Home မုန့်လုပ်နည်း ကိုရီးယားငါးအသားပြား

ကိုရီးယားငါးအသားပြား

2

ကိုရီးယားငါးအသားပြား FISH CAKE

ပါဝင်သောပစ္စည်းများ >>>

၁ – ပုဇွန်

၂ – ငါးဖယ်

၃ – ပြည်ကြီးငါး

၄ – ဂျင်း

၅ – ကြက်သွန်ဖြူ

၆ – ကြက်သွန်နီ

၇ – ဆီမွှေး

၈ – ငြုပ်ကောင်းမှုန့်

၉ – အရသာမှုန့်

၁၀ – ဆား

၁၁ – ယိုးဒယားငံပြာရည်အနည်းငယ်

၁၂ – ကွကျဥ

၁၃ – ဂျုံ

၁၄ – ပြောင်းကော်မှုန့်

၁၅ – ရေ

၁၆ – ငါးနီတူ

၁၇ – မုန်လာဥ

၁၈ – ပလပ်စတစ်

၁၉ – ဖက်အနည်းငယ်

၂၀ – တုတ်ချောင်း

ပြင်ဆင်ချိန် >>> ( ၆၀ ) မိနစ်

ချက်ပြုတ်ချိန် >>> ( ၆၀ ) မိနစ်

အရင်ဆုံး ပုဇွန်တစ်ဆယ်သား
ကြက်သွန်နီဥ တစ်လုံးနူတ်နူတ်စင်း
ကြက်သွန်ဖြူခြောက်မွှာကိုအရင်ကြိတ်ပါမယ်
ပြည်ကြီးငါး ငါးကျပ်သား ခန့်ပါထည့်ကြိတ်ရပါမယ်
သတိပြုရမှာက ချင်း ထည့်မကြိတ်ပါဘူးနော်

ကြိတ်ပီးရင် လတ်ဆတ်သော ငါးဖယ်ခြစ် ၁၅ကျပ်သား
ကိုဆက်ထည့်ပါ။

အရသာထည့်ပါမယ်
အသားမူန့် သကြား ငရုတ်ကောင်းမူန် teaဇွန်းတစ်ဇွန်း စီ
ဆီမွှေး အနည်းငယ်
ယိုးဒယား ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း
ဆားအနည်းငယ် ကြက်ဥအကာ တစ်လုံးထည့်ပါ။

အရသာသမပြီဆိုရင်..ပြောင်းကော်မူန့် နဲ့ဂျူံမူန့်ထည့်ပါမယ်ပြောင်းကော်မူန့် နဲ့ဂျူံမူန့် ထမင်းစားဇွန်း သုံးဇွန်းစီရေအကြမ်းပန်းကန်လုံးတစ်လုံးစာခန့်ထည့်ပါ

ငါးအူချောင်း ပုံသွင်းရန်အတွက် မီးဖိုချောင် သုံးပလတ်စတစ်ကို ပုံပါအတိုင်း. အပြား
ကြီးကြီးဖြန့်ပါ.ပြီးရင်စုတ်တံဖြင့်ဆီလိုက်ဆွတ်ပေးပါ။

အဲဒီ ပလပ်စတစ်ပေါ်ကို ငါးအသားကို ဇွန်လေးဖြင့် ဖြန့်ခင်းပြီး ညီနေအောင်ဖိပြားလိုက်ပါ ။ ငါးအသားပြးပေါ် ပလတ်စတစ်ပန်ထပ်ပြီး ပါးပါးပြားပြားဖြစ်အောင် လှိမ့်ပြီးဖြန့်ပါ ။

ငါးအသားလွှာများရလျင် ပေါင်းအိုးနဲ့ပေါင်းပါ ။ ပေါင်းတဲ့အခါ အောက်က ဖက် သို့မဟုတ် အလူမီနီယမ်ပြားခံပြီး ပေါင်းပါ ။ ပြီးလျင်တော့ တုတ်းထိုးရန် ပုံသွင်းလှီးဖြတ်ပြီး ငါးနီတူနဲ့ အုန်လာဥ ပြုတ် ဟင်းချိုရည်ဖြင့်လည်းကောင်း ကြိုက်နှစ်သက်ရာ ဆော့ အမျိုးမျိုးဖြင့်လည်းကောင်း တွဲဖက်သုံးဆောင်နိုင်ပါပြီ ။

#credit