွန်လွန်ကဲကဲ စာနာနားလည်တတ်ည်။ အချစ်အတွက် အရာရာ ရင်ဆိုင်ဆန့်ကျင် တိုက်ခိုက်ရန် ၀န်မလေးသော်လည်း အချစ်ကိုဖွင့်ဟ ပြောဆိုရန် အလွန်ရှက် သဖြင့် မချစ်တတ် သောသူဟူ၍ အထင်မှားခံရတတ်သည်။ မိမိအား နားလည်မူ ရှိသူကိုဦးစားပေး ရွေးချယ်သင့်သည်။ အလွန်စန်းပွင့် သော်လည်း ချစ်သူများရန် ၀န်လေးသည် ဘ၀လမ်းကြောင်းတွင် မွေးရပ်၊ ဘာသာ၊ ဓလေ့ ထုံးစံမတူသူများနှင့် မေတ္တာမျှ ရတတ်သည်။

၈ ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၈၊ ၁၇၊ ၂၆ ရက်မွေးသူများကို ၈ ဂဏန်းသမားများဟုခေါ်သည်။ အရာရာတွင် ထိန်းချုပ်နိုင်သောစိတ်ရှိသလောက် မေတ္တာတရားတွင် ထိန်းချုပ်နိုင်ခြင်းမရှိ။ ချစ်သူကို အလိုလိုက်လွန်း၊ ဦးစားပေးလွန်းသဖြင့် စိတ်သောက ခံစားရတတ်သည်။ ချစ်သူကို အရာရာပြည့်စုံ စေလိုသဖြင့် ပေးဆပ်တတ်သော သဘာဝကြောင့် မိမိနှလုံးသားကို ခုတုံးလုပ်ခြင်း မျိုးပင် ခံရတတ်သည်။ သီးသန့် အေးချမ်းစွာနေတတ်ပြီး မနာလို၀န်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား ပိုင်ဆိုင်သည်။ မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ် နေတတ်သော ခံစားချက်ရှိသည်။ သူတစ်ပါး ပစ်ပယ်ထားသူကို စာနာစိတ် အပြည့်နှင့် မေတ္တာ ထားတတ်သည်။

၉ ဂဏန်းသမားများ

မည်သည့်လတွင်မဆို ၉၊ ၁၈၊ ၂၇ ရက်မွေးသူများကို ၉ ဂဏန်း သမားများဟုခေါ်သည်။ အလွန်အချစ်ခံလိုသည်။ မိမိ အပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးညံ့စွာ အလေးပေး ဆက်ဆံသူအား လိုလားသည်။ အချစ်အတွက် ဘာမဆို ပေးဆပ်ရဲသည်။ အလွန်မျက်နှာများ၍ ရည်းစား မှိုလိုပေါက်အောင် အပြိုင်ထားလင့်ကစား အိမ်ထောင်ရေးရာတွင် အချစ်ဆုံးနှင့် လွဲချော်၍ နီးစပ်မူ အရှိဆုံးသူနှင့် ဆုံဆည်းရတတ်သည်။ မည်မျှဆိုးသော အိမ်ထောင်ဖက်ဖြစ်စေ အိမ်ထောင် တစ်ဆက်တည်း မြဲစေရန် အစဉ်ကြိုးပမ်းလေ့ရှိသည်။ အပြင်ပန်းအရ ကြမ်းတမ်းခက်ထန် သည်ဟု ထင်ရလင့်ကစား အတွင်းစိတ်နူးညံ့၍ အပေးသမားသာဖြစ်သည်။