Home မုန့်လုပ်နည်း အုန်းနို့ပြောင်းဖူး ကောက်ညှင်းပေါင်း

အုန်းနို့ပြောင်းဖူး ကောက်ညှင်းပေါင်း

3

ကောက်ညှင်းပေါင်းတွင် ပါဝင်ပစ္စည်းများ

ကောက်ညှင်း – ဆန်ချိန်ခွက် ၂ခွက်
ပြောင်းဖူး – ၁ဖူး (တဝက်ကျက်အောင် ပြုတ်ပြီ အစေ့ခြွေထားပေးပါ)
အုန်းနို့ခရင်မ် – စားပွဲတင်ဇွးန် ၅ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
————————————
တွဲစားရန် ပါဝင်ပစ္စည်းများ

ပဲတီစိမ်း – ၁၅၀ ဂရမ်
ကြက်သွန်နီကြော် – စားပွဲတင်ဇွန်း ၅ဇွန်း
————————————

ပြုလုပ်နည်း

၁။ အရင်ဆုံး ကောက်ညှင်းကို ရေမြုပ်ထည့်အောင် အနည်းဆုံး ၃နာရီစိမ်(သို့) တညသိပ်ပေးထားပါ။

၂။ ထို့နည်းတူ ပဲတီစိမ်းကိုလည်း ရေမြုပ်အောင် စိမ်ပြီ အနည်းဆုံး ၃နာရီ(သို့) တညသိပ် စိမ်ထားပါ။

၃။ စိမ်ပြီသွားလျှ်င် ပဲတီစိမ်းကို နူသည်အထိ မိနစ်၂၀ခန့် တည်ထားပေးပါ။

၄။ ထို့နောက် ပဲတီစိမ်း၊ အခွံဖယ် ရေစစ်ပြီ ဆုံအောင်ဖြင့် ညက်အောင် ထောင်းထားပေးပြီ အလုံးပြုလုပ်ထားပါ။

၅။ ပြီလျှင် ပန်းကန်လုံးထဲ ကောက်ညှင်း(ရေစစ်ပြီ)၊ ပြောင်းဖူး၊ သကြား၊ အုန်းနို့၊ ဆားတို့ကို ရောနုယ်ပေးထားပါ။

၆။ ပြီနောက် ပေါင်းအိုးထဲ ထည့်ပြီ ကောက်ညှင်းကျက်သည်အထိ နာရီဝက်ခန့် တည်ထားပေးပါ။

ရ။ အုန်းနို့ ပြောင်းဖူး ကောက်ညှင်းပေါင်း ရပြီဆိုလျှင် အပေါ်မှ ပဲ၊ ကြက်သွန်ကြော်များ ဖြူးပြီ အရသာရှိစွာ တွဲဖက် သုံးဆောင်နိုင်ပါပြီ…

Credit :