ဆီးဖြူသီးထောင်း
ဆီးဖြူသီးကို ပွက်ပွက်ဆူတဲ့ ရေနွေးထဲထည့်၍ ခဏပြုတ်ပါ။ ပီးရင် ညှစ်လိုက်ပါ။ ကွဲသွားပါလိမ့်မယ်။ အစေ့ထုတ်လိုက်ပါ။ ဆီးဖြူသီးကို ငရုတ်ဆုံထဲ ထည့်၍ ညက်အောင်ထောင်းပါ။ ငရုတ်သီးစိမ်းလှော်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ ဥတစ်လုံး ကြက်သွန်ဖြူ ထည့်ထောင်းပါ။ ဟင်းချိုမှုန့် ၊ ဆားထည့်ပါ။ အားလုံးရောထောင်းလိုက်ပါ။ ပီးရင် မြေပဲဆီ စစ်စစ်လေး ထည့်နယ်လိုက်ပြီးရင် ရပါပြီ။
ဖန်ခါးသီးထောင်း
ဖန်ခါးသီးကို အခွံနွှာလိုက်ပြီး အတွင်းသားလေး လှီးယူပါ။ ငရုတ်ဆုံထဲ ထည့်၍ ညက်နေအောင်ထောင်းပါ။ ငရုတ်သီးစိမ်းလှော်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ ဥတစ်လုံး ကြက်သွန်ဖြူ ထည့်ထောင်းပါ။ ဟင်းချိုမှုန့်၊ ဆားထည့်ပါ။ အားလုံးရောထောင်းလိုက်ပါ။ ပီးရင် မြေပဲဆီ စစ်စစ်လေး ထည့်နယ်လိုက်ပြီးရင် ရပါပြီ။
ပင်စိမ်းထောင်း
ရေနွေးပူပူထဲ ပင်စိမ်းရွက်ကို ခဏထည့်၍ ဆယ်ယူပြီး ရေအေးနဲ့ ဆေးပြီး ရေစစ်လိုက်ပြီးရင် ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ ငရုတ်သီးစိမ်းလှော်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ ဥတစ်လုံး ကြက်သွန်ဖြူ ထည့်ထောင်းပါ။ ဟင်းချိုမှုန့်ဆားထည့်ပါ။ အားလုံးရောထောင်းလိုက်ပါ။
သရက်သီးထောင်း
ငရုတ်သီးစိမ်းလှော်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ ဥတစ်လုံး ကြက်သွန်ဖြူ ထည့်ထောင်းပါ။ ဟင်းချိုမှုန့်ဆားထည့်ပါ။ သရက်သီးခပ်ကျွတ်ကျွတ်ကို လှီးထည့်ပါ။ အားလုံး ရောထောင်းလိုက်ရင် ရပါပြီ။
ခရမ်းကစော့သီး မီးဖုတ်ထောင်း
ခရမ်းကစော့သီးလေးတွေ မီးဖုတ်ပြီး
ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ ငရုတ်သီးစိမ်းလှော်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ ဥတစ်လုံး ကြက်သွန်ဖြူ ထည့်ထောင်းပါ။ ဟင်းချိုမှုန့်၊ ဆားထည့်ပါ။ အားလုံးရောထောင်းလိုက်ပါ။ ပီးရင် မြေပဲဆီ စစ်စစ်လေး ထည့်နယ်လိုက်ပြီးရင် ရပါပြီ။ ကြက်သွန်ဖြူ မထည့်ပဲ ခရမ်းကစော့သီး တစ်မျိုးတည်း မီးဖုတ်ထောင်းလဲ ကောင်းသလို ကြက်သွန်ဖြူအစား ခရမ်းကစော့သီးထောင်းပြီးမှ ဆီနဲ့ ကြက်သွန်နီလေး ပါးပါးလှီးထည့်နယ်လည်း ကောင်းပါတယ်။
ဂွေးသီးထောင်း
ငရုတ်သီးစိမ်းလှော်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ ဥတစ်လုံး ကြက်သွန်ဖြူ ထည့်ထောင်းပါ။ ဟင်းချိုမှုန့်၊ ဆားထည့်ပါ။ ဂွေးသီးနုနုလေးများ လှီးထည့်ပါ။ အားလုံးရောထောင်းလိုက်ရင် ရပါပြီ။
ခရမ်းချဉ်သီး ပန်ထွေဖျော်
ခရမ်းချဉ်သီး မီးဖုတ်ပြီး အခွံနွှာ၍ ချေထားပါ။ ငရုတ်သီးစိမ်းလှော်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ ဥတစ်လုံး ကြက်သွန်ဖြူ ထည့်ထောင်းပါ။ ချေထားတဲ့ ခရမ်းချဉ်သီး မီးဖုတ်ထည့်လိုက်ပါ။ ဟင်းချိုမှုန့်၊ ငံပြာရည် ထည့်ပါ။ (သက်သတ်လွတ် ဆိုရင် ဆားထည့်ပါ။) နံနံပင် ပါးပါးလှီးထည့်ပါ။ ငံပြာရည်နဲ့ ဖျော်လို့ရပါတယ်။ ဇွန်းနဲ့ အားလုံးရောမွှေလိုက်ပါ။ စားမယ့် ပန်းကန်လုံးထဲ ခပ်ထည့်လိုက်ပါ။ ခရမ်းချဉ်သီး ပန်ထွေဖျော်လေး ရပါပြီ။
ငရုတ်သီးစိမ်းလှော်ထောင်း
ငရုတ်သီးစိမ်းလှော်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ ဥတစ်လုံး ကြက်သွန်ဖြူ ထည့်ထောင်းပါ။ ဟင်းချိုမှုန့် ၊ ဆားထည့်ပါ။ အားလုံးရောထောင်းလိုက်ရင် ရပါပြီ။ ဒီတိုင်းလဲ စားကောင်းသလို အချဉ်ကြိုက်ရင် သံပုရာသီး ညှစ်ထည့်စားနိုင်ပါတယ်။
ငရုတ်သီးဆားထောင်း
ဥတစ်လုံး ကြက်သွန်ဖြူ ထည့်ထောင်းပါ။ ငရုတ်သီး အကြတ်မှုန့် မွှေးမွှေးလေး ထည့်လိုက်ပါ။ ဟင်းချိုမှုန့် ၊ ဆားထည့်ပါ။ အားလုံးရောထောင်းလိုက်ရင် ရပါပြီ။ ဒီတိုင်းလဲ စားကောင်းသလို အချဉ်ကြိုက်ရင် သံပုရာသီး ညှစ်ထည့်စားနိုင်ပါတယ်။ ကြက်သွန်ဖြူကတော့ မစပ်ရှတဲ့ ဥတစ်လုံးကြက်သွန်ဖြူနဲ့ဆို ပိုစားကောင်းစေပါတယ်။
ခရမ်းချဉ်သီး မီးဖုတ်ထောင်း
ခရမ်းချဉ်သီး မီးဖုတ်ပြီး အခွံနွှာထားပါ။ ငရုတ်သီးစိမ်းလှော်ပြီး ငရုတ်ဆုံထဲ ထည့်ထောင်းပါ။ ဥတစ်လုံး ကြက်သွန်ဖြူ ထည့်ထောင်းပါ။ ခရမ်းချဉ်သီး မီးဖုတ်ထည့်ပါ။ ဟင်းချိုမှုန့် ၊ ဆားထည့်ပါ။ ငရုတ်ကျည်ပွေ့နဲ့ အားလုံးရောမွှေ၍ ချေလိုက်ပါ။
#credit