Home COOKING ယိုးဒယားဝက်သားကင်အလွယ်နည်း

ယိုးဒယားဝက်သားကင်အလွယ်နည်း

1

ဝက်သားထိုးမဲ့တုတ်ကိုရေတစ်နာရီလောက်စိမ်ထားပါ ဝက်သားကို ပါးပါးအမြှောင်းလေးတွေလှီးပါ ပြီးရင် နံနံပင်အရိုး ငရုတ်ကောင်းအဖြူ
နံနံစေ့တို့ကိုညက်အောင်ထောင်းပြီး ဝက်သားထဲထည့်ပါ ကြက်သားမူန့်အနဲငယ် ငံပြာရည်အနဲငယ် ပဲငံပြာရည်အကြည်သင့်ရုံ ခရုဆီများများ
စို့ပလို့ရည်သင့်ရုံ အုန်းနို့(သို့)ဟင်းချက်နို့စိမ်းတို့သင့်ရုံ ယိုးဒယားထန်းညက်တို့ထည့်ပြီး နာနာလေးနယ် အလုံပိတ်ပြီး အနည်းဆုံး1နာရီလောက် အအေးခန်းမှာဖြစ်စေ အပြင်မှာဖြစ်စေနှပ်ထားပါ ပြီမှ ကင်တော့မယ်ဆိုရင် အသား‌တွေကို စဉ်းနှီးတုန်းပေါ်မှာ ဓါးနဲ့ဖိရိုက်ပေးပြီး တုတ်နဲ့ထိုးပြီးကင်ပါ ကင်ချိန် မကြာခဏလှည့်ပေးပြီး ဝက်သားနှပ်တဲ့အရည်ကျန်လေးကို သုပ်ပေးပါ ရပါပြီရှင်

#Credit