Home COOKING ငါးသလောက်ပေါင်းနည်း

ငါးသလောက်ပေါင်းနည်း

8

ပါဝင်ပစ္စည်း
******

ငါးသလောက် -၆၀၀ဂရမ် (၄၀ကျပ်သားခန့်)
ကြက်သွန်နီ – ၅ လုံး
ကြက်သွန်ဖြူ – ဆယ်မြောင်း
ဂျင်း – တတက်
နနွင်း – လ္ဘက်ဇွန်း တစ်ဇွန်း
ဆား – လိုသလောက်
ဟင်းခပ်မှုန့် – တစ်ဇွန်း
ရှာလကာရည် – ရေနွေးပန်းကန်တလုံး
ငရုပ်သီးခြောက် – ဆယ်တောင့်
ဆီ – လိုသလောက်
ပြင်ဆင်ပြုလုပ်နည်း
**********
1.ငါးသလောက်ကိုရေဆေးသန့်စင်ပြီးလိုသလိုလှီးဖြတ်ကာ၊ဆား၊ဟင်းခပ်မှုန့်၊နနွင်း၊ရှာလကာရည် ၊ဂျင်းထောင်းတဝက်၊ကြက်သွန်ဖြူ ငါးမြောင်း၊ကြက်သွန်နီ ၃လုံးခြမ်းပြီးထည့်ပြီးနှယ်ထားပါ။
2.အရသာနယ်ပြီးပါကထမင်းပေါင်းအိုးထဲထည့်ကာရေဖုံးအာင်ထည့်ပြီးတည်ထားပါ။
3.ရေခမ်းပါကအရိုးနူးမနူးကြည့်ပါ။မနူးသေးပါကရေထပ်ဖြည့်ပြီးတည်ထားပါ။
4.ရေခမ်းခါနည်းအရိုးနူးပြီဆိုပါကကျန်လက်ကျန်ကြက်သွန်နှစ်လုံးကိုပါးပါးစိတ်၊ကြက်သွန်ဖြူ၅မြောင်းကိုထောင်းထားပါ။ငရုပ်သီးခြောက်ကိုရေစိမ်ပြီးထောင်းထားပါ။
5.အားလုံးအဆင်သင့်ပါကဒယ်အိုးတွင်ဆီထည့်ပြီးကြက်သွန်နီကြက်သွန်ဖြူဂျင်းလက်ကျန်တဝက်နှင့်ငရုပ်သီးထောင်းထားသည်တို့ကိုဆီသပ်ပြီးဆားနှင့်ဟင်းခပ်မှုန့်အနည်းငယ်ထည့်ပါ။6.ပြီးလျှင်ငါးသလောက်ပေါင်းအိုးထည်းသို့ရောထည့်ပါ။ဆီပြန်သည်ထိတည်ပေးပြီးအရသာအပေါ့အ ငန်မြည်းကာတည်ခင်းသုံးဆောင်နိုင်ပါပြီ။
7.ငါးသလောက်ပေါင်းကိုတချို့လည်းစပါးလင်ခင်း၊ကြံခင်းပြီးပေါင်းကြပါတယ်။နှစ်သက်ရာနည်းဖြင့်ပေါင်းနိုင်ပါတယ်။
Photo credit