Home TECHNOLOGY ITကိုစိတ်ဝင်စားတယ် ဘယ်ကစပြီးလုပ်မှန်း မသိသူများ

ITကိုစိတ်ဝင်စားတယ် ဘယ်ကစပြီးလုပ်မှန်း မသိသူများ

10

IT လောကထဲတော့ရောက်ပြီး လမ်းကြောင်း (အိုင်တီ)ပြောင်းချင်သူများ market ကို analysis လုပ်ကြည့်ပြီးမှရွေးချယ်ပါ။ ကိုယ်အားသန်တာ လိုက်မယ်ဆို သူများနဲ့ မတူပဲ အသစ်အသစ်တွေရောက်တဲ့အထိ စိတ်အားထက်သန်လား ရင်းနိုင်လား? လုပ်နိုင်လား? နိုင်တယ်ဆို ဒီပို့်စ်ကို ဆက်မဖတ်ပါနဲ့ အဲလိုမှ မဟုတ်ရင် အားသန်ရာဦးစားပေးမယ်ဆို ထမင်းငတ်ချင် ငတ်နိုင်တယ်။ အားသန်ရာက ငွေ အားသန်လာမှ လိုက်လဲ နောက်မကျဘူး Market demand နဲ့ less human capacity ကိုအရင်လေ့လာလိုက်ပါအုံး။

1. #NetworkEngineer (N+, CCNA Level)

မြန်မာပြည်မှာ အများကြီးပဲ အလုပ်ရှင်ကလိုအပ်ရင် လွယ်တကူရှာနိုင်တယ် ပေါပေါပဲပဲပေးခိုင်းလို့ ရတယ်။

2. #NetworkEngineer (CCNP,CCIE Routing & Switching)

မြန်မာပြည်မှာ သိပ်မပေါဘူး CCNP Level လောက်ထိ သိပ်လဲမရှားဘူး CCNP မှာတောင် ROUTING AND SWITCHING ပိုများတယ် ဒါကြောင့် CCNP (R & S) ကတော့ လခ CCNA ထက် သာတယ်ဆိုရုံပဲ CCNP DATACENTER , Service provider ဘက်ကတော့ရှားတယ် အပေါ်၂ခုလောက် demand မများသေးပေမယ့် နောက်ပိုင်းအရမ်းလိုအပ်လာမယ် လခတောင်းလို့ ကောင်းလာမယ် CCIE ရှားနေသေးတယ် CCIE ပြီးထားရင်တော့ ဆြာပါပဲ ဒါပေမယ့် လိုချင်တဲ့လခအတွက် CCIE လက်မှတ် နဲ့ညီတဲ့ တန်းတခုတော့ ပိုင်ဆိုငထားရင်ပို ကောင်းတယ်။

3. #System Engineer/system administrator (MCSE)

မြန်မာပြည်မှာ ပေါတယ်လို့ပြောရမယ် လခလဲသိပ်လဲ မများသေးဘူး စျေးကွက်မှာ MCSE Certified က သိပ်မရှားဘူး MCSE PRIVATE CLOUD , SHAREPOINT AND OFFICE365 ဘက်တော့နည်းသေးတယ် အဲဒါကို လုပ်ထားရင်တနေ့ MICROSOFT ကမြန်မာပြည်မှာတွင်ကျယ်လာရင် SOLUTION ENGINEER အဖြစ် အလုပ်အကိုင်အခွင့်အလမ်း ကောင်းတွေရနိုင်တယ်။

4. #System Engineer/System Administrator

(MCSE + LINUX PLATFORM CERTIFIED +SERVER VIRTUALIZATION )
အဲလိုရထားသူရှားတယ် ရထားရင်လဲ အဲလူဟာ သူများနဲ့ယှဉ်မယ်ဆို နှာတဖျားမကသာနေလိမ့်မယ် အလုပ်အကိုင်အခွင့်အလမ်းပိုကောင်းသလို လခလဲ တောင်းလို့ကောင်းမယ် မှန်ကန်တဲ့ ORGANIZATION သာရွေးချယ်တတ်ပါစေ။

5. #WebDeveloper (front-end or back-end)

အလုပ် နဲ့လက်ကတော့ပြတ်မယ်မထင်ဘူး။ Project တွေပိုများလာဖို့ရှိတယ်ဆိုပေမယ့် အိုင်တီလောကထဲက မိန်းကလေးအများစုရွေးချယ်ရာဖြစ်တဲ့အတွက် web developer တွေစျေးကွက်မှာများတယ် များတဲ့အတွက် လခပေါပေါပဲပဲရတာရော တချို့ overpay ဖြစ်တာရော အမျိုးမျိုးဖြစ်နေတယ် ပေါများတဲ့ အတွက် လခကတော့ သိပ်ပြီးတခြားfield တွေ နဲ့ယှဉ်င်္မယ်ဆို နည်းနိုင်သေးတယ်။

6. #WebDeveloper (full stack both java and php)

ပေါများတဲ့ web developer ထဲမှာမှ အဖိုးတန်ပတ္တမြားပေါ့ ရှိတယ်ရှားတယ် ရှားတော့ ပိုပြီးလခပေးဖို့ အသင်တော်ဆုံးပါပဲ web developer တယောက်ဖြစ်ရင် full stack ကိုမသွားနိုင်ရင် ရွာပြန် လယ်ထွန်တာမှ ပိုအကျိုးရှိပါလိမ့်မယ်။

7. #AndroidDeveloper

အခုနောက်ပိုင်း မြန်မာပြည်မှာ Mobile အသုံးပြုမှုတွေ ပိုမိုတွင်ကျယ်လာသည်နှင့်အညီ Android Platform Mobile Application Developer တွေဟလည်း အဆတန်များပြားလာပါတယ် junior level မှာတော့လခသိပ်မများသေးပေမယ် senior level ဆိုရင်တော့ လခပိုရတတ်ပါတယ် ဒါပေမယ့် ဒါဟာလဲ ကိုယ်လုပ်တဲ့ လုပ်ငန်းရဲ့ Contribution ပေါ်မူတည်ပါသေးတယ် ဒါပေသိ Senior/junior ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာ Android developer တွေ များပြားနေသေးတာကိုးက အလုပ်အကိုင်အခွင့်အလမ်းအတွက် စိန်ခေါ်မှုတွေပြည့်နှက်နေနိုင်သလို လခနှိမ်ပေးချင်းတွေလဲရှိနေနိုင်ပါသေးတယ်။

8. #iOSDeveloper

iOS လဲ Android နည်းတတူပါပဲ senior / junior level ဆိုပြီးရှိသလို လခလည်းကွာပါတယ်။ Android နဲ့ မတူတာကတော့ ios developer industry ကတော့ လုပ်နိုင်သူ Android Developers တွေလောက်မများပါဘူး ဒါကလည်း မများသေးတာဆိုပိုမှန်မယ် များလာနိုင်ဖို့ရှိတယ် ဒါကြောင့် သူသည်လည်း Android Developer တွေနည်းတူပဲ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လခပိုင်းဆိုင်ရာမှာလည်း အတူတူပင်ဖြစ်ပါတယ်။

9. #IOS & #Android Developer

Mobile application development လောကအတွက် အဖိုးထိုက်တဲ့ တန်ဖိုးတခုပေါ့ ၂ခုလုံးကို Expert ဖြစ်ဖို့ ကြိုးစားရမှာဖြစ်ပြီး အဲဒီနေရာအတွက် ပညာရှင်အရေအတွက်ဟာ သိပ်မများသေးပါဘူး သင်သည် ios & android developer ကောင်းတစ်ယောက်ဖြစ်လာခဲ့တဲ့အခါ လခတောင်းဖို့ ဝန်မလေးပါနဲ့ လခပိုပေးဖို့ဝန်လးနေတဲ့ အလုပ်ရှင်ဖြစ်နေရင် သင်အဲဒီနေရာကို ကျောခိုင်းလိုက်ပါ သင့်တန်ဖိုးသည် ရှားပါးတန်ဖိုးတခုဆိုတာ မှတ်ယူထားပါ။

10. #Programmer (မြန်မာပြည်တွင် coder)

မြန်မာပြည် software industries မှာတော့ သိပ်ကို မကွဲပြားတဲ့ အလုပ်တခုပေါ့ တကယ် software housingမှာတော့ သိသာစွာ ကွဲပြားပါတယ် သင်ဟာ software development တခုမှာ software engineer တွေချပေးတဲ့ software design ကို ရေးပေးရမယ့်သူတစ်ယောက်ပါ သင်ဒီရာထူးမှာ လခသိပ်ပြီ မမျှော်မှန်းပါနဲ့။ Software industries တွေက enterprise/customize software industry တွေထက် mobile and web development ဘက်ကို ပိုမို စျေးကွက်ချဲ ့ထွင်ဦးစားပေးလာတဲ့အလျောက် programmer တွေအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတခုအတွက် android developer/ios developer and web developer တွေလောက် မတိုးထိဘူးဆိုပေမယ့် Programmer တစ်ယောက်ဟာ လခအများကြီးမျှော်မှန်းထားဖို အချိန်မကျသေးသလို ရှေ့ဆက်တက်ရမယ့် skill တွေအတွက် ကြိုးပမ်းနေတာက ပိုလက်တွေ့ ကျပါလေ့မယ်။

11. #SoftwareEngineer

Software Design / architecture ပိုင်းကို လုပ်သင့်တဲ့ ရာထူးဖြစ်ပေမယ့် မြန်မာပြည်မှာတော့ ကိုယ်တိုင် Design ချ ကိုယ်တိုင် program ရေးလုပ်တဲ့သူများပါတယ် ဒါပေမယ့် အားမငယ်ပါနဲ့ IT software Project Manager / product Manager Level သွားဖို့အခွင့်အလမ်းအကောင်းဆုံး အနေအထားမှာ သင်ရပ်နေတာပါ။ အဲဒီ Level တွေမှာ လခကောင်းတယ်ဆိုတာ အရင်မှတ်ထားပါ သင့်အနေနဲ့ technical skill ချည်းပိုက်ပြီးသွားလို့ မရနိုင်သလို သင်နဲ အတူ ပြိုင်ကျဲမယ့် သူတွေလဲ တခြား developer တွေလောက်မများပြားတော့ပါဘူး သင့်မှာတော့ Technical skill အပြငအခြားလိုအပ်ချက်တွေပါ ဖြည့်ဆည်းထားဖို့ လိုတယ်ဆိုတာကိုတော့ သိထားပေးပါ။

12. #Database Administrator

မြန်မာပြည်မှာ ရှားမှ ရှားပါ ပညာရှင် နည်းပါးပါသေးတယ်။ ပြည်ပရောက်တွေထဲမှာလည်း ရှားပါးပါသေးတယ်။ သင်ဟာ MS SQL Oracle MYSQL Expert ဖြစ်နေရုံနဲ့ DBA တယောက်ဖြစ်နိုင်တယ်လို့ထင်မယ် ဟုတ်ပါလေ့မယ် ဒါပေမယ့် သင်တာဝန်ယူရတဲ့ Database ရဲ့ intergirty , security , availability , Backup and disaster recovery ပိုင်းဆိုင်ရာ knowledge ကောင်းတွေ best practice ကောင်းတွေမပိုင်ဆိုင်ထားဘူးဆိုရင်တော့ နောက်ပိုင်း industries demand တွေတက်လာတဲ့အချိန်မှာ DBA ချင်းတူမယ်ဆိုရင်တောင် သင့်အတွက် နေရာမရှိိဘူး ရှိမယ့်နေရာဟာလဲ ပေါပေါပဲပဲလခ မရှိသုံး သုံး ထားရတဲ့နေရာပဲဖြစ်လေ့မယ် Banking and Financial institution တွေပွားလာတဲ့အလျေက် သူတိုတွေရဲ့ customer data တွေအတွက် DBA လိုအပ်ချက်ကပိုမို မြင့်မားလာပါလေ့မယ် ထို့နည်းအတူ မက်လောက်စရာလခတွေဟာလဲ DBA သမားတွအတွက် စောင့်ကြိုနေမှာမလွဲပါဘူး။

13. #DatScientist

မြန်မာပြည်မှာတော့ သိပ်မရင်းနှီးသေးတဲ့ ရထူးတခု ဖြစ်သလို နိုင်ငံတကကာမှာလဲ ခေတ်သိပ်မစားသေးပါဘူး သို ့ပေမယ့် အရှိန်အဟုတ်မြင့်တိုးတက်လာတဲ့ Big data analysis ကြောင့် Data Scientist ဟာ နောက်ဆို demand အားကောင်းလာမယ့်အလုပ်တခုဖြစ်သလို ဘာရှိသင့်လဲ ဘာပြင်ဆင်သင့်သလဲဆိုတာကိုတော့ Data Scientist Job description ကိုလေ့လာကြည့်ပါ။

https://www.toptal.com/data-science/job-description

14. #DigitalMarketingExpert

မြန်မာပြည်မှာ ခေတ်စားလာသလို လုပ်နိုင်သူတွေရှားပါးနေသေးတဲ့နေရာတခုပဲ အိုင်တီစကေးအနေနဲ့ Field တခုကို Expert level တခုအထိ ကျွမ်းကျင်ထားဖို့ မလိုအပ်ပေမယ့် PR (Public Relation) ကောင်းရပါမယ်။ Content Writing ပေါင်းကောင်းဖို့လိုအပ်သလို အထေထွေဗဟုသုတလဲရှိဖို့ လိုအပ်ပါတယ် Digital Marketing အတွက် မိမိလုပ်မယ့် business အမျိုးအစားအလိုက် သင့်လျော်မယ့် Digital Marketing Channel ကိုရွေးချယ်နိုင်ရမယ် Digital Marketing Expert တစ်ယောက်ရဲ့လစာဟာ မနည်းသလို လုပ်ငန်းအမျိုးအစားအလိုက်တယောက်နဲ့ တစ်ယောက်ကြား ကွာဟနိုင်ပါသေးတယ်။

#credit to original uploader